ဖူးခက် (Phuket) ဒေသခံများသည် ညဉ့်နက်ပိုင်းတွင် အသံကျယ်လောင်စွာ လိင်ဆက်ဆံလေ့ရှိသည့် ၎င်းတို့၏ နိုင်ငံခြားသား အိမ်နီးချင်း စုံတွဲတစ်တွဲအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ တိုင်ကြားချက်အရ အဆိုပါ စုံတွဲသည် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညတိုင်း ကျယ်လောင်သည့် ညည်းညူသံများ ပြုလုပ်လေ့ရှိပြီး ယင်းကဲ့သို့ ဆူညံသံများကြောင့် အနီးအနားတွင် နေထိုင်သူများမှာ အိပ်စက်ရာတွင် အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် မနေ့က ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ရွာသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အသက်လတ်ပိုင်း နိုင်ငံခြားသား အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
၎င်းအမျိုးသားသည် ဆူညံသံတိုင်ကြားချက် မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး ယခင်ကလည်း ရဲတပ်ဖွဲ့၏ သတိပေးမှုကို တစ်ကြိမ် ခံခဲ့ရဖူးကြောင်း၊ သို့သော် ယခုကဲ့သို့ ထပ်မံ တိုင်ကြားခံရမည်ဟု မထင်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူများက ၎င်းအား နောက်တစ်ကြိမ် သတိထပ်ပေးခဲ့ပြီးနောက် အဆိုပါအမျိုးသားက အသံလျှော့ချမည်ဟု ကတိပေးခဲ့ကာ ၎င်း၏ အိမ်နီးချင်းများကိုလည်း သွားရောက် တောင်းပန်ခဲ့ကြောင်း Phuket Andaman News Agency ၏ သတင်းတွင် ဖော်ပြထားသည်။
စိတ်ဝင်စားဖွယ် ဆင်ခြေတစ်ခုမှာ ထိုအမျိုးသားက မိမိသည် နေ့တိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ကာ ပြိုင်ပွဲဝင်နေရသည့် ဘောလုံးအားကစားသမားတစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု သန်မာလွန်းခြင်းကြောင့် လိင်ပိုင်းဆိုင်ရာတွင် ခွန်အားတွေ အရမ်းပြည့်ဝနေခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းအနေဖြင့် အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် နောင်တွင် အသံကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်ဟု သိရသည်။
Ref : Thethaiger


Leave a Reply