$ ၁၆ သန်းတန် စမိုင်းလ်အိမ် လစဉ်ကြေး ပေးမမှန်သည့် စာရင်းဝင်ကာ ဒေါ်လာ၂၁ သန်းကျော်ဖြင့်လေလံဆွဲကြမည်

၂၀၂၂ ခုနှစ်က $ ၁၆ သန်းကျော်နဲ့ ဝယ်ထားတဲ့ မြန်မာ့ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ စံအိမ်ကြီးကို ယခုအခါ preforeclosure ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်လာ ၂၁ သန်းကျော်နဲ့ အရောင်းတင်ထားတာကို တွေ့လာနေရပါတယ်။

ပရီ ဖိုကလိုဆာ ဆိုတာ အိမ်လခ လစဉ်ပေးသွင်းရမယ့်ငွေတို့ အိမ်ခွန်တို့ကို ပုံမှန် မပေးသွင်းတဲ့ အိမ်ကို ငွေချေးထားတဲ့ ကုမ္ပဏီကနေ ကာလအပိုင်းအခြားတခုအတွင်းမှာ ပေါက်ဈေးနဲ့ လေလံတင်ရောင်း ချခွင့် ပြုလိုက်တဲ့ သဘောလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။

၂၀ဝ၇ ခုနှစ်ကမှ ဆောက်ထားတဲ့ အဲဒီအိမ်ဟာ အိမ်ခန်း ၈ ခန်းနဲ့ အိမ်သာရေချိုးခန်း ၁၂ ခန်းပါရှိတဲ့ အဲဒီအိမ်ရဲ့ မြေခွန်ကြီးပဲ တနှစ်ကို ဒေါ်လာ ၂ သိန်းကျော်ပေးဆောင်ရပါတယ်။

မြေခွန်ဆိုတာက အိမ်ဖိုးငွေ အားလုံး ချေပြီးသွားရင်တောင် တသက်လုံး အစိုးရကို ပေးဆောင်ရတဲ့အခွန်ဖြစ်ပါတယ်။

နောက်တခုက အိမ်အာမခံပါ အဲဒါလည်း အိမ်ဖိုးအကြွေး မကြေသေးသရွှေ့ တသက်လုံး ပေးရတာမျိုးပါပဲ။

အခု အဲဒီအိမ်ရဲ့ အိမ်အာမခံကြေးက တနှစ်ကို ၈ သောင်းကျော်ကျပြီး၊ လစဉ်အနေနဲ့ ဒေါ်လာ ၇ ထောင်ကျော်ပေးဆောင်ရတာပါ။

အိမ်ရဲ့ ကုန်ကျစရိတ် အကြမ်းဖျင်းတွက်ကြည့်ရရင် ရေခ မီးခဖိုးတွေမတွက်ဘဲ မြေခွန်နဲ့ အာမခံကြေးနှစ်ခုတည်းနဲ့တင် အိမ်အတွက် တလကို ဒေါ်လာ ၂ သောင်းခွဲနီးပါးခန့် ကုန်ကျစရိတ်ရှိတာပါ။

လစဉ် အိမ်ဖိုးဆပ်ရမယ့် ဒေါ်လာ ၁ သိန်းကျော် အကြွေးပါထည့်ပေါင်းရင် အနည်းဆုံး လစဉ်ပေးရမှာ ဒေါ်လာ တသိန်းခွဲလောက် ကုန်ကျစရိတ်အနည်းဆုံးရှိမယ်လို့ တွက်ဆရပါတယ်။

ဘယ်လိုဖြစ်ဖြစ် ၂၀၂၂ က ဝယ်ခဲ့တဲ့ စမိုင်းတို့ လင်မယားရဲ့ မဟာ စံအိမ်တော်ကြီးဟာ မကြာခင်မှာ လေလံပွဲမှာ လေလံတင် ရောင်းချလာတော့မယ့် စာရင်းထဲပါနေတာ ၂ လနီးပါး ဖြစ်နေပြီလို့ Zillow မှာ ဖော်ပြထားပါကြောင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *