🚨 အရေးပေါ်အကူအညီလိုအပ်နေပါသည်။ (Emergency Call for Help)
မလေးရှားရောက် မြန်မာနိုင်ငံသူ/သားများ အားလုံးရှယ်ပေးကြပါဦး။
အခုလောလောဆယ် “It’s Mint” ဆိုတဲ့သူ Live လွှင့်နေပြီး ရှာရှာ (Sharr Sharr) ကို နှိပ်စက်နေတယ်လို့ သိရပါတယ်။
ရှာရှာရဲ့ အခန်းကတ်ကိုယူပြီး အခန်းထဲအတင်းဝင်ရောက်သွားတာဖြစ်ပြီး လက်ရှိမှာ ရှာရှာနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
သိရှိရသမျှ အချက်အလက်များ –
ဖြစ်စဉ် – ရှာရှာက အကူအညီတောင်းဖို့ ဖုန်းဆက်ရာမှ အဆိုပါအမျိုးသား ရောက်ရှိလာပြီး ဖုန်းချသွားကာ ရှာရှာရဲ့ အော်ဟစ်သံများပါ ကြားလိုက်ရတယ်လို့ သိရပါတယ်။
တည်နေရာ – တိကျတဲ့နေရာ မသိရသေးသော်လည်း ရှာရှာ့သူငယ်ချင်းကို ပြောပြချက်အရ ဟိုတယ်နာမည်မှာ “M” အက္ခရာဖြင့် စတင်ကြောင်း သိရပါတယ်။
အခြေအနေ – လက်ရှိမှာ အမျိုးသားဖြစ်သူက Live လွှင့်နေပြီး အခြေအနေ တော်တော်လေး စိုးရိမ်ရပါတယ်။
မလေးရှားမှာရှိတဲ့ မြန်မာတွေအနေနဲ့ဖြစ်ဖြစ်၊ ဒီ Live ကို ကြည့်နေတဲ့သူတွေအနေနဲ့ဖြစ်ဖြစ် တည်နေရာအတိအကျ သိရှိပါက သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် နီးစပ်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံး အကြောင်းကြားပေးကြပါဦး။
ရှာရှာ့ကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါ!!
အန္တရာယ် ကင်းကင်းနဲ့ အမြန်ဆုံး အဆင်ပြေပါစေ ရှာရှာရေ
ဒီပြဿနာတွေ အမြန်ဆုံး ဖြေရှင်းနိုင်ပါစေ တိုင်းတစ်ပါး မလေးမြေမှာမို့ ပိုစိတ်ပူနေပြီ။
Rape ကိစ္စလိုလို ဘာလိုလိုတော့ လက်ရှိ သတင်းတွေ ပြန့်နေပါတယ်။


Leave a Reply