Photo 6199345650789889375 X

ထောင်တွင်းမှာ အတိုး ၁၀၀ ရာခိုင်နှုန်းအတိုးနဲ့ ငွေချေးပြီး စီးပွားဖြစ်နေတဲ့သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး

အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက်ပြီး နှိပ်စက်ခဲ့တဲ့အမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး ဖူးငုံပွင့်ဟာ အင်းစိန်ထောင်အတွင်းမှာ အတိုးနှုန်းအဆမတန်ကြီးမားတဲ့ ငွေတိုးချေးစားတဲ့လုပ်ငန်းနဲ့ စီးပွားဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အကျဉ်းသားမိသားစုဝင်တွေရဲ့ ပြောကြားချက်အရ ဖူးငုံပွင့်ဟာ ထောင်တွင်းမှာ ငွေကြေးအခက်အခဲရှိသူတွေကို အတိုး ၁၀၀ ရာခိုင်နှုန်း (တစ်ကျပ်တိုးနှုန်း) နဲ့ ချေးစားနေတာဖြစ်ပြီး၊ အတိုးပေးရမယ့်ရက်မှာ မိသားစုဝင်တွေက တရားရုံးချိန်းတွေနဲ့ ထောင်ဝင်စာတွေ့ချိန်တွေမှာ မပျက်မကွက် ပြန်ဆပ်နေရတယ်လို့ သိရပါတယ်။

ဒီလို အတိုး ၁၀၀ နှုန်းနဲ့ ချေးစားတာဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေထက် ကျော်လွန်နေပြီး၊ လိုင်စင်မဲ့ ငွေတိုးချေးစားမှုဟာ တရားမဝင်တဲ့အပြင် ငွေဒဏ် (သို့) ထောင်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။

ထူးခြားတာက ဖူးငုံပွင့်ဟာ ထောင်ထဲမှာရှိနေပေမဲ့ အပြင်စာတွေ မှာယူစားသောက်တာ၊ အသားအရေလှပဖို့ ဆေးဝါးတွေ သုံးစွဲတာနဲ့ နုနုဖတ်ဖတ် လှလှပပ နေထိုင်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

ထောင်အတွင်းမှာ “စာရေး” အဖြစ် နေရာရယူထားပြီး ဝန်ထမ်းတွေရဲ့ အရေးပေးမှုကို ရရှိထားတဲ့ အခွင့်ထူးခံလူတန်းစားတစ်ဦးအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။

ဇနီးမောင်နှံနှစ်ဦးစလုံးကလည်း ဩဇာညောင်းနေတယ်လို့ သိရပါတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ မင်းရာဇာကိုယ်တိုင်ကလည်း ထောင်တွင်းမှာ “အကျဉ်းသားအရာရှိ” လုပ်ပြီး ဩဇာပြနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *