သူ ပံ့ပိုးခဲ့တဲသူတွေကပဲ ပြန်ဆွဲခံလိုက်ရလို့ မချိတင်ကဲဖြစ်နေရတဲ့ ခိုင်နှင်းဝေ

ကလေးက ကြက်ဥပြုတ်ပူဆာလို့ ကားပေါ်ကဆင်းကျန်ခဲ့ရာကနေ လက်နက်ကိုင်တွေတားဆီးတဲ့အန္တရာယ်က သီသီလေးလွတ်မြောက်သွားခဲ့တဲ့ ခိုင်နှင်းဝေ

​ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေတို့အဖွဲ့ လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တားဆီးခေါ်ဆောင်တာကို ခံခဲ့ရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကလေးတစ်ယောက်ရဲ့ ပူဆာမှုကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

​ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ (၁၃) ရက်နေ့ မွန်းလွဲ (၁၁) နာရီလောက်မှာ ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပားတောင်မှာ ပွဲပေးပြီးအပြန် လမ်းမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို ရောက်ခဲ့ကြတယ်။

အဲဒီအချိန်မှာ ခိုင်နှင်းဝေက စိတ်ထဲမှာ ရှေ့ဆက်မသွားချင်သေးတာနဲ့ လက်ဆေးဖို့အကြောင်းပြပြီး ကားခဏရပ်ခိုင်းခဲ့တာပါ။

​အဲဒီကနေ ကားပေါ် ပြန်တက်ခါနီးကျမှ ကားပေါ်ပါလာတဲ့ ကလေးလေး “ဟေသာမေ” က မေမေရယ် ကြက်ဥပြုတ် စားချင်တယ်ဆိုပြီး လက်ကိုဆွဲပြီး ဂျောက်ဂျက်လုပ် ပူဆာပါရော

အဲဒါနဲ့ပဲ ဗိုက်လည်းဆာနေတာနဲ့ ဆိုင်ထဲမှာ ထမင်းပေါင်းပါ မှာကျွေးရင်း နေခဲ့လိုက်တာပါ

ဒါပေမဲ့ သူတို့နဲ့အတူတူလာတဲ့ ဝန်ထမ်းတွေရဲ့ကားကတော့ ဆိုင်ထဲမဝင်ဘဲ ပုဂံဘက်ကို အရင်ဆုံး ရှေ့ကနေ မောင်းထွက်သွားခဲ့ပါတယ်။

​ဒီလိုနဲ့ လမ်းခွဲပြီး (၁၅) မိနစ်လောက်ပဲ ရှိသေးတယ်၊ ရှေ့ကသွားတဲ့ ဝန်ထမ်းတွေဆီကနေ “ဗျတ္တပန်းဆက်လမ်း” မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက သူတို့ကားကို တားဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ဖုန်းထဲကို Message ဝင်လာပြီး အဆက်အသွယ် ပြတ်သွားခဲ့တာပါ။

ဒါပေမဲ့ ခိုင်နှင်းဝေကတော့ စိတ်အေးအေးထားပြီး လိုအပ်တာတွေကို ချက်ချင်း အမြန်ဆုံး ဆက်လက်လုပ်ဆောင်ခဲ့လို့ ထူးဆန်းစွာပဲ အဲဒီနေ့ ည (၇) နာရီဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေအားလုံး ဘေးကင်းကင်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

​အခုတော့ ခိုင်နှင်းဝေက သူမရော ဝန်ထမ်းတွေပါ အားလုံး အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေသွားပါပြီလို့ ပရိသတ်တွေကို အသိပေးထားပြီး၊

မိဘပြည်သူတွေအနေနဲ့လည်း အခုကာလမှာ သွားလာလှုပ်ရှားရတာ အစစအရာရာ သတိထားကြဖို့ကိုလည်း စိုးရိမ်တကြီး တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *