အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို ဒီနေ့မှာပဲ စတင်တိုက်ခိုက်လိုက်ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်ဘက်က ရန်စလာမယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
အစ္စရေးက တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ကြေညာတာကတော့ အီရန်ဘက်ကနေ ဒရုန်းတွေ၊ ဘလက်စတစ်ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်လာနိုင်ခြေရှိတာကြောင့် အစ္စရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ (State of Emergency) ကို ချက်ချင်းကြေညာလိုက်တာပါ။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အခုတိုက်ခိုက်မှုဟာ အစ္စ ရေး နိုင်ငံရဲ့ လုံခြုံရေးအတွက် မဖြစ်မနေလုပ်ဆောင်ရတဲ့ ခြေလှမ်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးပိုမိုကျယ်ပြန့်လာမှာကို ကမ္ဘာတစ်ဝန်းက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။
အီရန်နိုင်ငံကို အစ္စရေး၏ တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံက ပူးပေါင်းပါဝင်ပြီး အီရန်ခေါင်းဆောင် ခါမေနီ၏ ရုံးခန်းအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားနေ

အီရန်နိုင်ငံကို အစ္စရေး၏ တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံက ပူးပေါင်းပါဝင်ပြီး အီရန်ခေါင်းဆောင် ခါမေနီ၏ ရုံးခန်းအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားနေကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။
အစ္စရေးစစ်တပ်က စနေနေ့တွင် အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်ကို နေ့ခင်းကြောင်တောင်တွင်ပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့လယ်ခေါင်တစ်ဝိုက်၌ မီးခိုးလုံးကြီးများ ထွက်ပေါ်လျက်ရှိသည်။
ပထမဆုံးအကြိမ် တိုက်ခိုက်မှုမှာ အီရန်၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ၏ ရုံးခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဤစစ်ဆင်ရေးတွင် အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပတ်သက်နေကြောင်း အမေရိကန်အရာရှိတစ်ဦးနှင့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုသည်။

သို့ရာတွင် အမေရိကန်ပါဝင်ပတ်သက်မှု အတိုင်းအတာကို အတိအကျ မသိရသေးသော်လည်း၊ အမေရိကန်သည် အီရန်အား ၎င်း၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီချက်ရရှိရန် ဖိအားပေးသည့်အနေဖြင့် ဒေသတွင်း၌ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောအုပ်စုကြီးကို အသင့်ပြင်ဆင်ထားရှိခဲ့ခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သော ခါမေနီသည် ရုံးခန်းအတွင်း ရှိနေခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ၎င်းကို လူမြင်ကွင်း၌ မတွေ့ရသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် တီဟီရန်မြို့လယ်ရှိ ခါမေနီ၏ ရုံးဝင်းအတွင်းသို့ သွားရောက်သည့် လမ်းအားလုံးကို အာဏာပိုင်များက ပိတ်လိုက်ပြီး မြို့တော်တစ်ဝန်းတွင်လည်း နောက်ထပ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။

အမေရိကန်သမ္မတ ထရန့်က အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည့် သဘောတူညီချက်တစ်ခု ရရှိရန် ရည်ရွယ်ထားပြီး၊ လက်ရှိတွင် အီရန်အစိုးရသည် ပြည်တွင်း၌ ဆန္ဒပြမှုများနှင့် ကန့်ကွက်မှုများကြောင့် အကျပ်ရိုက်နေချိန်ကို အခွင့်ကောင်းယူရန် ကြိုးပမ်းခြင်းဖြစ်သည်။
အီရန်ဘက်ကမူ စစ်ပွဲဖြစ်ပွားခြင်းကို ရှောင်လွှဲလိုသော်လည်း ယူရေနီယံသန့်စင်ခွင့်နှင့် တာဝေးပစ်ဒုံးကျည် အစီအစဉ်များအပါအဝင် ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့များအား ထောက်ပံ့နေသည့် ကိစ္စရပ်များကိုမူ ဆွေးနွေးရန် ငြင်းဆန်ထားသည်။

အီရန်ဘက်က ချက်ချင်းလက်တုံ့ပြန်ခြင်း ရှိ၊ မရှိကို မသိရသေးသော်လည်း ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် စစ်သားများကို ပစ်မှတ်ထားမည်ဟု အီရန်က ကြိုတင်သတိပေးထားသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကမူ ဤတိုက်ခိုက်မှုသည် “ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်” ဖြစ်သည်ဟု ဆိုသည်။
တစ်ချိန်တည်းတွင် အစ္စရေးတစ်နိုင်ငံလုံး၌ လုံခြုံရေးဥသြသံများ မြည်ဟီးနေပြီး လေကြောင်းပိုင်နက်ကိုလည်း ပိတ်လိုက်သည်။ အီရန်ဘက်မှလည်း ၎င်း၏ လေကြောင်းပိုင်နက်ကို ပိတ်လိုက်ပြီး လက်ကိုင်ဖုန်းလိုင်း ဝန်ဆောင်မှုများကိုလည်း ဖြတ်တောက်လိုက်ကြောင်း သိရသည်။


Leave a Reply