📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Sentimental Value

Sentimental Value (2025)

Cannesရဲ့ ဒုတိယအမြင့်ဆုံးဆုဖြစ်တဲ့ Grand Prix ရထားသလို ၂၀၂၆အော်စကာအတွက်လည်း နော်ဝေးက submissionတင်ထားတဲ့ နော်ဝေးရုပ်ရှင်ပါ။ Shortlistထဲတော့ ပါဖို့သေချာသလောက်ပါပဲ။ ဒီဒါရိုက်တာ ဒီမင်းသမီးနဲ့ပဲရိုက်ခဲ့တဲ့ The Worst Person in the World တုန်းကလည်း Cannesမှာလည်း ရခဲ့သလို အော်စကာ Shortlistထဲထည်း ဝင်ခဲ့သေးတယ်။ ဖောရိန်းရုပ်ရှင်ဆုကနေ ခုန်ကျော်ပြီး ဇာတ်ညွှန်းဆုထဲပါ ဝင်ခဲ့ပါသေးတယ်။

နော်ဝေးဒါရိုက်တာ Joachim Trierက ကားတိုင်းကောင်းသလောက် ကားရိုက်တော့ တော်တော်ကြဲတဲ့ ဒါရိုက်တာ။ အမြဲလိုလိုနီးပါး တစ်ကားနဲ့တစ်ကားကြား လေးနှစ်လောက်ခြားတယ်။ သူ့ကားကလည်း ခုထိမှ ၆ကားပဲရှိမယ်။ ၂၀၂၁မှာ The Worst Person in the World ထွက်ပြီးတဲ့နောက် ခု ၂၅ကျမှ Sentimental Value ထပ်ထွက်တယ်ဆိုတော့ ရိုးရာတော့မပျက်ပါဘူး။ Oslo Trilogyပြည့်သွားပေမဲ့လည်း သူ့မြို့ဖြစ်တဲ့ Osloကို ဇာတ်အိမ်တည်တဲ့ ရိုးရာကလည်း မပျက်ခဲ့ဘူး။ သူ့တင်ဆက်တဲ့ပုံစံကလည်း ရိုးရာမပျက်ခဲ့ဘူး။ သူ့ရုပ်ရှင်တွေက ဆိုခဲ့သလို ကျဲကျဲပဲ ထွက်ပေမဲ့လည်း သူ့ကားတိုင်းကတော့ လူ့ဆက်ဆံရေးရဲ့ဝိရောဓိနဲ့ လူ့ဒဏ်ရာကနေမှ အဲဒီဒဏ်ရာကို လက်ခံလိုက်ပုံကို တင်ပြတတ်တယ်။ တစ်ကားနဲ့တစ်ကား ဒဏ်ရာတွေ ဝိရောဓိတွေကတော့ အမျိုးအစား မတူဘူးပေါ့။

Sentimental Valueကတော့ မိသားစုဒရာမာလို့ ပြောရမယ်။ ရှေ့ကားတွေမှာတော့ မိသားစုအပိုင်းကို ပြတော့ပြခဲ့ပေမဲ့ ဒီလောက်ထိ မိသားစုချည်းသက်သက်ရဲ့ ဝိရောဓိနဲ့ ဒဏ်ရာကို အသားပေးတာတော့ မဟုတ်ခဲ့ဘူး။Sentimental Valueမှာတော့ မိသားစုတစ်ခုရဲ့ ဒဏ်ရာနဲ့ အဲဒီဒဏ်ရာကို လက်ခံလိုက်ပုံကို ပုံဖော်ထားတယ်။ မိသားစုဆိုတာထက် Broken Familyလို့ ပြောရလိမ့်မယ်။ နာမည်ကိုကလည်း Sentimental Valueဆိုတော့ မိသားစုတစ်ခုရဲ့ Sentimental Value အရှိဆုံး သက်မဲ့အရာဖြစ်တဲ့ အိမ်ဆိုတာကို တစ်စစီဖြစ်နေတဲ့ ဒီမိသားစုရဲ့ ကျန်နေသေးတဲ့ မိသားစုပုံရိပ်ကို ပုံဖော်ဖို့ ဓာတ်ကူပစ္စည်းအဖြစ် သုံးထားခဲ့တယ်။

ဒီလိုပုံဖော်ထားပေမဲ့လည်း သိပ်တော့လည်း ဇာတ်မအေးသွားအောင် သူက ဒီမိသားစုကို နည်းနည်းထူးထူးခြားခြားလေးတော့ လုပ်ပေးထားတယ်။ အဖေက နာမည်အသင့်အတင့်ရှိတဲ့ အင်ဒီးဒါရိုက်တာ။ အမေက စိတ်ရောဂါကုဆရာဝန်။ သမီးအကြီးက သရုပ်ဆောင်။ သမီးအငယ်က သမိုင်းပညာရှင်စသဖြင့်ပေါ့။ ဒီအိမ်မှာနေခဲ့တဲ့ သူတို့မိသားစုရဲ့ ဘိုးဘေးတွေရဲ့အတိတ်နဲ့လည်း ချိတ်ဆက်ထားတာမို့ မိသားစုတစ်ခုရဲ့ ဇာစ်မြစ်ကို ပြန်လှန်ကြည့်ရတဲ့ အရသာမျိုးလည်းပေးတယ်။ ဇာတ်ကတော့ သူတို့မိသားစုက အမေသေသွားပြီးတဲ့နောက် အသုဘကို သူတို့နဲ့ မတွေ့တာကြာပြီဖြစ်တဲ့ အဖေကရောက်လာတယ်။ ပြီးတဲ့နောက် သူ့အမေသတ်သေတဲ့အကြောင်းကို ရိုက်ပြမယ့် သူ့ရုပ်ရှင်အသစ်မှာ သူ့သမီးကို သရုပ်ဆောင်စေချင်ကြောင်း ပြောလာတယ်။

အိမ်ကနေ အဖေထွက်သွားကတည်းက စိတ်ဒဏ်ရာရနေတဲ့ သမီးနဲ့ အဖေကြားကို ဒီရုပ်ရှင်တစ်ကားက ရင်ကြားစေ့ပေးနိုင်မလားဆိုတဲ့ ဇာတ်မျိုးပဲ။ ရုပ်ရှင်ရိုက်တဲ့အကြောင်းတွေလည်း ပါသင့်သလောက်ပါတယ်။ သူသုံးနေကျ Cannesမှာ The Worst Person in the World နဲ့ မင်းသမီးဆုရထားတဲ့ Renate Reinsveအပြင် ဟောလိဝုဒ်ပရိတ်သတွေလည်း မစိမ်းတဲ့ Stellan Skarsgårdတို့ Elle Fanningတို့ကိုပါသုံးထားတယ်။ ဆိုပေမဲ့ သူတို့လူမျိုးအတိုင်းကိုပဲ သုံးထားတာပါ။ လူမျိုးမပြောင်းပစ်ဘူး။ ဇာတ်လမ်းတင်ဆက်ပုံကတော့ အရင်ကားတွေနဲ့မတူဘဲ တော်တော်ကို ရှင်းရှင်းလင်းလင်းဖြစ်နေတယ်။ သူ့အနေနဲ့ဆို ရှင်းတာပြောပါတယ်။ ရိုးရိုးလေးနဲ့ပဲ မိသားစုတစ်ခုရဲ့ ဝိရောဓိတွေ ဒဏ်ရာတွေကို တင်ဆက်ထားတယ်။

ဘယ်တော့မှ ခမ်းမသွားတဲ့ ခြောက်ကပ်တဲ့နေ့တွေကို တစ်ယောက်တည်းကျော်ဖြတ်နိုင်ခဲ့တာဟာ ငါ့အစွမ်းအစ ငါ့သတ္တိလို့ ယုံကြည်ခဲ့ဖူးတာပေါ့။ ကျိုးပဲ့နေတဲ့ကမ္ဘာကို ကြည့်လို့ မကျိုးပဲ့ခဲ့တဲ့အရာကို မမြင်ခဲ့တဲ့ စက်ဝိုင်းတစ်ခုလို ဖြည်းဖြည်းချင်း ငါလည်နေတယ်။ မဖြစ်လာတာတွေ ဖြစ်လာတာတွေ ၊ မဖြစ်ချင်တာတွေ ဖြစ်ချင်တာတွေရဲ့ တစ်လှည့်စီမှာ ကောင်းကင်ဟာ ငါ့ကို အမြဲတမ်းမိုးထားတယ်။ ကောင်းကင်နဲ့အဝေးကြီးမှာလို့ ထင်နေခဲ့တဲ့ ငါ့ကို ကောင်းကင်ဟာ အမြဲမိုးထားတယ်။ သွေးတစ်စက်မှ မကျန်တော့တဲ့နေ့တွေရဲ့အဆုံး မိုးစက်တွေနဲ့ သွေးအပြည့်ပြန်ဖြစ်သွားတဲ့အခါ ငါ့လမ်းမှာ ကောင်းကင်ကို ငါမမြင်တော့ပေမဲ့ ကောင်းကင်က ငါ့ကိုမိုးထားတုန်းပဲ။ ကောင်းကင်ရဲ့မှောင်အတိအကျသွားတဲ့ တစ်ခါတလေတွေဆို အသေးအမွှားလေး ငါ့လောက်မှ မသန်မာတဲ့ကောင်းကင်လို့ ကောင်းကင်ကို ငါယိုးစွပ်ဖူးတာပေါ့။ ငါတို့ကို မိုးပေးထားတဲ့ ကောင်းကင်ကို ဘာကမှ ပြန်မမိုးပေးထားတဲ့အခါ ဒီကောင်းကင်လည်း ပြိုနိုင်လေတာပဲမဟုတ်လို့လား။ အပြိုပြိုအလဲလဲနဲ့တောင် ငါမေ့တတ်တဲ့ အဲဒီကောင်းကင်က ငါ့ကို မိုးထားပေးဆဲ။

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်