The Devil’s Bath (2025) ၁၇ ရာစု ၁၈ ရာစုကာလတွေမှာ စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း အစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ နတ်ဆိုးရဲ့လွှမ်းမိုးမှု အဖြစ်ယူဆကြပြီး မိမိကိုယ်ကိုသတ်သေခြင်းဟာအပြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ထာ၀ရအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတဲ့ အစွဲရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေလိုသူတွေက လူသတ်မှုကိုတမင်ကျူးလွန်ပြီးနောက် တရားရုံးမှာပြစ်ဒဏ်စီရင်ခံပြီး ကွပ်မျက်ခံလေ့ရှိကြပါတယ်။ ဒီလုပ်ရပ်ကိုလုပ်တဲ့သူတွေက များသောအားဖြင့် အမျိုးသမီးတွေဖြစ်လေ့ရှိပြီး သူတို့သားကောင်တွေကလည်း ကလေးငယ်တွေသာ အဖြစ်များပါတယ်။ ဒီဇာတ်လမ်းကိုလည်း အဲ့ဒီလိုဖြစ်ရပ်တစ်ခုနဲ့စပြီးဖွင့်လှစ်ထားတာပါ။ ဟော်ရာကားဆိုပေမယ့် တစ္ဆေသရဲတွေ၊ မကောင်းဆိုးဝါးတွေမပါပဲနဲ့လူသားတွေရဲ့အစွန်းရောက်ယုံကြည်ချက်တွေ၊အယူအဆမှားတွေ၊ လှုမှုပတ်ဝန်းကျင်ရဲ့တလွဲစံနှုန်းနဲ့ဖိအားပေးမှုတွေကိုသာ ဗီလိန်အဖြစ်ကောင်းကောင်းကြီး ပုံဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာလင်ရုပ်ရှင်ပွဲတော်အပါအဝင် ဆုပေးပွဲအတော်များများမှာ အဓိကဆုကြီးတွေရရှိခဲ့ပြီး ၂၀၂၅ အော်စကာမှာလည်း Best International Feature Film အတွက် ဩစတြီးယားနိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရတဲ့ အနုပညာလက်ရာမြောက်ကားကောင်းတစ်ကားပါ။
Chaperone (2025) မီရှာက အသက် ၂၉ အရွယ်အထိထင်ရာကိုတစ်ဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကြောင့် မိသားစုနဲ့သူငယ်ချင်းတွေကြားမှာ အပယ်ခံလိုဖြစ်နေပါတယ်။ အလုပ်မှာ ရာထူးတိုးပေးတာကိုလည်းလက်မခံ၊ ကျောင်းဆက်တက်ဖို့ကိုလည်းဘယ်သူမှနားဝင်အောင်ပြောလို့မရတဲ့သူဟာ သူ့ကိုအမှန်တိုင်းဝေဖန်ရင်လည်းမကြိုက်ပြန်ပါဘူး။ အဲ့ဒီလိုအခြေအနေမှာမှဂျိတ်ခ်ဆိုတဲ့ ၁၈ နှစ်အရွယ်ကျောင်းသားလေးတစ်ဦးက သူ့ကိုရွယ်တူကျောင်းသားချင်းလို့ထင်ပြီး အသည်းအသန်လိုက်ပိုးပန်းချိန်မှာ သူ့ဘက်ကလည်းရှင်းပြဖို့မကြိုးစားပဲ ချော်လဲရောထိုင်ရင်း အလိမ်အညာထဲမှာပျော်မွေ့မိသွားပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ မီရှာ့ဘ၀ကို ကောင်းတဲ့ဘက်ကိုဦးတည်ပြောင်းလဲစေမလား? ဒါမှမဟုတ် ပိုပြီးနက်ရှိုင်းတဲ့ချောက်နက်နက်ထဲဆွဲချသလိုဖြစ်မှာလား? ဒီဇာတ်ကားဟာ မီရှာရဲ့ မိမိကိုယ်ကိုပြန်လည်ရှာဖွေမှုခရီးစဉ်ကိုရှုစားရမယ့် ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။
Sree Ayyappan (2026) ဓမ္မနှင့် အဓမ္မတိုက်ပွဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာစတင်ရုံတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ လူကြိုက်များနေဆဲဖြစ်တဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဒီဇာတ်ကားဟာ အက်ရှင် (Action) ဒရာမာ (Drama) နဲ့ ဘာသာရေးယုံကြည်မှု (Devotional) တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ Devotional Thriller အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယသားတွေ ဗြိတိသျှရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ခေတ်ကာလ ကတည်းက ဆာဘရီမာလာမှာရှိတဲ့ အာယပ်ပါဘုရားကျောင်းထဲမှာ အဖိုးမဖြတ်နိုင်တဲ့ရတနာရှိမှန်းသတင်းကြားသွားခဲ့ပါတယ်။ ဗြိတိသျှတွေဟာ အဲဒီရတနာတွေကိုသိမ်းယူဖို့ ဘုရင်ခံချုပ်က စစ်တပ်ကိုစေလွှတ်လိုက်ပါတယ်။ ရတနာတွေကိုယူဖို့ကြိုးစားနေတဲ့ ဗြိတိသျှစစ်တပ်ဟာ သူတို့ဘုရားကျောင်းကိုကာကွယ်စောင့်ရှောက်နေတဲ့ မျိုးနွယ်စုတွေရဲ့ကာကွယ်မှုကြောင့်ဆုတ်ခွာခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဒီနေ့ခေတ်ကိုရောက်ရှိလာခဲ့ပြီး အကြမ်းဖက်သမားတစ်စုကအာယပ်ပါ ဘုရားကျောင်းကိုဗုံးခွဲတိုက်ခိုက်ဖို့ ဘုရားဖူးဧည့်သည်တွေ စုဝေးနေချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖန်တီးဖို့ သူတို့ ကြံစည်နေကြပါတယ်။ အချိန်က…
Block Pass (2025) ဝီလီနဲ့ဂျိုဂျိုတို့ဟာ ငယ်စဉ်ကတည်းက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး အမြဲတမ်းတစ်ယောက်အတွက်တစ်ယောက်ရှိနေပေးခဲ့တဲ့သူတွေ၊ တစ်ချိန်ကျရင် ဒီနယ်မြို့လေးကိုစွန့်ခွာထွက်သွားဖို့ရည်မှန်းချက်ရှိကြတဲ့လူငယ်နှစ်ဦးပါ။ အခုချိန်မှာတော့ သားဖြစ်သူကိုချန်ပီယံဖြစ်စေချင်လွန်းတဲ့ ဖခင်ကြောင့် ဂျိုဂျိုဟာအသေအလဲလေ့ကျင့်နေရပါတယ်။ အဲ့ဒီလို အပြင်းအထန်လေ့ကျင့်ရေးတွေ၊ ကျောင်းစာတွေကိုယ်စီမိသားစုကြားကပြဿနာတွေကြားကနေ ဂျိုဂျိုရဲ့လျှို့ဝှက်ချက်တစ်ခုကို ဝီလီသိရှိသွားချိန်မှာ သူတို့သူငယ်ချင်းနှစ်ယောက်ဘ၀တင်သာမကမိသားစုတွေကြားထိ ဂယက်အကြီးကြီးရိုက်ဖို့ဖြစ်လာပါတော့တယ်။ Block Pass ဟာ လှလှပပတင်ဆက်ထားတဲ့ drama/coming of age ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပြီး rating တွေလည်းကိုယ်တိုင်ခံစားစီးမျောကြည့်တာအကောင်းဆုံးပါပဲ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)
Delivery Boy Pizza On Time (2026) ပီဇာတစ်ချပ် ကဲ သည်းထိပ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှကြည့်ချင်တဲ့လူတွေအတွက် အသည်းတယားယားနဲ့ စိတ်လှုပ်ရှား ခံစားရမဲ့ကားမျိုးကို တင်ဆက်ပေးထားပါတယ် ပီဇာတစ်ခုအရင်းပြုပြီး နောက်ဆက်တွဲ ဘယ်လိုသည်းထိပ်ရင်ဖိုတွေ ကြုံတွေ့လာရမလဲ။ ဒေ့ဗ်တို့ လင်မယားက ချစ်လို့ယူထားကြသူတွေ မဟုတ်တော့ အိမ်ထောင်ရေးမှာလည်း မသာယာကြဘူးပေါ့။ မိန်းမကလည်း သူ့တွဲဖက်နဲ့သူ ဒေ့ဗ့်ကလည်း ဒီလိုနေထိုင်ရတာကို ပျင်းနေတော့ dating app တစ်ခုကနေ အပျင်းပြေ စကားပြောဖော်ရှာခဲ့တယ်။ ဒီကနေ ကောင်မလေးတစ်ယောက်နဲ့သိကျွမ်းပြီး ဘဝက ပျော်ဖို့ကောင်းလာခဲ့တယ်ပေါ့။ ဒီလိုနဲ့ သူတို့ vc ပြောနေကြတုန်း ကောင်မလေးဆီကို ဒလီသမားတစ်ယောက်က ပီဇာလာပို့ခဲ့တယ်။ vc ကနေတစ်ဆင့် ကောင်မလေးဘက်ကို မြင်နေရတဲ့ ဒေ့ဗ်တစ်ယောက် ဘယ်လိုသည်းထိပ်ရင်ဖိုတွေ တွေ့ရမလဲဆိုတာ ဒီကအစပေါ့ဗျာ ကဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။