📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Crimes and Misdemeanors

Crimes and Misdemeanors (1989)

နယူးယောက်ကာမှာ ဘုရားသခင်ကိုရှာဖို့ အလွတ်စုံထောက်ငှားတဲ့အကြောင်း ဝူဒီအယ်လန်က ဝတ္ထုတိုတစ်ပုဒ်ရေးဖူးတယ်။ အဲဒီဇာတ်မှာ စုံထောက်က ဘုရားသခင်ကိုရှာမတွေ့ဘဲ ဘုရားသခင်ကို ဖြစ်တည်မှုပဓာနဝါဒီတစ်ယောက်က သတ်လိုက်ပြီဆိုတာကိုပဲ သိခဲ့ရတယ်။

အင်ဂမာဘာ့ခ်မန်းက ဝူဒီအယ်လန်ကို လွှမ်းမိုးမှုအရှိဆုံး ဒါရိုက်တာလို့ အယ်လန်ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ အယ်လန်က ဘာ့ခ်မန်းက သူကြည့်ဖူးသမျှထဲ အကြီးကျယ်ဆုံးရုပ်ရှင်ဖန်တီးသူလို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လည်း နေမယ် အယ်လန်ရဲ့တစ်ချို့ရုပ်ရှင်တွေက တစ်ခုခုကို ချပြတာမဟုတ်ဘဲ မေးခွန်းတစ်ခုခုထုတ်နေသလိုဖြစ်နေတာတွေလည်းရှိတယ်။ ဘာ့ခ်မန်းကတော့ အမြဲအဲဒီအလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဘာ့ခ်မန်းဟာ ဘုရားသခင်ကို ရှာတယ်။ ဖြစ်တည်မှုကို ရှာတယ်။ ဒါပေမဲ့ ဘာ့ခ်မန်းက ယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတာ။ အယ်လန်ကတော့ Absurdityနဲ့ Existentialismတို့ဘက် ပိုရောက်တယ်ဆိုတော့ သူက မယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတယ်။ သူ့Idolနဲ့ ဝူဒီအယ်လန်က ဆုံဖူးရင်းနှီးဖူးခဲ့တုန်းကတော့ ဘယ်လိုများအပေါက်အလမ်းတည့်ကြသလဲ မသိဘူးပေါ့။ Crimes and Misdemeanorsက ဝူဒီအယ်လန်ရဲ့ ဘုရားသခင်နဲ့ ဖြစ်တည်မှုကို မေးခွန်းထုတ်တဲ့ရုပ်ရှင်လို့ ပြောရမလားတော့မသိဘူး။ ဒါပေမဲ့ သူရိုက်နေကျအတိုင်း သူ့ပုံစံနဲ့ပဲ မေးခွန်းထုတ်ထားတာပါပဲ။

ဒီရုပ်ရှင်ကို တစ်ချို့ဝေဖန်ရေးသမားတွေကတော့ ဝူဒီအယ်လန်ရဲ့ အကောင်းဆုံးကားလို့‌ ပြောကြတာတွေလည်းရှိတယ်။ ဝူဒီအယ်လန်ရုပ်ရှင်ပီသစွာပဲ ဇာတ်ညွှန်းဆုတော့ မလွတ်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ အကြောင်းအရာကတော့ လူသတ်မှုတစ်ခုအကြောင်းလိုလို၊ စုံထောက်ကားလိုလို ဆန်တယ်။ ဒါကလည်း ဝူဒီအယ်လန်က Comedyအားသန်တဲ့လူပေမဲ့ သူက တခြားလုပ်ကြည့်ချင်တာတွေလည်းရှိတယ်။ သူက ဒရာမာသမားဖြစ်ချင်တာလို့တောင် ပြောတယ်။ ဒရာမာက ပိုခက်တယ်တဲ့။ မူရင်းစိတ်ကူးမှာ သူ ဒရာမာလို Thirllerလို ရိုက်ချင်ပေမဲ့ ထွက်လာမှ တစ်မျိုးဖြစ်သွားတဲ့ကားတွေမနည်းဘူး။ ဒီအလုပ်ကို သူကောင်းကောင်းအောင်မြင်ခဲ့တာတော့ Match Point လို့ ဆိုတယ်။ ဟုတ်လည်းဟုတ်မယ်။ ဒီကားတောင် ဝူဒီအလန်ဆန်သေးပေမဲ့ Match Pointကတော့ ဝူဒီအယ်လန်မဆန်ဆုံးကားဖြစ်ခဲ့တယ်။

ဒီကားမှာ အဓိကဇာတ်ကောင်၂ကောင်ပါတယ်။ အဲဒီဇာတ်ကောင်၂ကောင်က မဆက်စပ်နေသလိုပဲ။ ဇာတ်ကောင်တစ်ကောင်ကို ဘုရားသခင်ကို မေးခွန်းထုတ်ဖို့နဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်ကို မေးခွန်းထုတ်ဖို့သုံးထားတယ်။ ဒီဇာတ်ကောင်ကို အယ်လန်က ဒေါ့စတိုယက်စကီးရဲ့ Crime and Punishmentကို မှီးထားတယ်။ ဇာတ်ကားနာမည်ပါ Crimes and Misdemeanors ဖြစ်သွားတယ်ကိုး။ နောက်ဇာတ်ကောင်တစ်ကောင်ကိုကတော့ အချစ်နဲ့ ဖြစ်တည်မှုကို မေးခွန်းထုတ်ဖို့ သုံးထားတယ်။ ပြောရရင် ဇာတ်ကောင်တစ်ကောင်တည်းမှာ သူမေးခွန်းထုတ်ချင်တဲ့အရာ၂ခုလုံး ထည့်လိုက်ရင် မပေါ်လွင်သလို ရှုပ်ထွေးသွားနိုင်တယ်။ ဒါကြောင့် ဒီဇာတ်ကောင်၂ကောင်ကို သီခြားစီခွဲထားတာလို့ ပြောရမယ်။ ဒါပေမဲ့ ဒီတိုင်း၂ပုဒ်မဟုတ်သွားအောင် ဒီဇာတ်ကောင်၂ကောင်ကြားမှာ ကွင်းဆက်ဇာတ်ကောင်တစ်ကောင်သုံးထားတယ်။ စားတာက ဒီမယုံကြည်သူနှစ်ယောက်ကြား ကွင်းဆက်လုပ်ပေးနေတဲ့ အဲဒီဇာတ်ကောင်က ရဟူဒီတရားဟောဆရာ။ ဆိုတော့ ဝူဒီအယ်လန်က သူမေးခွန်းထုတ်ချင်တဲ့အရာတွေကို ဘယ်ပွိုင့်မှာစပြီး ဘယ်ဆုံမှတ်မှာ ဆုံစေပြီး ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြည့်ရမယ့်ရုပ်ရှင်လို့ပြောရမှာပဲ။

ဘယ်လောက်ပဲကြီးကျယ်တဲ့ မေးခွန်းတွေရှိရှိ အဆုံးသတ်မှာတော့ ဘာအတွက်ဘယ်လိုဆက်ရှင်သန်မလဲဆိုတဲ့ဆီကို ပြန်သွားကြရမှာပဲ။ ဒီထက်အရေးပါတဲ့မေးခွန်းလည်း မရှိတော့ပါဘူး။ အယ်လန်က ပြောဖူးတယ်။ ကဗျာဆရာတွေ မှန်ကောင်းမှန်လောက်ပါတယ်။ အချစ်က တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။ ပျင်းစရာကောင်းတဲ့ စကြဝဠာကြီးမှာ ကျွန်တော်တို့ဘဝတွေကို အဓိပ္ပာယ်ရှိစေတာက ကျွန်တော်တို့အချစ်နဲ့ ကျွန်တော်တို့ရွေးချယ်မှုတွေပဲမို့လား။ ဘယ်လိုပုံစံနဲ့ ချစ်သည်ဖြစ်စေပေါ့။ မိသားစု အလုပ်အကိုင် မျှော်လင့်ချက် ဘာမှမဟုတ်တာလေးတွေပါပဲ။ ဘယ်လောက်ပဲခက်ခဲခက်ခဲ လူသားဟာ ဒီမဆန်းပြားတဲ့အရာလေးတွေကနေ ပျော်ရွှင်မှုကိုရှာဖွေရင်းနဲ့ အသက်ရှင်ပျော်နိုင်ခဲ့တယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်