📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

A Tale of Winter

A Tale of Winter (1992)

ပြင်သစ်နယူးဝေ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Eric Rohmerရဲ့ Tales of Four Seasons လို့သိကြတဲ့ လေးရာသီဇာတ်ကားလေးကားထဲက တစ်ကားပါ။ Rohmerဟာ ရုပ်ရှင်ဝေဖန်ရေးသမား, ဂျာနယ်လစ်, ဝတ္ထုရေးဆရာ, ဇာတ်ညွှန်းဆရာစတဲ့အလုပ်တွေကို လုပ်တဲ့လူဖြစ်သလို Cahiers du cinémaဆိုတဲ့ ရုပ်ရှင်ဂျာနယ်ကိုလည်း အယ်ဒီတာ လုပ်ခဲ့ပါတယ်။ Jean-Luc Godardတို့ François Truffautတို့က သူ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်။ သူတို့၃ယောက်စလုံးဟာ ရုပ်ရှင်ဝေဖန်ရေးကနေ ရုပ်ရှင်ဒါရိုက်တာဘဝကူးလာကြတဲ့လူတွေပါပဲ။ ဒါတွေပြောနေရတာတော့ ဒီဇာတ်လမ်းလို ဇာတ်လမ်းမျိုးကို Rohmer တင်ဆက်သွားတဲ့ တည်ဆောက်တင်ဆက်ပုံကြောင့်ပါ။

ဇာတ်လမ်းအစမှာ ကောင်လေးနဲ့ကောင်မလေးဟာ နွေရာသီတစ်ခုမှာ အတူတူဖြတ်သန်းခဲ့ကြတယ်။ အိမ်ပြန်ချိန်ရောက်လို့ ခွဲရတဲ့အခါ ကောင်လေးရထားပေါ်မတက်ခင် ကောင်မလေးက ကောင်လေးကို သူ့ကိုလာရှာရမယ့် လိပ်စာကို ပြောခဲ့တယ်။ ဒီနောက်မှာတော့ အချိန်တန်ရင်ပြန်တွေ့ကြမယ်လို့ မျှော်လင့်ရင်း လမ်းကွဲလာကြတယ်။

ဒီနောက်၅နှစ်အကြာ ဒီဇင်ဘာ ၁၄ရက်နေ့ကို စပြတယ်။ ဒီကာလမှာ ကောင်မလေးက ခုနကောင်လေးနဲ့ ရထားတဲ့ လေးနှစ်သမီးကလေးလေးအမေဖြစ်နေပြီ။ ဒါပေမဲ့ ကောင်လေးက သူ့ဆီရောက်မလာခဲ့ဘူး။ Single Mo‌therဘဝနဲ့ နေနေတယ်။ ကောင်မလေးကလည်း ချောချောလေးဆိုတော့ ကြိုက်တဲ့ဘဲတွေများတယ်။ သူလည်း အသွေးနဲ့အသားနဲ့လူဆိုတော့ တွဲတယ်။ အိပ်တယ်။ ဆိုပေမဲ့ ကောင်လေး တစ်နေ့ သူ့ကိုလာရှာမှာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သူ မစွန့်လွှတ်ခဲ့ဘူး။ သူနဲ့တွဲနေတဲ့ ဘဲကလည်း ၂ပွေရှိတယ်။ ၂ပွေလုံးကို သူက ပြတ်ပြတ်သားသားပြောထားတယ်။ ငါ့ကောင်လေးကို ငါစောင့်နေတာ ဘာညာပေါ့။ ဆိုပေမဲ့ ဒီဘဲ၂ပွေနဲ့ သူ့ကြားက ဆက်ဆံရေးကလည်း Development ကောင်းကောင်းရှိတယ်။ ရှေ့ကပြောခဲ့တဲ့ ကောင်လေးရဲ့ရောက်မလာတဲ့အကြောင်းရင်းကို ကောင်မလေး သိခဲ့ရပုံတွေ ၊ ကောင်မလေးရဲ့ ပုံပြင်ဆန်တဲ့အချစ်တွေ၊ ရူးသွပ်ခြင်းတွေ ၊ ယုံကြည်မှုတွေ၊ ဖြစ်တည်မှုတွေ အကုန်လုံးကို ဒီဘဲ၂ပွေနဲ့ကောင်မလေးရဲ့ စကားတွေနဲ့ပဲ သရုပ်ဖော်သွားတယ်။ ပြောရရင် တစ်ကားလုံးနီးနီး ဒီကာရိုက်တာ၃ယောက်နဲ့တင် ဂိတ်ဆုံးနေပြီလို့ ပြောလို့တောင်ရတယ်။ ဒီကာရိုက်တာ၃ယောက်ရဲ့ အခြေအနေတွေ စကားတွေကို ကြားခံလုပ်ပြီး Rohmerက ရွေးချယ်မှုတို့ အချစ်တို့ ဖြစ်တည်မှုတို့လို အရာတွေရဲ့ သဘောသဘာဝကို သူ့အမြင်ကနေ သူတင်ဆက်သွားတယ်။ ဒီဇင်ဘာ၃၁မှာ ဒီဇာတ်လမ်းကို အဆုံးသတ်ထားတဲ့နောက် ဒီရုပ်ရှင်က အဖြစ်အပျက်တွေရဲ့ကြာချိန်က တကယ်တမ်း ၁၇ရက်ပဲရှိတယ်။ ဒါပေမဲ့ ဒီ၁၇ရက်အတွင်းမှာပဲ အရှုပ်ထွေးဆုံးနဲ့ အလှပဆုံး အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Rohmerက တင်ဆက်ပြနိုင်ခဲ့တယ်။

အချစ်ဇာတ်လမ်းတွေကို ကျွန်တော်တို့မြင်ရများတဲ့ပုံစံက လက်တွေ့မကျတဲ့ပုစံမျိုးဖြစ်နေတတ်တာများတယ်။ တစ်ခါတလေ လက်တွေ့အဆန်လွန်သွားတာတွေလည်း မြင်ရတတ်တယ်။ ဒါတွေကျ အချစ်ဇာတ်ဆိုပေမဲ့ ရက်စက်တဲ့ဇာတ်လို့တောင် ပြောရမလားမသိဘူး။ အဲဒီလိုဇာတ်တွေက တကယ့်လက်တွေ့မှာလည်း တကယ်ရှိတတ်တော့ အပြစ်တော့မဆိုသာဘူး။ ဆိုပေမဲ့ တကယ့်လက်တွေ့မှာလည်း ပုံပြင်ဆန်တဲ့အချစ်မျိုးတွေက ရှိနေသေးတာပါပဲ။ Rohmerကတော့ အဲဒီအချစ်ဆိုတဲ့အရသာကို ၂ပိုင်းခွဲပြသွားတယ်။ ဟိုလိုအချစ်နဲ့ ဒီလိုအချစ်ဆိုတဲ့ အထာနဲ့ပေါ့။ တစ်ခုက လက်တွေ့ကျလွန်းပြီး တစ်ခုက ပုံပြင်ဆန်တယ်။ ဒီအရာတွေအားလုံးကို ပေါင်းစပ်ပြီးပြဖို့ ၂ခုရဲ့အရသာလည်း မလွဲချော်သွားဖို့က ခက်လိမ့်မယ်။ ဆိုပေမဲ့ Rohmerက သိပ်အံ့ဩဖို့ကောင်းတဲ့ ဇာတ်ညွှန်းရေးဆရာလို့ ပြောရမယ်။ ဒီကားရဲ့ဇာတ်ညွှန်းကို သူတစ်ယောက်တည်းပဲ ရေးခဲ့တာပါပဲ။ လက်တွေ့နဲ့ ပုံပြင်ဆန်ခြင်းဆိုတဲ့ ၂ခုကို ကောင်းကောင်းပေါင်းစပ်ပြီး ရေးနိုင်ခဲ့တယ်။ အပေါ်မှာဆိုခဲ့ပြီးသလို သူ့ဖြတ်သန်းမှုကလည်း မသေးခဲ့ဘူးကိုး။

ရက်စက်တဲ့ကမ္ဘာဆိုလည်း မမှားဘူးပေါ့။ လှပတဲ့ကမ္ဘာဆိုလည်း မမှားဘူး။ ရက်စက်တဲ့ကမ္ဘာကို လှပစေနိုင်တဲ့ အရာတွေက ဘာတွေများလဲ။ သတိရမိတဲ့နေ့တွေလား။ စိတ်ကူးထဲက ပုံရိပ်တွေလား။ ကိုယ်ပိုင်ရူးသွပ်ခြင်းတွေလား။ ဒါမှမဟုတ် ပုံပြင်ဆန်တဲ့ အချစ်မျိုးလား။ သတိရမိတဲ့နေ့တွေမှာ လမ်းလည်းရှိမယ် အလွမ်းလည်းရှိမယ်ဆို အဲဒါကိုခရီးလို့ခေါ်မလား။ ခရီးထဲက ခရီးရဲ့အထဲက ခရီးတွေပေါ့။ သေချာတာတော့ ဒီဆောင်းဇာတ်လမ်းမှာ လမ်းလည်းရှိတယ် အလွမ်းလည်းရှိတယ်။ အရေးအကြီးဆုံးကတော့ ပုံပြင်လို အချစ်မျိုးလည်းရှိတယ်။

(18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်