တာချီလိတ်မြို့ မြို့ပတ်လမ်းမှာ စောင်နဲ့ထုတ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရုပ်အလောင်းအမှုနဲ့ ပတ်သက်ပြီး အလောင်းကို စွန်ပစ်ခဲ့သူတွေနဲ့ ဆက်စပ်တဲ့ တရားခံတစ်ဦးကို ဖမ်းမိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာချီလိတ်မြို့ပတ်လမ်းမှာ အသက် ၂၅ အရွယ် အမျိုးသမီးရုပ်အလောင်းကို စောင်နဲ့ထုတ်လျက်အနေအထားနဲ့ ဒေသခံတွေက တွေ့ရှိခဲ့ကြပြီးနောက် တရားခံတွေကို လိုက်လံစုံစမ်းခဲ့ရာက အမှုပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သေဆုံးသူအမျိုးသမီး မဖြူဖြူအေးနဲ့ အလောင်းဖျောက်ခဲ့သူ ဉာဏ်လင်းထက် (ခ)အားစန်းကော တို့ဟာ KTV မှာတွေ့ဆုံခဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြပြီးနောက် မဖြူဖြူအေး ဆေးလွန်သွားခဲ့တာကြောင့် တည်းခိုခန်းတစ်ခုမှာ ထားခဲ့တယ်လို့ သိရပါတယ်။
တည်းခိုခန်းမှာထားပြီးနောက် နေအိမ်ကိုခေါ်ကာ အရပ်ဆေးနည်းတွေနဲ့ကုခဲ့ပြီး အခြေအနေမကောင်းတော့တာကြောင့် ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်း တို့ဟာ မဖြူဖြူအေးရဲ့ ရုပ်အလောင်းကို စောင်နဲ့ထုပ်ကာ မြို့ပတ်လမ်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

“အခုဖမ်းမိတဲ့ကောင်လေးက အားစန်းကောရဲ့ သူငယ်ချင်း၊ အားစန်းကောက ကောင်မလေးရဲ့ ရည်းစားပေါ့။ ကောင်မလေး ဆေးလွန်တာကို ဆေးရုံမပို့ဘဲ ဆားရည်တိုက် ဘာညာလုပ်တော့ ဆုံးသွားတာ။ အဲဒါကိုကြောက်ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်တာ။ အားစန်းကော အမေလည်းပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အလောင်းဖျောက်မှုမှာပါဝင်ခဲ့တဲ့ ဉာဏ်လင်းထက်(ခ)အားစန်းကောရဲ့ သူငယ်ချင်းဖြစ်သူ စိုင်းဇော်ပိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာက ဖြစ်စဉ်တွေကို သိခဲ့ရတာလို့ ဆိုပါတယ်။

“ကောင်မလေးက Happy Pod တွေ သုံးပြီးတော့ ဘိန်းဖြူ ထပ်ထိုးလိုက်တာမှာ ရှော့ဖြစ်သွားတာ၊ ဖြစ်ဖြစ်ချင်း ဆရာဝန်နဲ့မပြဘဲ တည်းခိုခန်းမှာထား ဆားရည်တွေတိုက်တော့ ပိုဆိုးပြီး အန်တာတွေဖြစ် နောက်တော့ သေသွားတာ၊ သေသွားတော့ အဖမ်းခံထားရတဲ့သူနဲ့အတူ ကောင်မလေးရည်းစားဖြစ်တဲ့ ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ သူ့အမေတို့ ကားနဲ့သယ်ပြီး စွန့်ပစ်လိုက်ကြတာ၊ ရုပ်အလောင်းတွေ့တဲ့ကိစ္စ လိုင်းပေါ်ပျံ့တော့ အဲ့သားအမိက ထိုင်းကို ထွက်ပြေးသွားပြီ၊ ကျန်ခဲ့တဲ့သူ တစ်ယောက်ပဲ မိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီအမှုက စစချင်းမှာတင် တပ်နဲ့ရဲရဲ့ လုပ်ပုံကိုက အလောင်းဖျောက်ဖို့ ကြိုးစားနေသလို ဖြစ်နေတာ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညက မဖြူဖြူအေး ဆုံးတာ။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အလောင်းတွေ့တယ်၊ ဒါကို နာရေးကူညီမှုအသင်းက ဘယ်သူ့ကိုမှ အသိမပေးဘဲ သဂြိုဟ်ပစ်လိုက်တယ်။ မိသားစုက လူပျောက်တိုင်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျမှ ဆုံးသွားပြီ၊ သဂြိုဟ်ပြီးပြီဆိုတာ သိရတာ။ ပုံမှန်ဆို ဒီမြို့က ‘ကိုလှမိုးနာရေးကူညီမှုအသင်း’ က လမ်းဘေးပျံကျ သေတာတောင် ဓာတ်ပုံရိုက်ပြီး အသေးစိပ် သတင်းတင်နေကျ။ ဒီကောင်မလေးကျမှ ဘာလို့ သဂြိုဟ်တာတောင် မသိလိုက်ရတာလဲ။ အခု တရားခံတစ်ယောက် မိပြီဆိုပေမဲ့ အရင်က အမှုဖျောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မတရားမှုတွေကိုလည်း အမှုပြန်ပတ်စေချင်တယ်။လူမှုကွန်ရက်နဲ့ အပြင်မီဒီယာတွေကို အကူအညီတောင်းပြီး သတင်းတင်ခိုင်းရလို့သာ အခုလို အမှုပေါ်လာတာပါ။ တကယ်လို့သာ ကျွန်တော်တို့ နှုတ်ပိတ်နေခဲ့ရင် ဒီအမှုက ဒီအတိုင်း ပျောက်သွားမှာ။”ဟု မဖြူဖြူအေး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

အလောင်းဖျောက်မှုမှာပါဝင်ခဲ့တဲ့ စိုင်းဇော်ပိုင်ကို ရဲက ပူးပေါင်းကြံစည်သူအဖြစ် ဖမ်းဆီးထားတယ်လို့သိရပြီး တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေ ပေါများနေပြီး ဆေးလွန်ကာသေဆုံးမှုတွေလည်း လူငယ်တွေကြား မကြာခဏ ဖြစ်နေကာ Happy water နဲ့ တခြားမူးယစ်ဆေးဝါးတွေလည်း KTV တွေမှာ အလွယ်တကူ ရရှိနေတယ်လို့ သိရပါတယ်။
အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ သမီးရည်းစားများဖြစ်ကြပြီး မသေဆုံးမီ ရက်သတ္တပတ်ခန့်မှ သမီးရည်းစားဖြစ်သူများဖြစ်ကြောင်း၊ မဖြူဖြူအေးမှာ Happy Pod ခေါ် မူးယစ်ဆေးဝါတစ်မျိုး သုံးစွဲထားစဉ် ဘိန်းဖြူထပ်မံထိုးသွင်းခဲ့သည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“Happy Pod တွေ လစ်နေချိန်မှာ ဘိန်းဖြူထပ်ထိုးတာလို့ သိရတယ်။ မိဘတွေအနေနဲ့လည်း ဒါကို သတိထားဖို့လိုတယ်။ အခုက တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေက ပေါနေတာ။ ကိုယ့်သားသမီးအခြေအနေ အကဲခတ်ပြီး မူးယစ်ဆေးစွဲနေတယ်ဆိုရင် ထိန်းသိမ်းကြဖို့လိုတယ်” ဟု ၎င်းက သတိပေးထားပါတယ်။
မဖြူဖြူအေး သေဆုံးမှုမှာ သားလုပ်သူရဲ့အမှားကို လမ်းမှန်မပြဘဲ အလောင်းဖျောက်ဖို့အထိ အတူတူကြံရာပါဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူအပါအဝင် တရားခံများပေါ်ပြီ
ချစ်သူများနေ့ဆိုတာ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးတဲ့နေ့ပါ။ ဒါပေမဲ့ တာချီလိတ်မြို့က အသက် ၂၁ နှစ်အရွယ် မဖြူဖြူအေး အတွက်တော့ သူမရဲ့ နောက်ဆုံးနေ့ ဖြစ်သွားခဲ့ရရှာပါတယ်။
အခုအချိန်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွင်းဆက်တရားခံတစ်ဦး ဖမ်းဆီးခံလိုက်ရပြီဖြစ်တဲ့အကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
KTV ပါတီပွဲလေး ဘယ်လိုအဆုံးသတ်သွားခဲ့သလဲ?
ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့ညမှာ မဖြူဖြူအေးနဲ့ သူမရဲ့ရည်းစားဖြစ်သူ အားစန်းကောတို့ဟာ KTV တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင် ဆုံဆည်းခဲ့ကြပါတယ်။ ပျော်ရွှင်မှုတွေကြားထဲမှာ စိတ်.ကြွ..ဆေး-ဝါး နဲ့ ဘိ-န်း-ဖြူ ကိုပါ ရောနှောသုံးစွဲမိခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနေရာကနေ စတင်ခဲ့တဲ့ ပျော်ရွှင်မှုဟာ သိပ်မကြာခင်မှာပဲ အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဆေး-အ-လွန်အ-ကျွံသုံးစွဲမိပြီး မဖြူဖြူအေး အခြေအနေ ဆိုးရွားလာချိန်မှာ …
သူမကို ဆေးရုံအမြန်ပို့ပြီး အသက်ကယ်သင့်ပေမဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းတွေက တည်းခိုခန်းတစ်ခုကို ခေါ်သွားခဲ့ကြပါတယ်။ အခြေအနေက ပိုဆိုးလာပြီး ပါးစပ်က အမြှုပ်တွေထွက်လာချိန်မှာတော့ အိမ်ကိုခေါ်သွားပြီး အရပ်နည်းတွေနဲ့ ကုသဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ မဖြူဖြူအေးဟာ Aသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
အမှားကို ဖုံးကွယ်ဖို့ နောက်ထပ် အမှားကြီးတစ်ခု
ဒီနေရာမှာ ပိုပြီး ထိတ်လန့်စရာကောင်းတာက သူတို့ရဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေပါပဲ။
ဖမ်းဆီးခံထားရတဲ့ စိုင်းဇော်ပိုင် ရဲ့ ထွက်ဆိုချက်အရ သိရတာကတော့
အဓိကပါဝင်သူ ဉာဏ်လင်းထက် (ခ) အားစန်းကော နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ဟာ မဖြူဖြူအေး ဆုံးပါးသွားတာကို သိရှိပြီးတဲ့နောက်မှာ အကြောက်လွန်ပြီး အမှုဖုံးကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရုပ်Aလောင်းကို မြို့ရှောင်လမ်းဘေးမှာ သွားရောက်စွန့်ပစ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာပါ။
အခုအချိန် ဘယ်သူတွေ အရေးယူခံထားရပြီလဲ?
လက်ရှိမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိုင်းဇော်ပိုင်ကို ဖမ်းဆီးရမိထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နေပါတယ်။ ထွက်ပြေးနေတဲ့ သားအမိနှစ်ဦးကိုလည်း ဆက်လက်ခြေရာခံနေဆဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ဘာတွေကို သတိပေးနေတာလဲ?
ဒီဖြစ်စဉ်ဟာ လူငယ်တွေအတွက်ရော၊ မိဘတွေအတွက်ပါ နိုးကြားစရာ သတိပေးခေါင်းလောင်းသံတစ်ခုပါ။
၁။ မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခဏတာ ပျော်ရွှင်မှုက ဘဝတစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်ပါတယ်။
၂။ တာဝန်ယူမှုကင်းမဲ့ခြင်း – မိတ်ဆွေတစ်ယောက် အသက်အန္တရာယ်ကြုံလာချိန်မှာ ဆေးရုံအမြန်ပို့ဖို့ထက် အကြောက်လွန်ပြီး ဖုံးကွယ်ဖို့ကြိုးစားတာဟာ လူသားဆန်တဲ့ အပြုအမူ မဟုတ်ပါဘူး။
၃။ မိဘတွေရဲ့ လမ်းမှားလိုက်မှု – အမှားလုပ်မိတဲ့ သားသမီးကို လမ်းမှန်ပြရမယ့်အစား အတူတူ အမှုဖုံးကွယ်ပေးတာဟာ ပိုမိုကြီးမားတဲ့ ရာဇဝတ်မှုဆီကိုပဲ တွန်းပို့လိုက်တာပါ။
မိဘပြည်သူများအနေနဲ့ ကိုယ့်သားသမီးတွေ ညဘက်အပေါင်းအသင်းတွေနဲ့ ပျော်ပါးတဲ့နေရာမှာ ဘယ်လိုမျိုး အနီးကပ်စောင့်ကြည့်သင့်တယ်လို့ ထင်မြင်မိပါသလဲ? ဒါမှမဟုတ် လူငယ်တွေအနေနဲ့ ဒီလိုအဖြစ်မျိုးက ဘာသင်ခန်းစာယူသင့်တယ်လို့ ထင်ပါသလဲ? ဆွေးနွေးချက်လေးတွေ အောက်မှာ ဝေမျှခဲ့ကြပါဦး။


Leave a Reply