ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်ရဲ့ မသန်စွမ်းသူ ပုံစံတု သရုပ်ဖော် ပြက်လုံးကိစ္စ သဘင်အစည်းအရုံး ဆွေးနွေးမယ်

Mm News.xyz 2026 02 24 040006

မသန်စွမ်းသူတွေရဲ့ လှုပ်ရှားသွားလာပုံကို ပုံစံတူလုပ်ကာ သရုပ်ဖော်ပြက်လုံး လုပ်ခဲ့တာကြောင့် ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးကတာဝန်ရှိသူတွေ ဒီကနေ့ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကော်မတီဝင်တစ်ဦးထံက သိရှိရပါတယ်။

အစည်းအဝေးက အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ သဘင်အစည်းအရုံးတို့ နှစ်ဖက်ဆွေးနွေးတာမျိုးမဟုတ်ဘဲ သဘင်အစည်းအရုံးတစ်ဖွဲ့တည်းက တာဝန်ရှိသူတွေပဲ သီးခြား ဆွေးနွေးကြမှာဖြစ်ပါတယ်။

“ဟိုးအရင်ကတည်းက ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ အခုကာလမှာတော့ ဒါမျိုးမလုပ်ဖို့ လိုပါတယ်။ ညနေ အစည်းအဝေးအပြီးမှာတော့ ဆုံးဖြတ်ချက်တစ်ခုထွက်လာမှာပါ” လို့ ကော်မတီဝင်က ဆိုပါတယ်။

Mm News.xyz 2026 02 24 035845

စင်မြင့်ထက်မှာ ဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားက သီချင်းသီဆိုဖျော်ဖြေနေချိန် လူရွှင်တော်အဖွဲ့တွေက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လမ်းလျှောက်တဲ့ ပုံစံမျိုး လျှောက်ပြခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေကြတာပါ။

ဒီရုပ်သံဖိုင်ကို မသန်စွမ်းသူတွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အ‌ရေးလှုပ်ရှားသူတွေက ရှုတ်ချခဲ့ကြတာပါ။ မသန်စွမ်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းကလည်း ပြင်းထန်စွာရှုတ်ချကြောင်းစာထုတ်ပြန်ထားပြီး အရေးယူဆောင်ရွက်နိုင်ရေး ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

အောင်ဇမ္ဗူဇာတ်ရဲ့ ခေါင်းဆောင်မင်းသားအောင်ဇမ္ဗူ ကတော့ ဒီတင်ဆက်မှုဟာ ပရိတ်သက်ကို ပျော်စေချင်လို့လုပ်ဆောင်တာဖြစ်ပြီး မသန်စွမ်းတွေကို ထိခိုက်စေလိုတာမရှိဘဲ တောင်းပန်ကြောင်း အနုပညာသတင်းမီဒီယာတွေကို မနေ့က ဖြေထားတာတွေ့ရပါတယ်။

Mm News.xyz 2026 02 24 035926

“ဒီလိုမသန်စွမ်းတွေလုပ်နေကျပုံစံဆိုတာမသိဘူးပေါ့လေ။ ဒီလိုဖြစ်လာတဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ့်ကိုပြောလို့ ရှေ့ကိုပြောတာမဟုတ်ပေမဲ့ လူရွှင်တော်ကြီးတွေက အပျော်သဘောနဲ့ လုပ်ခဲ့ကြတာအများကြီးပဲ” လို့ အောင်ဇမ္ဗူက ထည့်ပြောထားပါတယ်။

လူမှုကွန်ရက်မှာ ဝေဖန်ချက်တွေ မြင့်တက်လာအပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတော့ ဆင်ဆာဥပဒေမှာ မသန်စွမ်းတွေကို လှောင်ပြောင်တာမလုပ်ဖို့ ထည့်သွင်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

Mm News.xyz 2026 02 24 040015

“သဘင်အစည်းအရုံးမှာတော့ သရုပ်ပျက်ဖျော်ဖြေဝတ်စားမှုမလုပ်ဖို့တော့ စည်းကမ်းသတ်မှတ်ချက် ရှိတယ်ပေါ့လေ။ မသန်စွမ်းသူတွေအတွက်တော့ သီးခြားမရှိဘူးပေါ့” လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးကော်မတီဝင်က ပြောပါတယ်။

မြန်မာမှာ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးမှုအားနည်းတာကြောင့် ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ပြီး မသန်စွမ်းသူတွေအနေနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ အကာအကွယ်ပေးမှုအပိုင်းလည်း အားနည်းခဲ့တယ်လို့ မသန်းစွမ်းသူများအရေးလှုပ်ရှားကြတဲ့အဖွဲ့တွေက ထောက်ပြပါတယ်။

Mm News.xyz 2026 02 24 040025

၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်မှ မသန်စွမ်းသူများအခွင့်အရေးဥပဒေထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ ၇၇ (ဂ)အရ မသန်စွမ်းသူတွေကို တလွဲအသုံးပြုပြီး ကိုယ်ကျိုးစီးပွားမရှာဖို့ တားမြစ်ထားတာဖြစ်ပါတယ်။

အခုဖြစ်စဥ်ဟာ မသန်စွမ်းသူကိုယ်တိုင်ကို အသုံးချတာမဟုတ်ပေမဲ့ မသန်စွမ်းသူအဖြစ်သရုပ်ဆောင်ကာ စီးပွားရှာတာဖြစ်တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

Mm News.xyz 2026 02 24 040035

မသန်စွမ်းအခွင့်အရေးဥပဒေရဲ့ ပုဒ်မ ၇၇ ပါတားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၃ သိန်းကနေ အများဆုံး၁၀သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *