အသိပေးထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်
12. 2.2026 ညနေ (၅:၃၀) အချိန်ခန့် ပုလဲမြို့နယ်အတွင်းတနေရာတွင် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄) မှရဲဘော်ကတုံးနှင့် BNRA ရင်း (၃) မှ ရဲဘော်နှစ်ဦး အပြန်အလှန်ပ၊စ်ခ၊တ်မှုဖြစ်ပွားခဲ့ရာ ရဲဘော်ကတုံးကျဆုံးပြီး BNRA ရင်း (၃) မှ ရဲဘော်တဦးညာဘက်ပေါင်တွင် ကျည်ထိ၊မှန်ဒါဏ်ရာရရှိခဲ့ပါသည်။
အကြောင်းအရင်းမှာ ၂၀၂၂ ခုနှစ် တော်လှန်ရေးအစောပိုင်း MRDA အဖြစ်လုပ်ဆောင်စဥ်ကာလတွင် ကျေးရွာလုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖများနှင့်ကာကွယ်ရေးခေါင်းဆောင်များမှ MRDAနှင့်ဦးဆောင်သူဗိုလ်နဂါးထံ တင်ပြတောင်းခံမှုအရ အာမခံကြေးဖြင့် (xxx) ကျေးရွာတွင်တပ်ဆင်ပေးထားသည့် ပါရီလက်နက်နှစ်လက်အား ကိုကတုံးနှင့် (ကို အ-မ) တို့မှ ယူငင်ကိုင်ဆောင်ထားခဲ့သည်။ (ကို အ-မ) ကိုင်ဆောင်ထားသောလက်နက်မှာ ကနဦးပိုင်းတွင်ကျေးရွာမှသိရှိလက်ခံထားသော်လည်း ကိုကတုံးကိုင်ဆောင်ထားသောလက်နက်ကိုမူကျေးရွာမှလက်ခံပေးအပ်ထားခြင်းမရှိဘဲ ယူဆောင်အသုံးပြုနေခြင်းဖြစ်သည်ဟု သိရှိရသည်။
(xxx) ကျေးရွာသာမက MRDA ကာလတွင် ကျေးရွာရပ်မိရပ်ဖများနှင့် ကာကွယ်ရေးအဖွဲ့အစည်းခေါင်းဆောင်များ၏တင်ပြတောင်းဆိုမှုအရ အာမခံကြေးပေးသွင်း၍ ကျေးရွာလုံခြုံရေး၊ကာကွယ်ရေးအတွက် လက်နက်အငှားတပ်ဆင်ပေးထားသည့်အခြားကျေးရွာများလည်းရှိခဲ့သည်။
၎င်းတပ်ဆင်မှုများအနက် အချို့ကျေးရွာများတွင် ကျေးရွာအဖွဲ့အစည်း၏သဘောတူညီချက်မရဘဲ ကျေးရွာလုံခြုံရေးလက်နက်များယူငင်ကိုင်ဆောင်ခြင်း၊ လက်လွှဲရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ဓါးပြတို၊က်ရာတွင်အသုံးပြုခြင်းနှင့် လောင်းကစားဝိုင်းများအတွင်း ဝှက်၍ယူဆောင်ပြီး အငြင်းပွားမှုများရှိချိန်တွင် လက်နက်ထုတ်၍ခြိမ်းခြောက်ခြင်းများ သတင်းရရှိထား၍ BNRA နှင့် ဒေသခံကျေးရွာလုံခြုံရေးတပ်ဖွဲ့များပူးပေါင်းပြီး တပ်ဆင်လ၊က်န၊က်များကို ပြန်လည်သိမ်းဆည်းခြင်းနှင့် ကျေးရွာလုံခြုံရေးတပ်ဖွဲ့များထံ စနစ်တကျလေ့ကျင့်သင်တန်းပေးကာ ပြန်လည်အပ်နှံခြင်းများပြုလုပ်လျက်ရှိသည်။
ထို့သို့ပြန်လည်သိမ်းဆည်း/တပ်ဆင်မှုပြုလုပ်ဆောင်ရွက်ချိန်တွင် ကောင်းမွန်စွာပူးပေါင်း၍ ပြန်လည်အပ်နှံသူများရှိသကဲ့သို့ ရှောင်တိမ်းနေသူများလည်းရှိနေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းကိစ္စသည် ဒေသလုံခြုံရေးနှင့် ရာဇဝတ်မှုကြိုတင်တားဆီးရေးအတွက် BNRA အနေဖြင့် ပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။
ယခုဖြစ်စဉ်တွင်လည်း (xxx) ကျေးရွာ၏ အငှားလက်နက်များပြန်လည်သိမ်းဆည်းခြင်းနှင့် စနစ်တကျပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းစဉ်တွင် (ကို အ-မ) မှ ၎င်းကိုင်ဆောင်ထားသည့် ပါရီလက်နက်တလက်အားပြန်လည်အပ်နှံသော်လည်း ကိုကတုံးမှာပြန်လည်အပ်နှံခြင်းမပြုဘဲ ခရိုင်တ၊ပ်ရင်း (၄) နောက်ခံယူထားပြီး တိမ်းရှောင်နေခဲ့ပါသည်။
ထို့အပြင် ကိုကတုံးမှာ
၁။ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် “နဝရတ်” ရွှေဆိုင်အား ဓါးပြတို၊က်သည့်ဖြစ်စဉ်တွင်လည်း ပါဝင်ပါတ်သက်ထားပြီး တပ်ရင်းနောက်ခံအရှိန်အဝါသုံး၍ ရှောင်တိမ်းခွင့်ရနေသဖြင့် မုံရွာခရိုင်ပကဖမှ ပူးပေါင်းဖမ်းဆီးအပ်နှံပေးပါရန် BNRA ထံ အကူညီတောင်းခံထားသည့်ဖြစ်စဉ်လည်းရှိခဲ့သည်။
၂။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကျေးရွာဖဲဝိုင်းတွင် ကိုကတုံးမှ မိမိရှုံးကြေးမပေးဘဲ ပစ္စတို၊ေ၊သန၊တ်ဖြင့် ထုတ်၍ခြိမ်းခြောက်အနိုင်ကျင့်သည့်အမှုမျိုးရှိခဲ့ပြီး BNRA ထံသတင်းပေးတိုင်ကြားခံထားရသည့်ဖြစ်စဥ်လည်းရှိထားသည်။ အလားတူကိစ္စမျိုး နောက်ထပ်နှစ်ကြိမ်အထက်ရှိခဲ့သည်ဟုလည်း သိထားရသည်။
ယခုဖြစ်စဉ်တွင်လည်း BNRA ဗဟို၏တာဝန်ပေးချက်အရ ရဲဘော်နှစ်ဦးမှ ကျေးရွာလုံခြုံရေးတပ်ဆင်ထားသည့် လက်နက်တလက်အား အပ်နှံရန်ကိစ္စ ညှိနှိုင်းပြောဆိုချိန်တွင် ကိုကတုံးမှ ငြင်းဆန်ခဲ့သည်။
ထို့နောက် အင်္ကျီအောက်တွင် လျှို့ဝှက်ယူဆောင်လာသည့် ပစ္စတို သေ နတ်ဖြင့်ပစ်ခတ်ထွက်ပြေးရာ BNRA တပ်ရင်း (3) မှရဲဘော်တဦး ညာဘက်ပေါင်တွင်ရှပ်ထိမှန်ခဲ့ပြီး BNRA ရဲဘော်နှစ်ဦးမှ ခုခံကာကွယ်သည့်အနေဖြင့် (3) ချက် ပြန်လည်ပစ်ခတ်ရာ ကိုကတုံးအား ပေါင်တွင် (၁)ချက်၊ နံဘေးတွင် (၁)ချက်ထိ၊မှန်ပြီးလဲကျခဲ့ပါသည်။
နံဘေးဒါဏ်ရာမှ သွေးထွက်လွန်နေသောကြောင့် ကုသရန်ခေါ်ဆောင်လာသော်လည်းလမ်းတွင်သေဆုံးခဲ့ပါသည်။
လုံခြုံရေးလုပ်ငန်းစဉ်အရလုပ်ဆောင်ရခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အသက်သေဆုံးရသည်အထိဖြစ်ခဲ့ခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ခဲ့ပါသည်။
ယင်းမာပင်ခရိုင်အပါအဝင် ဒေသတချို့အတွင်း ထိုကဲ့သို့အချင်းချင်းပ၊စ်ခတ်မှုဖြစ်စဥ်များ တော်လှန်ရေးကာလကနဦးအစမှပင်ရှိနေခဲ့ပြီး ပြည်သူအများစိတ်ထိခိုက်စရာအကြောင်းအရာများအဖြစ်ရှိနေခဲ့ရာ တာဝန်ရှိအဖွဲ့အစည်းများမှ တာဝန်ယူကြပ်မတ်ထိန်းသိမ်းခြင်း တာဝန်ခံဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အလားတူကိစ္စရပ်များထပ်မံဖြစ်ပွားမှုမရှိအောင်ဂရုပြုကြရမည်ဖြစ်ပါသည်။ နောက်နောင်ကိစ္စရပ်များတွင်လည်း ထိခိုက်မှုကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရန်လည်း ပိုမိုသတိပြုကြရမည်ဟုမှတ်ယူပါသည်။
ယခုကိစ္စရပ်တွင် အခြားကျေးရွာတာဝန်ရှိသူများနှင့်ဆောင်ရွက်သကဲ့သို့ လွယ်ကူစွာပြီးစီးရန် ရည်ရွယ်ခဲ့သော်လည်း ကိုကတုံး၏ပ၊စ်၊ခတ်မှုကို ခုခံပ၊စ်ခတ်ရင်းဖြစ်ပွားခဲ့ရသည့်ကိစ္စရပ်ဖြစ်ပါသည်။
အခင်းဖြစ်ပွားချိန်တွင် ကိုကတုံးတဦးတည်းသာဖြစ်ပြီးမျက်မြင်သက်သေမရှိသော်လည်း အမှုကိုရှောင်လွှဲရန် အ၊လောင်းဖျောက်ဖျက်ခြင်း၊ ရှောင်ထွက်လာခြင်းမပြုပဲ တာဝန်ယူမှု တာဝန်ခံမှုဖြင့် BNRA ၏ တာဝန်ရှိသူတဦးမှ သေ-ဆုံးသူ “ကိုကတုံး”၏ ရုပ်အလောင်းကို ဒေသခံရပ်မိရပ်ဖများနှင့်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြား၍ ဖြစ်စဥ်အပြီး ၄ နာရီအကြာ ည ၁၁ နာရီအချိန်ခန့်တွင် လွှဲပြောင်းအပ်နှံခဲ့ပါသည်။
ရဲဘော်နှစ်ဦးမှလည်း ဗဟိုမှပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ရင်း ခုခံကာကွယ်မှုပြုခဲ့ရသည့်အတွက် ရဲဘော်နှစ်ဦးတွင် တာဝန်မရှိဘဲ မိမိတို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၌သာ တာဝန်ရှိပြီး ကိုကတုံးသေဆုံးသည့်ဖြစ်စဥ်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများထံ BNRA မှ ဆက်သွယ်၍တာဝန်ယူ တာဝန်ခံဖြေရှင်းသွားမည့်အကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
Burma National Revolutionary Army
BNRA ၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်အား အရှိအတိုင်း ဖော်ထုတ်ခြင်း

”တော်လှန်ရေး သေနတ်ဆိုတာ ရန်သူ့ကို ပစ်ဖို့လား၊ ကိုယ့်ရဲဘော်ကို ပြန်သတ်ဖို့လား?”
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေ ၅:၄၅ နာရီခန့်မှာ ယင်းမာပင်ခရိုင်ရဲ့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်ကတုံး (တပ်ရင်း ၄ – IO) ဟာ BNRA ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်ခတ်မှုကြောင့် အသက်ပေးခဲ့ရပါတယ်။
‼️ တော်လှန်ရေးသမားအချင်းချင်း သတ်တာလား၊ ဓားပြတိုက်တာလား?
BNRA အဖွဲ့ဟာ ရဲဘော်ကတုံးကို သေနတ်နဲ့ (၃) ချက်တိတိ ပစ်ခတ်သတ်ဖြတ်ခဲ့ရုံတင်မကဘဲ၊ ကျဆုံးသွားတဲ့ ရုပ်အလောင်းကိုတောင် လူသားချင်းစာနာမှု အစအနမျှမရှိဘဲ တိရိစ္ဆာန်တစ်ကောင်လို ဆိုင်ကယ်ပေါ်တင်ပြီး ဇရပ်တစ်ခုကို လွှင့်ပစ်ထားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ကျဆုံးရဲဘော်ကိုင်ဆောင်တဲ့ သေနတ်အတိုကိုပါ အပိုင်စီး သိမ်းဆည်းထားတာဟာ တော်လှန်ရေးလုပ်နေတာလား၊ လက်နက်လုပြီး လူသတ်နေတာလားဆိုတာ မေးခွန်းထုတ်စရာပါ။
⚠️ BNRA ရဲ့ အစဉ်အလာဆိုးကြီး
ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ (၁၁) လပိုင်းတုန်းကလည်း BNRA ရဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း (၃) က ရဲဘော်မင်းထက်နိုင် ကျဆုံးခဲ့ရဖူးပါတယ်။ အခုလည်း ရဲဘော်ကတုံးကို ထပ်မံသတ်ဖြတ်လိုက်ပြန်ပါပြီ။ တော်လှန်ရေးသမားအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေတာဟာ အာဏာရှင်ထက်တောင် ပိုပြီး စက်ဆုတ်ရွင်ရှာဖို့ ကောင်းနေပါပြီ။

📢 အထက်လူကြီးများ သတိပြုရန် (သို့မဟုတ်) နိုးထကြရန်
BNRA အထက်လူကြီးများ: လေလိုင်းပေါ်ကနေ အမိန့်ပေး၊ ကြေညာချက်ထုတ်နေရုံနဲ့ မပြီးပါဘူး။ ခင်ဗျားတို့ အောက်ခြေကလူတွေ ဘာတွေယုတ်မာနေလဲဆိုတာ ဆင်းကြည့်ကြဦး။ လူသတ်သမားတွေကို လက်သပ်မွေးမထားပါနဲ့။
NUG အစိုးရ: တော်လှန်ရေးရဲဘော်တွေဟာ ရန်သူ့လက်နဲ့ သေရမှာထက် အချင်းချင်း သတ်လို့ သေရမှာကို ပိုကြောက်နေရပြီ။ ဒီလို သွေးအေးအေးနဲ့ သတ်ဖြတ်နေမှုကို ဘယ်အချိန်ထိ “ညှိနှိုင်းနေဆဲ” ဆိုတဲ့ စကားလုံးနဲ့ အချိန်ဆွဲနေဦးမှာလဲ? ပြတ်သားတဲ့ အရေးယူမှု တစ်ခုခုကို အခုချက်ချင်း ပြသပါ။
”ကျုပ်တို့က တော်လှန်ရေးလုပ်နေတာလား၊ အချင်းချင်း သတ်ဖို့ စောင့်နေကြတာလား? အဖြေပေးကြပါ။”
အမှန်တရားအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်သလို၊ ကျဆုံးသွားတဲ့ ရဲဘော်အတွက် တရားမျှတမှု မရမချင်း ဒီကိစ္စကို လက်လျှော့မှာ မဟုတ်ဘူး။

✍️နေသူရိန်


Leave a Reply