ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်

ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်

ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ မေလ ၁၃ ရက် မနက်က ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေလ ၁၃ ရက် မနက်က ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ ပုပ္ပားဘက်ကလာတဲ့ ခိုင်နှင်းဝေပရဟိတအဖွဲ့ဝင်တွေပါတဲ့ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“မနေ့က ဗျတ္တပန်းဆက်လမ်းမှာ PDF တွေ ခိုင်နှင်းဝေကားကို စစ်ဆေးတဲ့သတင်းက မှန်တယ်။

ဒါပေမယ့် ဖမ်းဆီးတာမရှိဘူး၊ ပြန်လွှတ်ပေးလိုက်တယ်။ စစ်တပ်လော်ဘီတွေက သူများတင်တဲ့ Post တွေကို ပြန် Share ပြီး ဝါဒဖြန့်နေတာ” လို့ ရှင်းပြပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ နီးစပ်သူတစ်ဦးကလည်း “လိုင်းပေါ်မှာ ပျံ့နေတဲ့ ဗျတ္တပန်းဆက်လမ်းမှာ အစ်မခိုင်နှင်းဝေတို့ အဖမ်းခံရတယ်ဆိုတဲ့သတင်းက သတင်းအမှားပါ” လို့ အတည်ပြုပြောဆိုပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ထားသူ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကို PDF တွေ ဖမ်းသွားတယ်ဆိုတဲ့သတင်းကို

ဒီကနေ့ မနက်မှာ စစ်တပ်လော်ဘီချန်နယ်များဖြစ်တဲ့ သဇင်ဦး၊ ဘညွန့်၊ Shwe Po Po အပါအဝင် Account ဆယ်ခုက တစ်ပြိုင်တည်း သူတို့ရဲ့ တယ်လီဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *