Category: Movies

  • Saali Mihabbat

    Saali Mihabbat

    Saali Mihabbat (2024) ဝင်္ကပါ သာမန်ကြည့်ရင်တော့ ရိုးရှင်းတဲ့ အိမ်ထောင်ရှင်မဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတယ်ပေါ့။ ဒါပေမဲ့ လိမ်လည်မှုတွေ သစ္စာဖောက်မှုတွေနဲ့ လုံးဝထင်မထားလောက်တဲ့ ဇာတ်အလှည့်ပြောင်းတွေက ပေါ်ပေါ်လာမှာပါ။ မင်းသမီးချောလေး ရာဒီကာကလည်း ဩချလောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တို့ရဲ့ စိတ်အာရုံကို ဖမ်းစားထားမှာ အမှန်ပါပဲ။ ဖခင်မရှိတော့တည်းက ချန်ရစ်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေနဲ့စားသောက်ရင်း ‌ဆမီတာတို့လင်မယားတွေ ခရီးဆက်ခဲ့ကြတယ်။ ပစ္စည်းတွေကုန်သလောက်ဖြစ်တော့ အဖေချန်ခဲ့တဲ့ အိမ်ကြီးကို ပိုက်ဆံဖြုန်းဖို့ပဲသိတဲ့ ယောကျာ်းလုပ်သူက မျက်စိကျနေခဲ့တာပေါ့။ ချေးငွေသမားတွေဆီ အကြွေးပိနေပြီး အိမ်ရောင်းအောင် မိန်းမကို တိုက်တွန်းနေချိန်မှာ သူတို့ဘဝထဲ ရှာလူဆိုတဲ့ တတိယလူ ဝင်လာခဲ့တယ်။ ရှာလူက တခြားတော့မဟုတ်ဘူး ဆမီတာ့နဲ့ ညီအစ်မတော်တဲ့ အမျိုးပါပဲ။ ဒါပေမဲ့ ဆမီတာမသိလိုက်တာက ရှာလူနဲ့ ယောကျာ်းဖြစ်သူတို့က အရင်တည်းက သိကျွမ်းနေခဲ့ကြပြီး လူမသိတဲ့ ဇာတ်လမ်းတွေပါ ရှိခဲ့တာပါပဲ။…

  • October Rhapsody

    October Rhapsody

    October Rhapsody (2025) ဒါကတော့ ကိုရီးယားဇာတ်လမ်းဖြစ်တဲ့ “More Than Blue” ကို remake ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ K နဲ့ Cream က အထက်တန်းကျောင်းကတည်းက အတူတူ သူငယ်ချင်းတွေဖြစ်ပြီး ချစ်ခဲ့ကြတဲ့ မိဘမဲ့နှစ်ယောက်ဖြစ်ကြတယ်။ ဒါပေမဲ့ K က သူ့မှာ ကင်ဆာရောဂါရှိတာကို သိလိုက်ရတဲ့နောက်မှာတော့ အဲဒါကိုလျှို့ဝှက်ထားခဲ့ပါတယ်။ နောက်ပြီး သူမသေခင် Cream ကို သူ့အစား စောင့်ရှောက်ပေးမယ့်လူရှိအောင် K က သူချစ်ရတဲ့ Cream အတွက် ချစ်သူတစ်ယောက်ရှာပေးပါတော့တယ်။

  • Kaantha

    Kaantha

    Kaantha(2025) အချစ်ရဆုံးသူ ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးLucky Baskhar လိုမျိုး နာမည်ကျော်ကားတွေနဲ့ အားလုံးရဲ့အသည်းစွဲ မင်းသားချောလေး Dulquer Salmaan ရဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ​1950ခုနှစ် မဒရပ်စ်(Madras)ရုပ်ရှင်လောကမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို အခြေခံထားပြီး ဒါရိုက်တာ အိုင်ယာနဲ့သူ့ရဲ့တပည့်အရင်းဖြစ်သူ King of acting လို့တောင်တင်စားရတဲ့ မင်းသား တီကေမဟာဒေဗန်တို့ရဲ့ ကြားကရှုပ်ထွေးတဲ့ဆက်ဆံရေး… ဒါရိုက်တာ အိုင်ယာရဲ့ဖြစ်ရပ်မှန်အခြေခံရိုက်ကူးတဲ့ ရုပ်ရှင်ကို တပည့်ဖြစ်သူတီကေမဟာဒေဗန်က Shaantha မှ Kaantha သို့ပြောင်းလဲရန် ကြိုးစားရာမှ အတ္တ မနာလိုမှုနှင့်သစ္စာဖောက်မှုများပေါ်ပေါက်လာပြီး ရိုက်ကွင်းပေါ်မှာလူသတ်မှုဖြစ်ရာမှစုံစမ်းစစ်ဆေးရေးမှူးက ၎င်းအမှုကို လျှို့ဝှက်စုံစမ်း‌ဖော်ထုတ်ရတဲ့ ရာဇဝတ်မှုစုံထောက်ဇာတ်လမ်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

  • Wake Up Dead Man: A Knives Out Mystery

    Wake Up Dead Man: A Knives Out Mystery

    Wake Up Dead Man: A Knives Out Mystery (2025) ဒီရုပ်ရှင်ကတော့ ပရိသတ်တွေ အားပေးကြတဲ့ Knives Out စီးရီးရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး နာမည်ကျော် စုံထောက်ကြီး Benoit Blanc (ဘီနွိုက် ဘလန့်ခ်) အဖြစ် Daniel Craig ကပဲ ပြန်လည်ဦးဆောင် ပါဝင်ထားပါတယ်…. ဇာတ်လမ်းအကျဉ်း ဒီတစ်ခါ ဇာတ်လမ်းကတော့ နယူးယောက်မြို့ မြောက်ပိုင်းက ဝေးလံတဲ့ ဒေသတစ်ခုမှာရှိတဲ့ ကက်သလစ် ဘုရားကျောင်းတစ်ခုကို နောက်ခံထားပါတယ်။ ဇာတ်လမ်းအစမှာ ဖာသာ ဂျဒ်လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ပြဿနာတစ်ခုကြောင့် ဒီနယ်က ဘုရားကျောင်းကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ အဲဒီဘုရားကျောင်းကို အုပ်ချုပ်နေတာကတော့ သြဇာအာဏာကြီးပြီး ဒေါသကြီးတဲ့ မွန်ဆီညော် ဝစ်ခ်စ် ဖြစ်ပါတယ်။ တစ်ရက်မှာတော့……

  • Look Away

    Look Away

    Look Away (2018) မာရီယာဟာ ပြည့်စုံချမ်းသာတဲ့ မိဘတွေဆီကနေမွေးဖွားလာပေမယ့် လူတောမတိုးရဲသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုတွေပျောက်ဆုံးနေပြီး၊ မိဘတွေနဲ့ရော ကျောင်းမှာပါ ဆက်ဆံရေးအဆင်မပြေတဲ့အထက်တန်းကျောင်းသူတစ်ဦးပါ။ တစ်နေ့တော့ အမြွှာနှစ်ဦးပုံနဲ့ ဆိုနိုဂရမ်တစ်ချပ်ကိုရှာတွေ့ခဲ့ပြီး သူတစ်ယောက်တည်းရေချိုးခန်းထဲမှာရှိနေချိန်မှာ မှန်ထဲက သူ့ပုံရိပ်ကသူ့ဟာသူလှုပ်ရှားလာပြီး သူနဲ့စကားပြောပါတော့တယ်။ အဲ့ဒီပုံရိပ်က သူ့ရဲ့ငယ်ဘ၀ဖြစ်စဉ်တွေ စိတ်ဒဏ်ရာတွေအားလုံးကိုသိထားရုံမကလက်ရှိကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ဖြစ်စဉ်တွေကိုပါ သိနေပြီး သူ့ကိုအပြင်ရောက်အောင်လုပ်ပေးနိုင်ရင် ဒါတွေအားလုံးကိုဖြေရှင်းပေးမယ့်အကြောင်းသူ့ကိုပြောလာပါတယ်။ ဒီလိုနဲ့သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားချိန်မှာတော့ မာရီယာတစ်ယောက် မှန်ထဲက သူ့နောက်တစ်ကိုယ်ကိုအပြင်ထွက်ခွင့်ပေးလိုက်မိပါတော့တယ်။ ဒါပေမယ့် သူမသိခဲ့တာက အဲ့ဒီလိုအပြင်ထွက်ခွင့်ပေးလိုက်တာဟာ သူနဲ့နေရာချင်းလဲသလိုဖြစ်သွားတဲ့အတွက် သူကတော့ မှန်နောက်ကိုရောက်သွားပြီး သူ့မိသားစု သူ့ပတ်ဝန်းကျင်မှာ ဒီကိုယ်ပွား မွှေသမျှကိုလက်ပိုက်ကြည့်ရတော့မယ့် အခြေအနေပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)