မေသန်းနုရဲ့ပတ်သက်တဲ့အကြောင်းတွေကို သူ့စာအုပ်ထဲမှာချရေးထားတယ်ဆိုတဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင် 💙💙💙
မြန်မာနိုင်ငံရဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဇင်ယော်မောင်မောင်ကတော့ အောင်မြင်တဲ့ဇာတ်ကားတွေ ရုပ်ရှင်တွေအများကြီးရိုက်ကူးခဲ့တဲ့သူဖြစ်သလို နိုင်ငံကျော်မင်းသမီးဖြစ်ခဲ့တဲ့မေသန်းနုကိုပါ လက်ထပ်ယူခဲ့တဲ့သူပါ။
ဇင်ယော်မောင်မောင်ဟာ အနုပညာလောကမှာ ဆယ်စုနှစ်တွေအများကြီးကျင်လည်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားမင်းသမီးဆိုတဲ့သူတော်တော်များများကို မွေးထုတ်ပေးခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ဇင်ယော်မောင်မောင်ဟာ သူ့ဘဝဖြတ်သန်းမှုအကြောင်းအရာတွေအပါအဝင် ကိုယ်ရေးကိုယ်တာအကြောင်းတွေ မိသားစုနဲ့အနုပညာအလုပ်ပေါ်ခံယူထားတာတွေကို ရေးသားထားတဲ့ကိုယ်တိုင်ရေး အတ္တပ္ပုတိတစ်အုပ်ကိုထုတ်ဝေသွားတော့မှာဖြစ်ပါတယ်။
မကြာသေးခင်ကကျင်းပခဲ့တဲ့သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲမှာ သူဟာ ဇနီးဟောင်းဖြစ်တဲ့မေသန်းနုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ စာအုပ်ထဲမှာထည့်ရေးထားတယ်လို့ဖြေလာခဲ့တာဖြစ်ပါတယ်။
မေသန်းနုနဲ့သူဟာ အအောင်မြင်ဆုံးအချိန်ကာလတွေမှာ လက်ထပ်ဖြစ်ခဲ့ကြတာဖြစ်ပြီး နှစ်ယောက်သားဟာ နှစ်တွေအများကြီး အနုပညာရှင်စုံတွဲတွေအဖြစ်နဲ့ လူသိများခဲ့ကြပါတယ်။
နောက်ပိုင်းမှာ မင်းသန့်မောင်မောင်ဆိုတဲ့သားတစ်ယောက်မွေးခဲ့ကြပြီး အဆင်ပြေပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ခဲ့ပေမဲ့ ကွာရှင်းမှုနဲ့အဆုံးသတ်သွားခဲ့ရတာပါ။
သူတို့နှစ်ယောက်ကွာရှင်းရတဲ့အကြောင်းအရင်းတွေဟာလည်း သင်းသင်းယုလှိုင် ဆိုတဲ့မင်းသမီးကြောင့်ဖြစ်ရသလို ကောလဟာလသတင်းတွေအမျိုးမျိုးထွက်လာတဲ့အပြင် တစ်ခြားသတင်းတွေလည်းအမျိုးမျိုးထွက်ခဲ့ပါသေးတယ်။
တစ်ကယ်ကွာရှင်းရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဇင်ယော်မောင်မောင်က စာအုပ်မိတ်ဆက်ပွဲမှာဖွင့်ဟပြောလာခဲ့ပါတယ်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ချစ်ပြီးအဆင်ပြေနေချိန်မှာ ကြားလူတစ်ယောက်ကြောင့်ကွဲသွားခဲ့ရတာဖြစ်တယ်လို့ပြောလာတာပါ။
ကြားလူဟာ မဆင့်နဲ့သူ့ကြားကို လောင်းကစားအပါအဝင် ငွေရေးကြေးရေးကိစ္စတွေနဲ့ အချင်းချင်းကြားအထင်အမြင်လွဲအောင်ဖန်တီးခဲ့ပြီး အိမ်ထောင်ကွဲဖြစ်သွားတဲ့အထိလုပ်ခဲ့တယ်လို့ပြောတာပါ။
ဒါ့အပြင် အဲ့လိုလုပ်ခဲ့တဲ့သူဟာ “အ”နဲ့စတဲ့နာမည်ပိုင်ရှင်ဖြစ်ပြီး နာမည်ကစုစုပေါင်းနှစ်လုံးရှိတယ်လို့ဆိုပါတယ်။
ဒီလူကြောင့်ပဲသာယာပြီး တစ်ယောက်ကိုတစ်ယောက်အထောက်အပံ့တွေပေးရင်း သားဖြစ်သူဇင်ယော်မောင်မောင်နဲ့အေးချမ်းနေတဲ့ မိသားစုဘဝလေးဟာ ပြိုကွဲသွားခဲ့ရတာာကို အခုချိန်ထိအတေးအမှတ်ထားထားတယ်လို့ ပါပြောလာခဲ့တာပါ။
ဒီစာအုပ်ထဲမှာလည်းမေသန်းနုရဲ့ပုံရိပ်တွေကိုပါထည့်သွင်းထားပြီးတော့ သားဖြစ်သူအပေါ်ခံစားရတဲ့သူ့ခံစားချက်တွေကိုလည်း ရေးသားထားတယ်လို့ဆိုပါတယ်။
စာအုပ်မိတ်ဆက်ပွဲကိုရောက်လာတဲ့ သားဖြစ်သူဒါရိုက်တာ မငးသန့်မောင်မောင်ကတော့ အဖေဖြစ်သူရဲ့စာအုပ်ဟာအံ့ဩဖို့ကောင်းကြောင်း အမေဖြစ်သူမေသန်းနုရဲ့ပုံတွေထည့်ထားမယ်လို့မထင်မှတ်ထားကြောင်းပြောခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း သူ့မိဘတွေဟာ ကွာရှင်းသွားကြပေမဲ့သူ့ကိုစိတ်ဒဏ်ရာမရအောင် အတော်လေးဂရုစိုက်ခဲ့ကြပြီး ကောင်းမွန်တဲ့မိဘတွေဖြစ်နေကြတယ်လို့ပြောလာတာပါ။
ဇင်ယော်မောင်မောင်ရဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီး မေသန်းနုကတော့ သူ့အနေနဲ့သူ့ပုံတွေကိုစာအုပ်ထဲမှာ သုံးတာကိုသဘောမတွေ့ကြောင်း သူ့ခွင့်ပြုချက်ကိုမတောင်းခံဘဲသုံးခဲ့တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြောင်းပြောလာခဲ့ပါတယ်။
ဒါ့အပြင် ဇင်ယော်မောင်မောင်ရဲ့စာအုပ်ကိုဖတ်မှာလားဆိုတဲ့မေးခွန်းကိုလည်း သူမအနေနဲ့စာအုပ်ကိုဖတ်စရာမလိုကြောင်း တစ်ကယ့်အဖြစ်အပျက်တွေကိုသိနေပြီးသားသူတစ်ယောက်အနေနဲ့ စာအုပ်ထဲကအကြောင်းအရာတွေကိုမဖတ်ချင်တော့ကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မဆင့်ကသူနဲ့ဇင်ယော်မောင်မောင်ဟာအခုချိန်မှာဆိုရင် မောင်နှမလိုမျိုးဖြစ်နေပြီဖြစ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနဲ့ပဲနေနေကြတာဖြစ်တယ်လို့ပြောပါတယ်။
ကွာရှင်းထားတာ အချိန်ကာလတစ်ခုရှိနေပေမဲ့ နောက်ပိုင်းသားဖြစ်သူမင်းသန့်မောင်မောင် မြန်မာပြည်ကိုပြန်ရောက်လာတဲ့အချိန်မှာ မိသားစုသုံးယောက်ကိုမကြာခဏတွဲတွေ့လာရပြီး အရင်ကလိုမျိုးတစ်ယောက်ကိုတစ်ယောက်ခါးခါးသီးသီးမဖြစ်ကြတော့ပါဘူး။
ဇင်ယော်မောင်မောင်ရဲ့ ကိုယ်တိုင်ရေးစာအုပ်ကတော့ ဘယ်လိုရောင်းအားဖြစ်ပြီး ဘယ်လိုအောင်မြင်မှုတွေရလာမလဲဆိုတာကိုစောင့်ကြည့်နေရမှာဖြစ်ပါတယ်။


Leave a Reply