Keeper

Keeper

Keeper (2025)

Anora. Longlegs တို့လိုဇာတ်ကားတွေနဲ့နာမည်ကျော်တဲ့ Neon က ထွက်ရှိလာတဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။

တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သစ်တောထဲက အပန်းဖြေအိမ်ကလေးကို အလည်အပတ်ရောက်ရှိလာတဲ့ ဒေါက်တာမယ်လ်ကွမ်းမ်နဲ့ ပန်းချီဆရာမလေး လစ်ဇ်တို့ကိုအခြေခံထားပါတယ်။

ရောက်ကာစကာလမှာ အားလုံးအဆင်တပြေပျော်စရာအတိဖြစ်ခဲ့ပေမယ့် ဆရာဝန်ဖြစ်သူ မယ်လ်ကွမ်းကိုဆေးရုံက အရေးပေါ်ခေါ်လို့ လစ်ဇ်တစ်ယောက်တည်း အိမ်ထဲမှာ ကျန်ခဲ့ချိန်မှာတော့ အိမ်မက်ဆိုးတွေ စလာပါတော့တယ်။

တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းအနေအထားနဲ့ သူ့ရှေ့မှာပေါ်လာတဲ့ အမျိုးသမီးတွေ ထူးခြားပြီးထိတ်လန့်စရာမြင်ကွင်းတွေနဲ့အတူ လစ်ဇ်တစ်ယောက်
သူ့ချစ်သူဆရာဝန်အပြန်ကို စောင့်စားရပါတော့တယ်။

စိတ်မသက်သာစရာ၊မသတီစရာပြကွက်တွေအများကြီးပါဝင်တဲ့အတွက် စိတ်မခိုင်ရင် သတိထားကြည့်ကြဖို့လိုပါလိမ့်မယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *