Boycott လုပ်ခံရတော့ မှ ၊ပြည်သူက ပြောလာတော့မှ

“ကျွန်တော်က တော်ရုံတန်ရုံနဲ့လည်း Facebook ပေါ်မှာ အာချောင်နေတဲ့သူလည်းမဟုတ်ပါဘူး ..

ကိုယ့်သီချင်းကိုယ်လုပ်ပြီး အေးအေးဆေးဆေးနေတတ်တဲ့သူပါ ..

ကျွန်တော့်ရဲ့ Facebook page နဲ့ ကျွန်တော်သုံးတဲ့ Facebook account တွေမှာ ဝင်ကြည့်ရင် သိနိုင်ပါတယ် …

လူသိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်နဲ့ဓါတ်ပုံတွဲရိုက်မယ်ပြောရင် ဘယ်သူဘယ်ဝါမှမရွေးပဲ ကျွန်တော့်သီချင်းတွေကိုကြိုက်နှစ်သက်တဲ့ သူများနဲ့ photo အတူတူတွဲရိုက်ခဲ့တာနှစ်တော်တော်ကြာခဲ့ပါပြီ..

ကျွန်တော့်လို အနုပညာသမားတော်တော်များများလည်း ပရိတ်သက်နဲ့အတူတူ photo တွဲရိုက်ခြင်းကိစ္စက ကြုံဖူးနေတာ ထုံးစံပါပဲ ..

ကျွန်တော်နေ့စဉ်ဖြတ်သန်းနေတဲ့အခြေအနေကို ကျွန်တော်နဲ့ ခင်မင်တဲ့ အနုပညာသမားများနဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံးသိပါတယ် ..

ရှင်းရှင်းလေးနဲ့ လာရှုပ်နေသလိုပဲ ..

ကျွန်တော့်အကြောင်းကို ကြိုက်တဲ့သူ ကြိုက်တဲ့နေရာမှာ အဆင်ပြေသလို စုံစမ်းလို့ရပါတယ် …”

ဝေလက ဒီလို ရှင်းတယ်ပေါ့

ဒီစကားကို အခြေခံ ပြီးပြောရရင် သူဟာ နိုင်ငံရေး နဲ့ မပတ်သက်ဘူး သူ့ သီချင်းရေးတယ်၊ သီချင်းဆိုတဲ့ အလုပ်ပဲ လုပ်တယ်။ ဒါကို ပြောတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်တယ်ပေါ့။

ပျူစောထီးတွေက ဓာတ်ပုံ လာတွဲရိုက်တာ သူ့ပရိတ်သတ်မို့လို့ ဓာတ်ပုံ တွဲ အရိုက်ခံတယ်ပေါ့ သူရှင်းချင်တာက။

အဲသလို ပြောနေတဲ့ ဝေလကပဲ ‌အတုအယောင်ရွေးကောက်ပွဲ ကို စစ်အုပ်စု အတွက်မဲဆွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကမဲဆောက်မှာ အိမ့်ချစ်၊နောနော်တို့နဲ့ တွဲပြီး ရှိုးပွဲ မှာလာဆိုဖို့ လုပ်ခဲ့တယ်။

အဲဒီပွဲကို စီစဉ်ခဲ့သူတွေဟာ ဘယ်သူတွေလဲ လူတိုင်းသိကြပါတယ်။

‌ဒါနဲ့ပတ်သက်လို့ ရှင်းရဲပါသလား

ငါတို့ငါတို့အလုပ်ငါတို့လုပ်တာကွာ ဘာဖြစ်လဲ ဆိုတဲ့ လေသံနဲ့ ပြောခဲ့တဲ့သူ မှတ်မိကြမယ်ထင်ပါတယ်။

ကိုယ့်မိဘကို ကိုယ်လုပ်ကျွေး အေးအေးဆေးဆေးနေ နိုင်ငံရေးက ကိုယ့်ကိစ္စမဟုတ်ဘူး လို့ပြောခဲ့တဲ့

အခု ပေါ်တင် ဘောမ နေပြီ ဖြစ်တဲ့ J Fire ကို မှတ်မိကြမယ်ထင်ပါတယ်။

ထွက်ပြောတဲ့ လေသံကလည်း တစ်ထပ်ထဲပဲ အများကြီးပြောနေစရာကို မလိုတဲ့ကာလပါ။

“နီးရာဓားကို ကြောက်နေရင် ဓားမရှိတဲ့ဘက်မှာနေပါ” ဆိုတဲ့ စကားနဲ့ပဲ ပြန်ပြောချင်ပါတယ်။

ကိုယ့်ရွေးချယ်မှု အတိုင်း ကိုယ်ပြန်ခံရတာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် Boycott ဆက်လုပ်ကြရပါမယ်။

ပွဲလုပ်တဲ့ ကောင်တွေရဲ့ အချက်အလက် မိသားစု ကအစ ပုံတွေနဲ့ချပြ ပြီး လူတော မတိုးအောင်လုပ်ခြင်းအားဖြင့် နောက်တစ်ကြိမ် ပွဲ မလုပ်ရဲအောင်လုပ်ကြဖို့လဲ ဂျပန်ရောက်လူထု ကို နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

ဂျပန်မှာပြုလုပ်မယ့် အဆိုတော်ဝေလတို့ ပွဲကို သွားကြမလို့လား…?

ဝေလဟာ ဘယ်လိုလူမျိုးလဲ…?

ဝေလ က ဒီလိုလူမျိုး ဖြစ်နေလို့ပါ။ လူငယ်တွေကို ဖမ်းဆီး၊ စကမရဲ့ စစ်မှုထမ်းထဲပို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်၊ ကြက်ဝိုင်းထောင်၊ ဖဲဝိုင်းထောင်၊ ဆက်ကြေးကောက်နေတဲ့ စကမလက်ပါးစေ ပျုစောထီးတွေနဲ့ အတူတကွ နေထိုင် ဖြတ်သန်းနေတဲ့ ဒီလိုလူမျိုး ဖြစ်ပါတယ်။

ရှိုးပွဲတပွဲကို သွားနားထောင်တာ မဟုတ်ပါဘူး။ သင့်ရဲ့သမိုင်းကို သင်ကိုယ်တိုင် ရေးနေတာပါ။

တော်လှန်ရေးနဲ့ ပတ်သက်ရင် အင်အားကောင်းတယ်လို့နာမည်ရတဲ့ ဂျပန်ရောက်မြန်မာတွေ အသိသတိ ရှိနိုင်ကြဖို့ပါ။


Leave a Reply

Your email address will not be published. Required fields are marked *