Stephen (2025)
“စိတ္တဇရှင်းတမ်း”

အသစ်ထွက်ထားတဲ့ တမီလ်စကားပြော စိတ္တဇ သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။
အိန္ဒိယတောင်ပိုင်းရဲ့ မြိုလေးတစ်မြိုမှာ ၈ လအတွင်း ကောင်မလေး ၉ ယောက် အကြောင်းမရှိပျောက်ဆုံးနေပါတယ်။
ရဲတွေဘက်ကလည်း နည်းမျိုးစုံ စုံစမ်းကြပေမဲ့ ဘာသဲလွန်စမှမရကြပါဘူး။
တစ်နေ့မှာတော့ ခပ်ရိုးရိုးပုံစံနဲ့လူတစ်ယောက်က သူတိုရဲ့နယ်မြေခံရဲစခန်းကိုလာပြီး ကောင်မလေး ၉ ယောက်ကို သူ သ-တ်လိုက်တာပါလို ဝန်ခံလာပါတယ်။
တရားခံနာမည်က စတီဖင်ဖြစ်ပြီး သူက ရဲတွေဘာမှမမေးခင် သူ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အကုန်ပြောပြပါတယ်။
သူ့ကို စိတ်ကျန်းမာရေးစစ်ဆေးဖို တရားရုံးက အမိန့်ပေးလာတဲ့အခါမှာတော့ စတီဖန်နဲ့ သူ့ကိုစစ်ဆေးတဲ့ စိတ်ရောဂါဆရာဝန်မလေးတိုရဲ့ စကားဝိုင်းတွေကနေ စတီဖင်ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာတွေ၊ သူ ဒီလို သွေးအေးတဲ့ ကွင်းဆက်လူသ-တ်သမားဘယ်လိုဖြစ်လာလဲဆိုတာတွေ၊ လူ့စိတ်ရဲ့ အမှောင်မိုက်ဆုံးအခြမ်းတွေကို ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်…။


Leave a Reply