ဗျတ္တပန်းဆက်လမ်းမှာ ထိန်းသိမ်းခံခဲ့ရတဲ့အခြေနေကို ရှင်းပြလာလာတဲ့ ခိုင်နှင်းဝေ

ဘဝ မှာ ကံအကောင်းဆုံး အချိန်🙏🙏🙏

(၁၃) ရက်နေ့ နေ့လည် (၁၁) နာရီခန့် တွင် ပုပ္ပားတောင်မှာ ပွဲပေးပြီး အပြန်

ထမင်းဆိုင် တစ်ဆိုင် အရောက် ရုတ်တရက် စိတ်ထဲ ဆက်မသွားချင်တာနဲ့

ကားရပ်ပီး လက်ဆေး(မျောက်စာကျွေးထားတဲ့ အတွက်) ဖြစ်ခဲ့ပါတယ်..

ကားပေါ်ပြန်တက်ဘို့ အလုပ်မှာ ဟေသာမေ က

မေမေ ကြက်ဥပြုတ်စားချင်တယ် ဆိုပီး လက်ကို ဆွဲထားတော့

ဗိုက်ဆာနေလို့ အထင်နဲ့ ထမင်းပေါင်း မှာ ကျွေးလိုက်ပါတယ်..

တူတူလာတဲ့ ဝန်ထမ်းများကားကတော့ ဆိုင်မဝင်ပဲ

ပုဂံဘက်သို့ ဆက်မောင်းသွားပါတယ်..

(၁၅) မိနှစ် အကြာမှာ ဖုန်းထဲသို့ Message ဝင်လာပြီး

“ဗျတ္တ ပန်းဆက်လမ်း”တွင် ကားကို အမည်မသိ လက်နက်ကိုင် အဖွဲ့များ မှ

တားဆီးခေါ်ဆောင်ထားကြောင်း ပြောပီး အဆက်သွယ်ပြတ်တောက်သွားခဲ့ပါတယ်…

ကျမ အနေနဲ့ လိုအပ်တာများ ဆက်လက် လုပ်ဆောင်ပြီး ည(၇) နာရီခန့်တွင်

ကလေးများ ပြန်လည်ရောက်ရှိလာပါတယ်ရှင်..

ကျမ နှင့် အတူ ဝန်ထမ်းများ အားလုံး ဘေးကင်းလို့

အဆင်ပြေပြီး ဖြစ်ပါတယ်ရှင်..

အားလုံးပဲ အစစ အရာရာ သတိထားသွားလာပြီး

ဘေးအပေါင်း မှ ကင်းရှင်းကြပါစေရှင်🙏🙏🙏


Comments

Leave a Reply

Your email address will not be published. Required fields are marked *