သရုပ်ဆောင် ခိုင်နှင်းဝေနှင့် ပရဟိတအဖွဲ့ ပုပ္ပါး-ပုဂံ လမ်းပိုင်းတွင် ပြန်ပေးဆွဲခံရဟု သတင်းများထွက်ပေါ်
သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ သူမရဲ့ ပရဟိတအဖွဲ့ဝင်များဟာ ယမန်နေ့ မေလ ၁၃ ရက်နေ့က ပုပ္ပါးမှ ပုဂံသို့အသွား လမ်းခရီးမှာ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မနက်ပိုင်းက ပုပ္ပါးတောင်ကလပ်မှာ ပွဲပေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ မနက် (၁၀) နာရီကျော်ခန့်မှာ ပုပ္ပါးမှ ပုဂံကို Alphard ယာဉ် (၂) စီးနဲ့ ဗြတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ ညပိုင်းအချိန်အထိ ပုဂံမြို့ကို ရောက်ရှိလာခြင်း မရှိသေးဘဲ အဖွဲ့ဝင်များနဲ့ပါ ဖုန်းအဆက်အသွယ် လုံးဝ ပြတ်တောက်နေဆဲဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ပျောက်နေခဲ့တာဟာ တစ်
ရက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေဟာ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” နဲ့ ပရဟိတဖောင်ဒေးရှင်းတို့ကို ဦးဆောင်ကာ လှုပ်ရှားနေသူဖြစ်ပေမဲ့လည်း၊ သူမရဲ့ ပရဟိတလုပ်ငန်းများနဲ့ ပတ်သက်လို့ အွန်လိုင်းစာမျက်နှာများထက်မှာ ဝေဖန်မှုများနဲ့ အရှုပ်အရှင်းသတင်းများ မကြာခဏ ထွက်ပေါ်လေ့ရှိသူဖြစ်ပါတယ်။
အခုလို အဆက်အသွယ် ပြတ်တောက်နေမှုဟာ လမ်းပိုင်းအခြေအနေကြောင့် လမ်းခရီးကြန့်ကြာမှု ဖြစ်ပေါ်နေခြင်းလား ဒါမှမဟုတ် အခြား လုံခြုံရေးဆိုင်ရာ အခြေအနေတစ်ရပ်ရပ်ကြောင့်လား ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းအသေးစိတ်ကို ဆက်လက် စုံစမ်း ဖော်ပြပေးသွားပါ့မယ်။
သရုပ်ဆောင် ခိုင်နှင်းဝေနှင့်အဖွဲ့ ပျောက်ဆုံးနေမှုအား ဝိုင်းဝန်းကူညီပေးကြပါရန် ‼️
ယနေ့နံနက်ပိုင်းက ပုပ္ပါးတောင်ကလပ်တွင် ပွဲပေးပြီးနောက် နံနက် (၁၀) နာရီကျော်ခန့်တွင် ပုပ္ပါးမှ ပုဂံသို့ Alphard ကား (၂) စီးဖြင့် “ဗြတ္တပန်းဆက်လမ်း” အတိုင်း ထွက်ခွာသွားခဲ့ပါသည်။
သို့သော် ယခုညအချိန်အထိ ပုဂံသို့ ရောက်ရှိလာခြင်းမရှိဘဲ အဖွဲ့သားအားလုံးနှင့် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေကြောင်း သိရှိရပါသည်။
လမ်းခရီးတွင် တစ်စုံတစ်ရာ မြင်တွေ့သူများ သို့မဟုတ် သတင်းကြားသိရသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးပဲ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံး ပြန်လည်အဆက်အသွယ်ရပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ 🙏
🚨 အရေးပေါ်သတင်း – သရုပ်ဆောင် ခိုင်နှင်းဝေနှင့်အဖွဲ့ ပျောက်ဆုံးနေမှုအား ဝိုင်းဝန်းကူညီပေးကြပါရန် 🚨
ပုပ္ပါးမှ ပုဂံသို့ ထွက်ခွာသွားသော လူမှုထူးချွန်ဆုရ သရုပ်ဆောင် ခိုင်နှင်းဝေနှင့် အဖွဲ့သားအားလုံး ယနေ့ညပိုင်းအထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အားလုံးဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📍 ဖြစ်စဉ်အကျဉ်း –
ယနေ့နံနက်ပိုင်းက ပုပ္ပါးတောင်ကလပ်တွင် ပွဲပေးပြီးနောက် နံနက် (၁၀) နာရီကျော်ခန့်တွင် ပုပ္ပါးမှ ပုဂံသို့ Alphard ကား (၂) စီးဖြင့် “ဗြတ္တပန်းဆက်လမ်း” အတိုင်း ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါသည်။
⚠️ လက်ရှိအခြေအနေ –
ယခုညအချိန်အထိ ပုဂံသို့ ဆိုက်ရောက်လာခြင်းမရှိသလို၊ အဖွဲ့သားအားလုံး၏ ဖုန်းများမှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များနှင့် နီးစပ်သူများက အထူးစိုးရိမ်နေကြသည်။
📢 မေတ္တာရပ်ခံချက် –
အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် တစ်စုံတစ်ရာ မြင်တွေ့သူများ၊ ကားအခြေအနေအား သတိထားမိသူများ သို့မဟုတ် သတင်းကြားသိရသူများရှိပါက ကျေးဇူးပြု၍ အမြန်ဆုံး အကြောင်းကြားပေးကြပါရန် တောင်းဆိုအပ်ပါသည်။
ခိုင်နှင်းဝေနှင့် အဖွဲ့သားအားလုံး ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံး ပြန်လည်အဆက်အသွယ်ရပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
အမြန်ဆုံးတွေ့ရှိနိုင်ဖို့ ဒီသတင်းကို Share ပြီး ဝိုင်းဝန်းကူညီပေးကြပါဦး။ 🙏
ခိုင်နှင်းဝေ အဖွဲ့ ကိစ္စက ဒီနေ့ ဖြစ်တာ မဟုတ်ပါဘူး…
ကျနော် အဲ့ကိစ္စ သိတာတောင် မနေ့က ထဲကပါ…
ဆွဲထားတဲ့ အဖွဲ့က မနေ့က ၁၈၀၀ တောင်းတယ်လို့ သိရတယ်…
PDF လက်ချက် မဟုတ်ဘူးလို့ သိရတယ်…
အဲ့လမ်းပိုင်းနဲ့ အဲ့နားက ရွာတွေ အခြေအနေကတော့ သိတဲ့အတိုင်းပါပဲ…
ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့တော့ လိုအပ်နေပါပြီ…


Leave a Reply