ဖက်တီးမ ကြမ္မာငင်ပြီလား

ဖက်တီးမရဲ့ ပဲခူးက အချဥ်ပေါင်း ဆိုင်သစ်ကြီးဟာ ကြီးကျယ်ခမ်းနားစွာ ဖွင့်ပြီး ၂ ရက်အကြာမှာ ပိတ်လိုက်ရတယ်လို့ သိရပါတယ်။
ဆိုင်းဘုတ်တွေပါ ပြန်ဖြုတ်လိုက်ရပြီး ဝယ်သူလာရင်တောင် မရောင်းရဲတဲ့ အခြေအနေ ဖြစ်နေပါပြီ။

ဆိုင်စဖွင့်ချင်း ရောင်းအားကောင်းလို့ လမ်းပါ ပိတ်ခဲ့ရပေမယ့် မနေ့က စပြီး တံခါးတွေ ပိတ်ထားတယ်လို့ သိရပါတယ်။
တချို့ကလည်း စည်ပင်နဲ့ ငြိတာ၊ FDA နဲ့ ငြှိတာလို့ ထင်ကြေးပေးနေကြပါတယ်။

ထမင်းစား ရေသောက်တာတောင် လိုင်းပေါ်တင်နေတဲ့ ဖက်တီးမ တယောက်လည်း အခုကိစ္စကို ရေငုံနှုတ်ပိတ် နေတယ်လို့ သိရပါတယ်။
လုပ်ငန်း တခု လုပ်မယ်ဆိုရင် ဥပဒေအကြောင်းအရာတွေ အားလုံးကို လိုက်နာမှသာ တရားဝင်မှာ ဖြစ်ပါတယ်။ လိုင်းပေါ်မှာ စျေးရောင်းတာနဲ့ မြေပြင်မှာ စျေးရောင်းတာ သဘောသဘာဝချင်း မတူညီကြောင်းကို ဖက်တီးမ အနေနဲ့ သင်ခန်းစာ ယူသင့်ပါတယ်။

အခုကိစ္စမှာလည်း စားသုံးသူတွေ သိအောင် ပွင့်လင်းမြင်သာမှုရှိစွာ သတင်း ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။


Leave a Reply