Sore: Wife from the Future

Sore: Wife from the Future

Sore: Wife from the Future (2025)

ဒီအင်ဒိုနီးရှားရုပ်ရှင်ကတော့ နာမည်ကျော် About Timeနဲ့ ခပ်ဆင်ဆင် ရုပ်ရှင်မျိုးလို့ ပြောရမယ်။ အချိန်ခရီးသွားတဲ့ ရုပ်ရှင်ဆိုပေမဲ့ အချိန်ခရီးသွားတာကို ရိုမန့်အတွက်သက်သက် ချစ်သူ၂ယောက်ရဲ့ဆက်ဆံရေးနဲ့ ခံစားချက်ကို တင်ပြဖို့အတွက် သက်သက်သုံးထားရုံပဲ။

ဂျိုနသန်ဆိုတဲ့ ဓာတ်ပုံ ဆရာလေးတစ်ယောက်ရှိတယ်။ သူက ဓာတ်ပုံရိုက်ရတာကို ထမင်းမေ့ဟင်းမေ့ရူးသွပ်တဲ့လူမျိုး။ တစ်နေ့ သူ့ဆီကိုကောင်မလေးတစ်ယောက်ရောက်လာတယ်။ အဲဒီကောင်မလေးက အနာဂတ်ကလာတဲ့ သူ့မိန်းမလို့ သူ့ကိုပြောခဲ့တယ်။ သူကတော့ မယုံခဲ့ဘူး။

ဒါပေမဲ့ ကောင်မလေးက သူ့အကြောင်းတွေအကုန်လုံးကို တကယ်သိနေခဲ့တော့ ယုံရမလိုဖြစ်လာခဲ့တယ်။ ဒီလိုအကြောင်းအရာကို အခြေခံပြီး အချစ်ဆိုတဲ့ ဆက်ဆံရေးတစ်ခုမှာ လုပ်မိတတ်တဲ့အမှားတွေ ရွေးချယ်မှုတွေကို အခါခါပြန်ပြင်ရင်း ဒီဆက်ဆံရေးတစ်ခုအတွက် အဖြေဖြစ်မယ့်အရာကို ရှာဖွေတဲ့ ရုပ်ရှင်ပါပဲ။

ဓာတ်ပုံနဲ့ပတ်သက်တဲ့ အယူအဆတွေကလည်း မဆိုးတာမို့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *