A Paw Patrol Christmas

A Paw Patrol Christmas

A Paw Patrol Christmas (2025)

Cartoon ချစ်သူတွေအားလုံးသိကြတဲ့ Paw Patrol ကာတွန်းရုပ်သံဇာတ်လမ်းတွဲရဲ့ နောက်ထပ်ရုပ်ရှင်တစ်ခုထွက်ရှိလို့လာပါပြီ။

ဒီတစ်ခါမှာတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်အတိုင်း ခရစ္စမတ်ပွဲကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ခရစ္စမတ်ရာသီကိုရောက်လာတဲ့အချိန်မှာ Paw Patrol အဖွဲ့တို့ နေထိုင်ရာမြို့လေးမှာ ခရစ္စမတ်သစ်ပင်အလှဆင်ပွဲလုပ်ဖို့ဖြစ်လာပါတယ်။

မြို့တော်ဝန်ဂွတ်ဝေးကလည်း သူ့ရဲ့မြို့လေးကိုအလှဆုံးဖြစ်အောင်ဆိုပြီး မြို့တော်ခန်းမရှေ့ရင်ပြင်မှာရှိတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ဖို့လုပ်နေတာပါ။

ဒါပေမဲ့ သစ်ပင်ရဲ့ထိပ်မှာကြယ်ပွင့်ဟာ အရမ်းကြီးတာမလို့ Paw Patrol အဖွဲ့ရဲ့အကူအညီကိုလိုနေပါတယ်။

ဒီလိုနဲ့ပဲ Paw Patrol အဖွဲ့အတွက် အားလပ်ရက် ခရစ္စမတ်တာဝန်ကြီးတစ်ခု ရောက်ရှိလို့လာခဲ့ပါပြီ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *