ဒီနှစ်မှာမြင့်မြတ်ရသွားတဲ့အကယ်ဒမီဟာ ရိုးရိုးသားသားရသွားတာလို့ထင်ရင် ရှင်တို့အမှားပဲ
ပွဲစားယုန်လေးကကြားကနေ အပေးအယူပေါင်းစုံနဲ့ ရအောင်ယူပေးထားတယ်ဆိုတာကို သူတို့ရပ်ကွက်ကနေသိထားပြီးပြီ
အကယ်ဒမီနဲ့ပတ်သက်ပြီး သူတို့အနုပညာရှင်အချင်းချင်းကြားမှာတောင်မကျေနပ်မှုတွေရှိနေကြတယ်
ဘယ်လိုအပေးအယူတွေလည်းတော့အတိအကျမသိပေမယ့် အခုလက်ရှိယုန်လေးဇာတ်ညွှန်းအတိုင်း မြင့်မြတ်လိုက်ကနေရတာကတော့သက်သေပေါ့
စကစ,ကလုပ်တဲ့ပွဲတိုင်းမှာ မြင့်မြတ်ကမပါမဖြစ်ပဲလေ
သူတို့အထဲကအနုပညာရှင်တစ်ယောက်သတင်းလာပို့လို့သိရတာကတော့ အရက်ဝိုင်းတစ်ခုမှာ ယုန်လေးကမြင့်မြတ်ကို “ငါ့ကောင်ရေ အကယ်ဒမီမှာမင်းက နေတိုးနဲ့ပြေတီဦးကိုကျော်သင့်နေပြီကွာ ဒီနှစ်တော့မင်းရကိုရရမယ် ဒီကောင်တွေကိုမင်းကျော်စေရမယ်”ဆိုပြီး အာချောင်တယ်တဲ့ .
အဲ့မှာထူးခြားတို့ကေညီတို့လည်းရှိနေတယ်
(ဘယ်သူလဲဆိုတာတော့ကျမဘယ်တော့မှပြောမည်မဟုတ်ပါကျမကိုယုံလို့သတင်းလာပို့တာမို့သူ့ရဲ့လုံခြုံရေးကိုကျမကစောင့်ထိန်းပေးရမယ်)
နောက်တော့အားလုံးမြင်တဲ့အတိုင်းပဲ မြင့်မြတ်ရဲ့ဘာမှမထူးခြားတဲ့ ဗွီဒီယိုကားသာသာ မဲပြာပုဆိုးသရုပ်ဆောင်ချက်တွေဖြစ်တဲ့ စည်ပင်ကားနဲ့ရအောင်ယူပေးခဲ့တယ်
ပြီးတော့ ယုန်လေးရုပ်ရှင် “မြို့ပြထဲကလမ်းမ”ကားထဲက ကောင်လေးတစ်ကောင်ကိုလည်း တည်းဖြတ်ဆုရအောင်လုပ်ပေးခဲ့တာလည်းတွေ့ကြမှာပါ
တကယ်ဆို အဲ့ကောင်ထက်ကောင်းတဲ့ကားတွေ အများကြီးပဲ
မေးစရာရှိတာကသူကိုယ်တိုင်အတွက်ဘာလို့မယူလဲပေါ့
သူကိုယ်တိုင်ကတော့ယူရဲမလား
ငိုမှန်းမသိရယ်မှန်းမသိနဲ့ အဆဲခံရမှာသိတယ်လေ
မြင့်မြတ်တို့ကျတော့ နဂိုကတည်းက ဖန်အင်အားရှိတယ်
သရုပ်ဆောင်ကောင်းပြီးသားဆိုတော့ နေတိုးတို့တခြားသူတွေကိုကျော်ပြီးပေးလိုက်လို့လည်းမသိသာဘူးလေ
အဲ့ဒါအားလုံးယုန်လေးရဲ့ ဖန်တီးပေးမှုတွေပါ
အစည်းအရုံးမှာ ဝင်စွက်ဖက်လွန်းလို့ ကြည်စိုးထွန်းတို့ဆိုရင် မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို စွတ်ဖားနေရတာ
သူ့နောက်မှာကညအကောင်ကြီးတွေချည်းပဲလေ
အကယ်ဒမီနောက်ပိုင်းအပေးအယူတွေကတော့ ဘာလဲဆိုတာသေချာမသိပေမယ့် စကစ ရဲ့လမ်းညွှန်ချက်တွေအတိုင်းလုပ်ပေးရမယ်ဆိုတဲ့ အပေးအယူလို့တော့ ခန့်မှန်းမိတယ် 😎😎😎
Eaint Theingi Kyaw


Leave a Reply