Category: Movies

  • Meteor: Final Impact

    Meteor: Final Impact

    Meteor: Final Impact (2025) ကမ္ဘာကြီးရဲ့ သဘာဝဂေဟာစနစ်ပျက်စီးသွားတဲ့အချိန်မှာ ရာသီဥတုဖောက်ပြန်မှုဖြစ်လာပြီး ကပ်ဆိုးတွေတစ်ခုပြီးတစ်ခုကျရောက်လာပါတယ်။ လေထုညစ်ညမ်းမှုပြင်းထန်လာပြီး စီးပွားကပ်ဆိုက်နေတဲ့အချိန်မှာ လူတွေအတွက် စားနှပ်ရိက္ခာမလုံလောက်မှုဖြစ်လာပြီး တစ်ယောက်စီကနေတစ်ယောက် ပြန်ပြီး ခိုးယူလုယက်ရတဲ့အထိ အစာခေါင်းပါးမှုများဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်ကို ဦးတည်လာတဲ့ ကမ္ဘာ့ပျက်ကပ်ကိုဖြစ်စေနိုင်တဲ့ ဥက္ကာခဲတစ်ခုကျလာဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ထားတာရှိပါတယ်။ ဂျေဆန်နဲ့ သူ့အမျိုးသမီးဟာ အနောက်မြောက်ပစိဖိတ် ပတ်ဝန်းကျင်မှာနေတဲ့ လင်မယားနှစ်ယောက်ပါ။ ဥက္ကာခဲပျံကျလာမယ်လို့ သတင်းထွက်ပြီးနောက်ပိုင်းမှာ ပျက်စီးယိုယွင်းနေတဲ့ နေထိုင်ရာပတ်ဝန်းကျင်ကနေ သဘာဝဘေးအန္တရာယ်ကနေ လွတ်ဖို့အတွက် မြေအောက်ခိုလုံစခန်းတစ်ခုကို ထွက်ပြေးတိမ်းရှောင်ကြပုံကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်ဆန်ဆန်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

  • Theeyavar Kulaigal Nadunga

    Theeyavar Kulaigal Nadunga

    Theeyavar Kulaigal Nadunga (2025) “ပြုသည့်ကံ” လျှို့ဝှက်ဆန်းကြယ်တဲ့ လှည့်ကွက်၊ ပဟေဠိများစွာနဲ့ အသစ်ထွက်ရှိလာတဲ့ တမီးလ် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ညသန်းခေါင်ကြီးမှာ အိပ်မပျော်တဲ့အတွက် ကားလျှောက်မောင်းနေခဲ့တဲ့ စာရေးဆရာကြီးဂျီဘာ လမ်းပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ စာရေးဆရာရဲ့သေဆုံးမှုက မတော်တဆလား လူသတ်မှုလားဆိုတာ ဒွိဟဖြစ်စရာ ဖြစ်နေခဲ့တာပေါ့။ ထူးဆန်းတဲ့ အမှုဖြေရှင်းပုံဖြေရှင်းနည်းတွေကြောင့် နာမည်ကြီးတဲ့ အရာရှိမာဂူဒါပတ်သီကဒီအမှုကို စုံစမ်းဖော်ထုတ်တဲ့အခါ။ စာရေးဆရာနေထိုင်သွားတဲ့ အဆောက်အဦက တိုက်ခန်းပိုင်ရှင်တွေရဲ့ ကိုယ်စီလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာတဲ့အခါမှာတော့…။

  • A Paw Patrol Christmas

    A Paw Patrol Christmas

    A Paw Patrol Christmas (2025) Cartoon ချစ်သူတွေအားလုံးသိကြတဲ့ Paw Patrol ကာတွန်းရုပ်သံဇာတ်လမ်းတွဲရဲ့ နောက်ထပ်ရုပ်ရှင်တစ်ခုထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်အတိုင်း ခရစ္စမတ်ပွဲကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ္စမတ်ရာသီကိုရောက်လာတဲ့အချိန်မှာ Paw Patrol အဖွဲ့တို့ နေထိုင်ရာမြို့လေးမှာ ခရစ္စမတ်သစ်ပင်အလှဆင်ပွဲလုပ်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်ဂွတ်ဝေးကလည်း သူ့ရဲ့မြို့လေးကိုအလှဆုံးဖြစ်အောင်ဆိုပြီး မြို့တော်ခန်းမရှေ့ရင်ပြင်မှာရှိတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ဖို့လုပ်နေတာပါ။ ဒါပေမဲ့ သစ်ပင်ရဲ့ထိပ်မှာကြယ်ပွင့်ဟာ အရမ်းကြီးတာမလို့ Paw Patrol အဖွဲ့ရဲ့အကူအညီကိုလိုနေပါတယ်။ ဒီလိုနဲ့ပဲ Paw Patrol အဖွဲ့အတွက် အားလပ်ရက် ခရစ္စမတ်တာဝန်ကြီးတစ်ခု ရောက်ရှိလို့လာခဲ့ပါပြီ။

  • Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw (2025) ဒီဇာတ်ကားလေးကတော့ ဒီဇင်ဘာလ (၅) ရက်နေ့ကမှ ထွက်ထားတဲ့ Animation/Comedy ကားသစ်လေးပါ။ ဒီဇာတ်ကားမှာတော့ Greg တစ်ယောက် သူ့အဖေရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတာကို တွေ့ရမှာပါ။ Greg ရဲ့အဖေ Frank ဟာ သူ့သားရဲ့ အနေအထိုင် အပြုအမူတွေကို ကြည့်ပြီး လုံးဝ ဘဝင်မကျ ဖြစ်နေပါတယ်။ သူ့သားကို ပျော့ညံ့လွန်းတယ်၊ ယောကျာ်းမပီသဘူးလို့ မြင်နေပြီး ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် Greg ကို သတိပေးချက်တစ်ခု ထုတ်လိုက်ပါတော့တယ်။ အဲဒါကတော့ Greg အနေနဲ့ အခုထက်ပိုပြီး ရင့်ကျက်မလာဘူး၊ သတ္တိမရှိလာဘူးဆိုရင် သူ့ကို…

  • Lake Jesup: Bonecrusher’s Revenge

    Lake Jesup: Bonecrusher’s Revenge

    Lake Jesup: Bonecrusher’s Revenge (2025) အခုတခါ ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်ကားမျိူးကိုမှ ဟာသလေးနှော‌ပြီး ရိုက်ထားတဲ့ adventure comedy ကားမျိူးလေးပါ။ ဒီကားမှာဆိုရင် ဘဝမှာအရာရာကို ဆုံးရူံးလိုက်ရသလိုကို ဖြစ်နေတဲ့ Bugga Coggins နဲ့ သူအရင်ကထိန်းကျောင်းခဲ့ရတဲ့ အန္တရာယ်အများဆုံးမိကျောင်းနဲ့ ကြားက တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ဂျေးဆပ်မြို့မှာ မိကျောင်းအန္တရာယ်ကြောင့် လူတွေသေဆုံးနေကြတာကို မြင်ရမှာပါ။ ထိုအချိန် မြို့တော်ဝန်ကလည်း Bugga Coggins နဲ့ အပေးအယူလုပ်ပါတော့တယ်။ တဖက်မှာလည်း တာဝန်ရှိသူတယောက်ဖြစ်တဲ့ Angus Sullivan ဟာ ဒီကိစ္စကို မျက်ကွယ်ပြုနေပြန်ပါတယ်။ အဲ့ဒီတော့ အဓိက‌ဇာတ်ကောင်ဖြစ်တဲ့ Bubba Coggins ဟာ Bonecrusher ဆိုတဲ့ကောင်နဲ့ ဘယ်လို ရင်ဆိုင်သွားမလဲ သူဘာတွေစတေးရမလဲ နောက်ဆုံးမှာ…