ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်

ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။

ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ ထဲကိုသူက ရောက်လာတာဖြစ်ပါတယ်။

ဘယ်အစားအသောက်တွေကို ဖော်မလင်ထည့်ကြတာလဲ

ပုပ်သိုးလွယ်တဲ့ အစားအစာ ဖြစ်တဲ့ ငါးကို အချိန်အတော်ကြာ လတ်ဆတ်နေအောင် ငါးရောင်းတဲ့ သူတွေက ဖော်မလင်ထဲ ထည့်စိမ်ထားလေ့ရှိပါတယ်။။ ဒါ့အပြင် အသီးတွေကိုလည်း ခဏလေးနဲ့ မပုပ်သွားစေဘဲ ဆွဲဆောင်မှုရှိစေဖို့အတွက် ဖော်မလင်ကို သုံးကြပါတယ်။ အခြား က ဖော်မလင်ထည့်ထားတဲ့ အစားအသောက်တွေ ကတော့ ပဲပြား၊ ဘဲသွေး ကြက်သွေးခဲ၊ တို့ဖူး၊ ခေါက်ဆွဲ၊ တို့ပဲဖြစ်ပါတယ်။ ဒီ အစားအစာတွေက ကိုယ်တွေပတ်ဝန်းကျင်မှာ လူတိုင်းစားနေတဲ့ အစားအသောက် တွေဆိုတော့ မသိလိုက်ဘဲနဲ့ ကိုယ်တွင်းကို ဖော်မလင်တွေ အများကြီးဝင်သွားနိုင်ပါတယ်။

ဖော်မလင်ကိုအစားအသောက်ကနေ ဘယ်လို ဖယ်ရှားလို့ရလဲ

ဖော်မလင်ထိဖူးပြီးသား အစားအသောက်တွေကနေ ဖော်မလင်ကို အပြီးဖယ်လို့ မရတော့ပါဘူး။ ရှိနေတဲ့ ဖော်မလင်ပမာဏကိုသာ လျော့အောင် လုပ်လို့ရတာပါ။

ဖော်မလင်ဆိုတာ ဓါတု ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်သွားဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့်လည်း မသိလိုက်မိလို့ အစားအသောက်ကနေတစ်ဆင့်ကိုယ်တွင်းဝင်သွားတဲ့ ဖော်မလင်ဟာ သ့င်ကို ကင်ဆာဖြစ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖော်မလင် ပမာဏ ၁၅ ppm လောက်ကို ၂ နှစ်လောက် မသိလိုက်ဘဲ စားမိနေတဲ့သူတွေမှာ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ အသည်းခြောက်တာ ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို ကြောက်ဖို့ကောင်းတဲ့ ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ဘယ်လို သိနိုင်မှာလဲ

ငါး – ငါးက လှုပ်ရှားမှု မရှိဘဲ ဒီအတိုင်းတောင့်တောင့်ကြီးဖြစ်နေမယ်။ ကိုင်လိုက်ရင် အသားတွေက ပျော့ပျောင်းမနေဘဲ အကြေးခွံတွေက မာနေမယ်။ ပါးဟက်ကလည်း နီနေမယ်။

ပြည်ကြီးငါး – ကိုင်လိုက်တာနဲ့ နူးညံ့မနေဘဲ ရာဘာတုံးကြီးကိုင်ရသလို မာမာကြီးဖြစ်နေမယ်။ သာမာန် ပြည်ကြီးငါးတွေဆို လက်နဲ့ဖျစ်လိုက်ရုံနဲ့ အသားတွေ ကွဲသွားပေမယ့် ဖော်မလင်ထိုးထားတဲ့ ပြည်ကြီးငါးတွေကျတော့ ဓါးနဲ့လှီးမှ ပြတ်တယ်။

ငါးခြောက်- ဖော်မလင် ထည့်ထားတဲ့ ငါးခြောက်တွေဟာ အမြဲတမ်းတောင့်နေတာကြောင့် ရောင်းရတာ မျက်နှာပန်းလှတဲ့အတွက် စီးပွားရေးပညာရှင်တွေက သုံးကြပါတယ်။ ကြော်ကြော် ချက်ချက် ပြုတ်ပြုတ် တောင့်မြဲတောင့်ဆဲပါ။

တို့ဖူး – ဖော်မလင်ထည့်ထားတဲ့ တို့ဖူးဟာ ပုံမှန်ထက်ပိုပြီး မာတောင့်တောင့်ကြီးဖြစ်နေတတ်ပြီး ၂၄ နာရီ အတွင်း လုံးဝကို သိုးမသွားတတ်ပါဘူး။

မသိလိုက်လို့ ဝယ်လိုက်မိတဲ့ အစားအသောက်က ဖော်မလင်တွေကို ဘယ်လို ဖယ်ရှားကြမလဲ ။ ။

ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို ရေသေချာဆေးပြီး မချက်ခင် ၁နာရီလောက် ရေအေးထဲ ထည့်စိမ်ထားပါ။ ဖော်မလင် အကုန်လုံး မဟုတ်တောင် ၆၀ ရာခိုင်နှုန်းလောက် တော့ ထွက်သွားပါလိမ့်မယ်။

ဖော်မလင် ၉၀ ရာခိုင်နှုန်းလောက် သန့်သွားစေချင်တယ်ဆိုရင်တော့ ဆားရည်ထဲကို ငါးတွေ အသီးအရွက် တွေ ၁ နာရီလောက် ထည့်စိမ်ထားပါ။

နောက်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်နဲ့ ငါးတွေ အသီးအနှံတွေကိုဆေးပြီး ရေသန့်နဲ့ ပြန်ဆေးတာပါ။ ဖော်မလင် ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားပါလိမ့်မယ် ။ ။

ရှာလကာရည်တစ်ခွက်နဲ့ ရေတစ်လီတာကို ရောပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေနဲ့ သေချာပြန်ဆေးပါ။ ဒီနည်းနဲ့ ဖော်မလင် ၉၈ ရာခိုင်နှုန်းလောက် ထွက်သွားနိုင်ပါတယ်။

ဖြစ်နိုင်ရင် ပင်လယ်စာတွေကို အရှင်ဝယ်ပါ။

ငါးဝယ်ချိန်ဆို ပါးဟပ်နီ မနီ သေချာစစ်ပါ။ ငါးညှီနံ့ ပျောက်နေတဲ့ ငါးတွေကို မဝယ်ပါနဲ့။

ငါးခြောက်တွေ တတ်နိုင်သမျှ ရှောင်ပါ။

အရမ်းကြီး အရောင်တောက်ပြီး လတ်ဆတ်လွန်းနေတဲ့ အသီးအရွက်တွေကို ရှောင်ဝယ်ပါ။

တို့ဖူးဝယ်တော့မယ်ဆိုရင် အရမ်းကြီး မာနေလားတစ်ချက်ကိုင်ကြည့်ပြီးမှ ဝယ်ပါ။ ကိုယ်က တို့ဖူးကြိုက်တဲ့သူဆိုရင်တော့ ဂျပန်တို့ဖူးလို့ခေါ်ကြတဲ့ ကြက်ဥ တို့ဖူးကသာ အကောင်းဆုံးပါ။

ဒီလို ကြောက်ဖို့ကောင်းတဲ့ ဖော်မလင် အကြောင်းကို ကိုယ့်အိမ်သားတွေရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အိမ်ရှင်မတိုင်း သိထားသ့င်ပါတယ်။ ။

အရသာရှိလှတဲ့ အသား၊ ငါး၊ ပင်လယ်စာ၊ အသားခြောက်၊ ငါးခြောက် ကြော်လေးတွေက ထမင်းမြိန်စေတာ အမှန်ပဲ။

ဒါပေမဲ့ ခုနောက်ပိုင်း ဈေးကွက်ထဲက အသား/ အသားခြောက်အချို့မှာ တာရှည်ခံဖို့နဲ့ ပိုးမကျအောင် “ဖော်မလင်” တွေ၊ အရောင်လှပြီး စွဲမက်စရာဖြစ်အောင် “ယမ်းစိမ်း” တွေ သုံးပြီး ခိုးသုံးကြတာများပါတယ်..

​ဒါတွေဟာ ရေရှည်မှာ ငါတို့ရဲ့ ကျန်းမာရေးကို ဖြည်းဖြည်းချင်း အဆိပ်ခတ်နေတာနဲ့ တူတူပါပဲ။

​ဒီဓါတုပစ္စည်းတွေက ဘာလို့အန္တရာယ်ရှိတာလဲ

• ​ဖော်မလင် (Formalin): လူသေကောင်တွေကို မပုပ်မသိုးအောင် သုံးတဲ့ ဓါတုပစ္စည်းပါ။ ဒါကို စားသုံးမိရင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းတာ၊ ပျို့အန်တာတွေအပြင် ရေရှည်မှာ “ကင်ဆာရောဂါ” ဖြစ်ပွားစေနိုင်ပါတယ်။

• ​ယမ်းစိမ်း

အသားကို အရောင်နီရဲပြီး လှနေအောင် သုံးကြတာပါ။ ခန္ဓာကိုယ်ထဲ ရောက်သွားရင် သွေးထဲက အောက်ဆီဂျင်သယ်ဆောင်မှုကို အနှောင့်အယှက်ပေးပြီး ကျောက်ကပ်နဲ့ အသည်းကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုမို အန္တရာယ်ကြီးမားပါတယ်။

၁။ ​ဖော်မလင်ကို အဓိကအားဖြင့် ပုစွန်၊ ပင်လယ်စာ၊ ငါး၊ ကြက်သား၊ ပဲပြား၊ မုန့်ဖတ်နဲ့ မျှစ်တွေမှာ သုံးလေ့ရှိပါတယ်။

• ​အနံ့ကို အကဲခတ်ပါ: ဖော်မလင်စိမ်ထားတဲ့ သားငါးတန်းနား သွားရင်ဖြစ်ဖြစ်၊ အသားကို အနီးကပ် နမ်းကြည့်ရင်ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ စူးရှရှ ဓာတုဗေဒအနံ့ (မျက်စိစပ်စပ်၊ နှာခေါင်းစပ်စပ် အနံ့မျိုး) ရတတ်ပါတယ်။

• ​ယင်ကောင် အကဲခတ်ပါ: အသားတွေ၊ ငါးတွေက လတ်ဆတ်နေပုံရပေမယ့် ယင်ကောင် တစ်ကောင်မှ မနားဘူးဆိုရင် ဖော်မလင် သုံးထားဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။

• ​အသား တောင့်တင်းလွန်းခြင်း: ငါးဆိုရင် ဗိုက်သားတွေက ပျော့မသွားဘဲ ခဲနေသလိုမျိုး တောင့်တောင့်မာမာကြီး ဖြစ်နေတတ်ပါတယ်။ ပဲပြားဆိုရင်လည်း ကိုင်ကြည့်ရင် အိမနေဘဲ ကြမ်းတမ်းတမ်းနဲ့ မာကျောကျော ဖြစ်နေတတ်ပါတယ်။

• ​အရောင် မပြောင်းခြင်း: အသားတွေကို အပြင်မှာ ဒီအတိုင်း ထားထားတာတောင် အချိန်အကြာကြီး အရောင်မပျက်ဘဲ ဖြူဖွေးလတ်ဆတ်နေရင် သံသယဝင်ရပါမယ်။

၂။ ​​ယမ်းစိမ်းကိုတော့ အသားတွေ အရောင်နီရဲပြီး လှနေစေဖို့နဲ့ တာရှည်ခံဖို့အတွက် ဝက်အူချောင်း၊ ကြက်အူချောင်း၊ အမဲခြောက်၊ ဝက်သားခြောက်၊ ပက်စတာမီ (Ham) နဲ့ အသားလုံးတွေမှာ အသုံးများပါတယ်။

• ​ပုံမှန်မဟုတ်ဘဲ နီရဲလွန်းခြင်း: အသားခြောက် ဒါမှမဟုတ် ဝက်အူချောင်းတွေက သဘာဝအတိုင်း ညိုညစ်ညစ်အရောင် မရှိဘဲ၊ စူးရှတောက်ပတဲ့ ပန်းရောင် ဒါမှမဟုတ် အနီရဲရောင် ဖြစ်နေရင် ယမ်းစိမ်း အလွန်အကျွံ သုံးထားတာ ဖြစ်နိုင်ပါတယ်။

• ​ချက်ပြုတ်ပြီးနောက် အရောင်မပြောင်းခြင်း: ပုံမှန်အသားက ချက်ပြုတ်လိုက်ရင် (သို့) ကြော်လိုက်ရင် အညိုရောင် ပြောင်းသွားရမှာ ဖြစ်ပေမယ့်၊ ယမ်းစိမ်းပါတဲ့ အသားတွေကတော့ ချက်ပြီး၊ ကြော်ပြီးရင်တောင် တောက်တောက်ပြောင်ပြောင် ပန်းရောင်/အနီရောင်အတိုင်း ကျန်နေတတ်ပါတယ်။

• ​အသားအဆီပြန်ပြီး တင်းမာနေခြင်း: အသားခြောက်တွေမှာ သဘာဝအတိုင်း အမျှင်လိုက်မပြတ်ဘဲ ပလတ်စတစ်လိုမျိုး ကျစ်ကျစ်လစ်လစ်ကြီး ဖြစ်နေတတ်ပါတယ်။

​ စားသုံးသူများအတွက် အန္တရာယ်ကင်းဝေးစေမည့် ဆောင်ရန်/ရှောင်ရန်များကတော့..

• ​ရေစီးမှာ စင်ကြယ်အောင်ဆေးပါ: ဖော်မလင်က ရေမှာ ပျော်ဝင်လွယ်ပါတယ်။ ဒါကြောင့် သားငါး၊ ပဲပြားတွေကို မချက်ပြုတ်ခင် ရေစီးမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ထပ်ဖန်လဲလဲ ဆေးကြောပေးပါ။ (ဆားရေ သို့မဟုတ် မုန့်ဖုတ်ဆိုဒါရည် အနည်းငယ်ထည့်ပြီး စိမ်ဆေးရင် ပို၍ပင် စင်ကြယ်စေပါတယ်)။

• ​အသားခြောက်ကို ရေနွေးဖျောပါ: ဝက်အူချောင်း၊ အသားခြောက်၊ပုဇွန်ခြောက်၊ငါးခြောက် တွေကို မကြော်ခင် ရေနွေးပွက်ပွက်ဆူမှာ မိနစ်အနည်းငယ် ခေတ္တပြုတ်ပြီးမှ ချက်ပြုတ်ပါ။ ယမ်းစိမ်းဓာတ် အတော်များများ ရေနွေးထဲ ပါသွားပါလိမ့်မယ်…

“ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ အရာမို့ စားသမျှ အစားအသောက်တိုင်းကို သတိပြုပြီး ရွေးချယ်ကြပါစို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *