📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Hana & Alice

Hana & Alice (2004)

ရုပ်ရှင်သမိုင်းရဲ့ အခုထိရှိနေသေးတဲ့ အစောဆုံးရုပ်ရှင်တွေမှာ မြင်ရတာက ထိခတ်တဲ့အခိုက်အတန့်တစ်ခုသက်သက်ပဲ။ တနင်္ဂနွေခြံဝန်းထဲက ချစ်သူတွေရဲ့အခိုက်အတန့်တို့ ဆိုက်ရောက်လာတဲ့ ရထားတစ်စီးတို့ ဒီလောက်ပဲ။ တရွေ့ရွေ့နဲ့တိုးတက်လာလိုက်ပုံများ စိတ်ကူးပြင်ပမှာ မရှိတဲ့ကမ္ဘာတွေအရာတွေပါ ရိုက်ပြနိုင်တဲ့အထိပေါ့။ မြစ်ဖျားဆိုတာ ဘယ်တော့မှ မေ့ကောင်းတဲ့အရာတော့မဟုတ်ဘူး။ မြစ်ဖျားကို ပယ်သတ်ပြီးလည်း မရှင်ကျန်ဘူးပေါ့။ ဒီဘက်ကာလတွေက 24 Framesမှာ ရုပ်ရှင်ဆိုတာ ဒါပဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရသလိုပေါ့။ ရုပ်ရှင်ပဲဖြစ်ဖြစ် အရာရာဟာ အစကို ပြန်လာတယ်။ တစ်ပတ်ပြန်လည်တယ်။

Shunji Iwaiရဲ့ ရုပ်ရှင်တွေလည်း ဒီလိုပဲခပ်ဆင်ဆင်ပဲ။ သူ့ရုပ်ရှင်တွေက ဇာတ်လမ်းကျောရိုးတစ်ခုဆီ ဦးတည်တာ ရှားတယ်။ အတွေးတစ်ခုဆီလည်း ဦးတည်တာရှားတယ်။ ပြောရရင် သူ့စိတ်ထဲရှိတဲ့ ကမ္ဘာပေါ်က အလှဆုံးဆိုတဲ့ အခိုက်အတန့်တွေ အလှဆုံးဆိုတဲ့အရာတွေကို ပြနေတတ်တယ်။ ကျောရိုးလို့ ထင်ရတဲ့အရာက ဘာဖြစ်ဖြစ်ပေါ့။ ဒါကြောင့် တစ်ချို့ကလည်း ရှန်းဂျီအိဝအိရဲ့ ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်က နိဗ္ဗာန်ဘုံပဲလို့ ပြောကြတယ်။ ပြကွက်တိုင်း သူလှတယ်ဆိုတာက စီနီမာတိုဂရပ်ဖီချည်းမတရားလှနေတဲ့ ဒါရိုက်တာတွေရဲ့ လှနည်းမျိုးတော့မဟုတ်ဘူး။ သူဖမ်းဆုပ်ထားတဲ့ ပြကွက်တွေရဲ့ အခိုက်အတန့်တိုင်းက လှနေတာမျိုးပဲ။ အခြေအနေလေးတစ်ခု မြင်ကွင်လေးတစ်ခု စသဖြင့်ပေါ့။ ဘဝမှာ အလှဆုံးလို့ထင်ရမယ့် အခိုက်တန့်တွေကိုလည်း ပြန်မြင်ရတတ်တယ်။

ဖြစ်နိုင်ရင်တော့ သူ့လိုမျိုး ရိုက်နိုင်ချင်တယ်ပြောရမှာပဲ။ ဒါပေမဲ့ ဒါကြီးက ဘယ်သူ့အတွက်မှ မဖြစ်နိုင်ဘူး။ အရောင် သရုပ်ဆောင် မြင်ကွင်း ဇာတ်ကွက်အစပေါ့ ။ သရုပ်ဆောင်တို့ ဇာတ်ကွက်တို့ တခြားမှာ ကျွန်တော်တို့တွေ့ရရင်တောင် အရောင်နဲ့မြင်ကွင်းတွေကိုတော့ ဂျပန်မှာမှ မဟုတ်ရင် မရမယ့်ဓာတ်တွေဆိုတာ ကျွန်တော် ပြောရဲတယ်။ ကမ္ဘာဟာ ရုပ်ရှင်ပဲ ဖြစ်မှာပါ။ ရုပ်ရှင်ဟာ ကမ္ဘာပဲဖြစ်မှာပါ။ ရုပ်ရှင်ဟာ ရုပ်ရှင်ထဲမှာပဲ မရှိဘူးပေါ့။ ဒါပေမဲ့လည်း ကမ္ဘာက မလှတဲ့နေ့တွေဆို သိပ်လှတဲ့ Shunji Iwai ရုပ်ရှင်တစ်ကားလောက် လိုရင်လိုမှာပေါ့။ အဲဒီလိုနေ့တွေအတွက်ပေါ့။

Shunji Iwaiရဲ့ ရုပ်ရှင်တွေဟာ ဘာအတွေးအခေါ် ဘာနားလည်စရာမှမပါတဲ့ အခိုက်အတန့်တိုင်းက လှနေတဲ့ ရုပ်ရှင်တွေ သက်သက်ပါပဲ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်