Thanal (2025) “မီးခဲ”

ရဲတပ်ဖွဲ့က ဘဏ်ဓားပြတွေသတင်းရပြီး ဝင်စီးရင်း အသေပစ်ခတ်ဖမ်းဆီးလိုက်ရာကနေစတဲ့ တမီလ်အက်ရှင်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
စီးနင်းမှုအပြီး အချိန်တစ်ခုအကြာ အဲဒီစီးနင်းမှုမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်။
မင်းသားဖြစ်သူက ရဲတပ်ဖွဲ့ထဲကို ဝင်လာခဲ့တဲ့ တပ်သားသစ်တစ်ဦး။
စခန်းမှာ တာဝန်ထမ်းဆောင်ဖို့အမိန့်စာလာယူတဲ့နေ့မှာပဲ အမိန့်စာမရသေးဘဲ မင်းသားတို့ တပ်သားသစ်ခြောက်ယောက်လုံးကိုကင်းလှည့်တာဝန်ပေးလိုက်ပါတယ်။
ဒီမှာပဲ အဲဒီစခန်းက ရဲအရာရှိဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ရာဇဝတ်မှုကြီးတစ်ခုကိုကြံစည်နေတဲ့ လူဆိုးဂိုဏ်းနဲ့ တပ်သားသစ်ခြောက်ယောက်တို့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့အခါမှာတော့…။



Leave a Reply