Category: Movies

  • The Killer of Swordsmen

    The Killer of Swordsmen

    The Killer of Swordsmen (2025) သိုင်းရုပ်ရှင်ကား ကောင်းကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ သိုင်းလောကကိုတုန်လှုပ်စေခဲ့တဲ့ “သွေးအေးဓားသမား” ဟန်ယွဲ့ရန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ ထမင်းတစ်နပ်ရဲ့ကျေးဇူးကိုဆပ်ဖို့အတွက် ဖူဟန်မြို့ကို ပြန်လာခဲ့တဲ့အချိန်မှာ ဖူဟန်မြို့ဟာ အာဏာရှင်လူဆိုးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပါတယ်။ ဟန်ယွဲ့ရန်ဟာ သူတို့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ပေမယ့် လူသားတွေရဲ့ အားနည်းမှုနဲ့ ကြောက်ရွံ့မှုတွေက အကြမ်းဖက်မှုထက် ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ထော်လော်နဲ့ သူ့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးက အဆိပ်လူးထားတဲ့ဓားလို သူ့နှလုံးသားကို ထိုးစိုက်နေပြီး ချစ်ခြင်းမေတ္တာနဲ့ သစ္စာဖောက်မှုကြားမှာ သူဟာ စုတ်ပြဲနာကျင်စွာ ရုန်းကန်နေခဲ့ရပါတယ်… အားနည်းတဲ့ ရပ်သူရွာသားတွေက အသက်ရှင်ဖို့အတွက် သူ့ကို သေပေးဖို့ တောင်းဆိုလာတဲ့အခါ…… ကိုယ်နဲ့ စိတ်ချင်းတူ အတွေးတူတယ်လို့ ထင်ထားသူက ကိုယ့်ကို ရန်ငြိုးထားပြီး ကလဲ့စားချေဖို့…

  • Sore: Wife from the Future

    Sore: Wife from the Future

    Sore: Wife from the Future (2025) ဒီအင်ဒိုနီးရှားရုပ်ရှင်ကတော့ နာမည်ကျော် About Timeနဲ့ ခပ်ဆင်ဆင် ရုပ်ရှင်မျိုးလို့ ပြောရမယ်။ အချိန်ခရီးသွားတဲ့ ရုပ်ရှင်ဆိုပေမဲ့ အချိန်ခရီးသွားတာကို ရိုမန့်အတွက်သက်သက် ချစ်သူ၂ယောက်ရဲ့ဆက်ဆံရေးနဲ့ ခံစားချက်ကို တင်ပြဖို့အတွက် သက်သက်သုံးထားရုံပဲ။ ဂျိုနသန်ဆိုတဲ့ ဓာတ်ပုံ ဆရာလေးတစ်ယောက်ရှိတယ်။ သူက ဓာတ်ပုံရိုက်ရတာကို ထမင်းမေ့ဟင်းမေ့ရူးသွပ်တဲ့လူမျိုး။ တစ်နေ့ သူ့ဆီကိုကောင်မလေးတစ်ယောက်ရောက်လာတယ်။ အဲဒီကောင်မလေးက အနာဂတ်ကလာတဲ့ သူ့မိန်းမလို့ သူ့ကိုပြောခဲ့တယ်။ သူကတော့ မယုံခဲ့ဘူး။ ဒါပေမဲ့ ကောင်မလေးက သူ့အကြောင်းတွေအကုန်လုံးကို တကယ်သိနေခဲ့တော့ ယုံရမလိုဖြစ်လာခဲ့တယ်။ ဒီလိုအကြောင်းအရာကို အခြေခံပြီး အချစ်ဆိုတဲ့ ဆက်ဆံရေးတစ်ခုမှာ လုပ်မိတတ်တဲ့အမှားတွေ ရွေးချယ်မှုတွေကို အခါခါပြန်ပြင်ရင်း ဒီဆက်ဆံရေးတစ်ခုအတွက် အဖြေဖြစ်မယ့်အရာကို ရှာဖွေတဲ့ ရုပ်ရှင်ပါပဲ။ ဓာတ်ပုံနဲ့ပတ်သက်တဲ့ အယူအဆတွေကလည်း မဆိုးတာမို့ ကြည့်ကောင်းတဲ့…

  • A Home at the End of the World

    A Home at the End of the World

    A Home at the End of the World (2004) Michael Cunningham ရဲ့ နာမည်ကြီး ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ရသမြောက် Drama ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ Bobby (Colin Farrell) နဲ့ Jonathan (Dallas Roberts) တို့အကြောင်းပါ။ Bobby က မိဘတွေ ဆုံးပါးသွားပြီးနောက် Jonathan တို့အိမ်မှာ လာနေရင်း သူတို့နှစ်ယောက်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်တစ်ခု ဖြစ်တည်လာပါတယ်။ ကြီးပြင်းလာတဲ့အခါမှာတော့ Jonathan နေထိုင်ရာ New York ကို Bobby လိုက်သွားပြီး၊ Jonathan ရဲ့ အခန်းဖော် Clare (Robin Wright) နဲ့ပါ…

  • Sa Gabing Mainit

    Sa Gabing Mainit

    Sa Gabing Mainit (2025) ဖိလစ်ပိုင် အချစ်ကားကို ဘာညာလေးတွေပါမဲ့ကားလေးပါ ဇာတ်လမ်းကတော့ နီကာက အသည်းကွဲလို့ စိတ်ပြေလက်ပျောက် အပန်းဖြေစခန်းတစ်ခုကို သူငယ်ချင်းနှစ်ယောက်နဲ့တူတူ သုံးယောက်သား လာခဲ့ကြပါတယ် ဖြစ်ချင်တော့ အဲဒီညမှာပဲ ရာ့ဖ်ရဲ့မွေးနေ့ဆိုပြီး ယောက်ျားလေးသုံးယောက်ကလည်း မွေးနေ့အတွက် ခရီးထွက်လာကြတယ် ခရီးမှာဆုံကြရင်း မိန်းကလေးကလည်း ယောက်ျားလေးကလည်း သုံးယောက်ဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ မိသားစုနဲ့မဟုတ်ဘဲ တစ်ယောက်တည်းသာ အခန်းတံခါးပိတ်ပြီး ကြည့်ရှုလိုက်ပါ

  • The 4 Exes

    The 4 Exes

    The 4 Exes (2020) ဆာရာ၊ အိုင်ရင် ၊ အမရာနဲ့ရေချယ်တို့ဟာနောက်ခံအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင် ဘာတစ်ခုမှမတူညီတဲ့ မိန်းကလေးလေးဦးဖြစ်‌ပြီး သူတို့အသိအကျွမ်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ရဲ့ဈာပနမှာ အချင်းချင်းတွေ့ဆုံခဲ့ကြပါတယ်။ အခြေအနေတွေက တွန်းပို့တာကြောင့် လေးဦးဆုံ စကားပြောဖြစ်ခဲ့ကြချိန်မှာသိလိုက်ရတာကတော့ သူတို့လေးယောက်လုံးဟာအဲလက်စ်ရဲ့ရည်းစားဟောင်းတွေဖြစ်ကြတယ်ဆိုတာပါပဲ။ ဈာပနမှာဆုံပြီးမကြာခင်မှာပဲ သူတို့လေးဦးဆီကို သေဆုံးသူ အဲလက်စ်ဆီကစာတစ်စောင်ဆီရောက်လာခဲ့ပါတယ်။ စာထဲကအကြောင်းအရာကတော့ အဲလက်စ်ဟာ သူမကြာခင်သေဆုံးရတော့မယ်လို့သံသယရှိနေကြောင်း၊တကယ်လို့သူသေဆုံးခဲ့တယ်ဆိုရင် အဲ့ဒါဟာ သူ့ရည်းစားဟောင်းလေးယောက်ဖြစ်တဲ့ သူတို့ထဲက တစ်ယောက်ရဲ့လက်ချက်ဖြစ်ကြောင်းပြောပြထားတာဖြစ်ပါတယ်။ အဲ့ဒီကစလို့ သူတို့လေးဦးဟာ ကွယ်လွန်သူချန်ထားခဲ့တဲ့ ပဟေဠိတစ်ခုနဲ့တိုင်ပတ်သလိုအသက်အန္တရာယ်ကိုခြိမ်းခြောက်မှုတွေလည်း တွေ့ကြုံလာရပါတော့တယ်။ သူတို့မသိခဲ့တာက ဒီပြဿနာဟာထင်တာထက် နက်ရှိုင်းလွန်းနေတာပါပဲ။ အင်ဒိုကားတွေထဲမှာတွေ့ရခဲပြီး စုန်းကဝေ၊အောက်လမ်းတွေမပါဝင်တဲ့ psychological thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။