Bare Hands

Mani nude… လက်ဗလာတဲ့။

လက်ဗလာနဲ့ သူသေကိုယ်သေတိုက်ပွဲတွေကို ကြည့်ရှုရမယ့် အီတလီအတိုက်အခိုက်ဇာတ်ကြမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

သူဌေးသားလူ့ပေါ်ကြော့ ဒေးဗစ်တစ်ယောက် မွေးနေ့ပါတီကနေ ခဏထွက်အလာပြန်ပေးဆွဲခံလိုက်ရတယ်။

သူသတိရလာတဲ့အချိန်မှာတော့ ထရပ်ကားတစ်စီးရဲ့ ပိန်းပိန်းပိတ်မှောင်နေတဲ့နောက်ခန်းမှာ လူတစ်ယောက်နဲ့အတူ အပိတ်ခံထားရတယ်။

သူ့အသက်ရှင်သန်ဖို့အရေး အသည်းအသန်ရုန်းကန်ရင်း တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့တယ်။

ဒီမှာပဲ သူ့ဘ၀တစ်ဆစ်ချိုး ပြောင်းသွားတော့တာပဲ။

အရင်ဘ၀ဆိုတာ ဘာမှန်းမသိတော့တဲ့ထိအသေအကြေတိုက်ပွဲတွေမှာ ရုန်းကန်နေရင်းနဲ့ သာမန်ဘ၀တစ်ခု ပြန်ရဖို့ ကြိုးစားပုံကိုခံစားကြည့်ရှုကြရမှာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *