Hormones (2008)

ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hormones ဆိုတဲ့ ထိုင်းဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ romance ကိုမှ comedy ဆန်ဆန် ရိုက်ကူးထားပြီး IMdb rating ဆိုရင်လည်း 7/10 ရထားတာမို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းချုပ်ဆိုတာထက် ဒီဇာတ်ကားလေးက Scenario သုံးခုလောက်ကို ပြိုင်တူဖော်ပြထားတာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
Hormones ဆိုတဲ့နာမည်လေးအတိုင်း ဇာတ်ကားလေးက အချစ်နဲ့ပတ်သက်ရင် ဖြစ်တတ်လာတဲ့လူ့လောကသဘာ၀ကို ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတာမို့ တချို့နေရာတွေမှာ ရယ်နေရင်းနဲ့ ငါကိုယ်တိုင်လည်း ဒီလိုကြုံခဲ့ဖူးပါလားဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ဇာတ်ကားလေးမို့ အမြန်ပဲကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။


Leave a Reply