ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်လွှတ်လို့မရနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အနာဂတ်ကိုယ်စီနဲ့ အမျိုးသမီးသုံးယောက်ရဲ့အသက်ခန္ဓာဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရပါတယ်။

သူတို့ကတော့ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှာနေထိုင်ကြတဲ့ ဒေါ်လှသိန်းရွှေ (၅၅)နှစ်၊ သူမရဲ့သမီး ဒေါ်အေးအေးသိန်း (၃၁)နှစ်နဲ့ ဒေါ်လှသိန်းရွှေရဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃)နှစ်တို့ဖြစ်ပါတယ်။

သူမတို့ သုံးယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းက ‌သူမတို့ပိုင်ဆိုင်တဲ့ တောတောင်ထဲက ဥယျာဉ်ခြံတခုသို့ အလုပ်လုပ်ဖို့ အသွားမှာ ပျောက်ဆုံးနေခဲ့ပါတယ်။

Mm News.xyz 2026 02 26 092926

အကြောင်းကတော့ အုန်းတောကျေးရွာက သူမတို့သုံးယောက်အပါအဝင်အမျိုးသမီး ငါးယောက်ဟာ တောတောင်ထဲက ဥယျာဉ်ခြုံသို့အသွား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး တားမြစ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေရဲ့အဆိုအရ သိရပါတယ်။

အမျိုးသမီးငါးယောက်ထဲက နှစ်ယောက်ကတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားမြစ်မှုကြောင့် လှည့်ပြန်ခဲ့ကြပေမဲ့ ဒေါ်လှသိန်းရွှေတို့မိသားစုဝင်သုံးယောက်ကတော့ တခြားတဘက်က ဥယျာဉ်ခြံသို့ အရောက်သွားခဲ့ကြပါတယ်။

အဲဒီခရီးဟာ သူမတို့အတွက် အသက်ရှင်လျက် အိမ်ပြန်မလာနိုင်တော့မဲ့ ခရီးတခုဆိုတာကို ကြိုသိခဲ့ကြပုံမပေါ်ပါဘူး။

အကြောင်းကတော့ စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်တာကို ခံလိုက်ရတာဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *