ပေါင်းလောင်းဆည်ဟာ စစ်တောင်းမြစ် အစ မတိုင်ခင်နားမှာ ရှိတယ်။ သဖန်းဆိပ်ဆည်ကတော့ မူးမြစ် အထက်ပိုင်းမှာ ရှိတယ်။ စစ်တောင်း မြစ်တလျှောက် မိုးကြီးနေချိန်မှာ သဖန်းဆိပ်ဆည်လို ပေါင်းလောင်းဆည် ရေလွှတ်ချလိုက်ရင် အောက်ရေတောင့် အပေါ်ရေဆင်းတာနဲ့ ဆိုင်ပြီး ထိခိုက်မှု ကြီးမားလိမ့်မယ်။
ပြောရမယ်ဆိုရင် ပေါင်းလောင်းဆည် (အောက်ပေါင်းလောင်းဆည်) ဟာ ပေါင်းလောင်းမြစ်ရဲ့ အဆုံးနားမှာ တည်ဆောက်ထားတာ တွေ့ရတယ်။ တောင်ကြော အမြင့်ပေါ်မှာ အထက်ပေါင်းလောင်းဆည် ဆိုတာလည်း ရှိသေးတယ်။ အဲဒီ အထက်ပေါင်းလောင်းဆည်က အောက်ပေါင်းလောင်းဆည်ထက် ရေလှောင်ပမာဏ နှစ်ဆကျော်များတယ်။
လေးမျက်နှာ တာဘောင်ချိုးတာ က ငဝန်မြစ် အနောက်ခြမ်းမှာ ရောက်လာတဲ့ AA ထိုးစစ် ဟင်္သာတ ကို ဆက်လာမှာ စိုးလို့ တမင်လုပ်တာ တဲ့။ အဲလို ဟင်္သာတ ကနေ သာယာဝတီ အထိ ချိတ်ဆက်မိသွားမှာကို နှောင့်နှေးအောင် လုပ်တာလို့ သုံးသပ်နေကြတယ်။
သဖန်းဆိပ်ဆည် ရေတံခါး ဖွင့်ချတာဟာ တန့်ဆည် တကြော နဲ့ ပဇီကြီးတကြော အကြား၊ ဒီပဲရင်း ရေဦး နဲ့ ခင်ဦးအကြား၊ မုံရွာ အရာတော် နဲ့ ဝက်လက် ရွှေဘို အကြား တော်လှန်ရေး အင်အားစုတွေ ချိတ်ဆက်နေတာကို မူးမြစ်လမ်းကြောင်းအပေါ် ရေကြီးရေလျှံအောင် တမင်လုပ်ပြီး ဒေါင်လိုက် ခွဲချလိုက်တာပဲ တဲ့။
အခုလည်း စစ်တောင်းမြစ် အရှေ့ခြမ်း အင်အားစုတွေ နဲ့ ပဲခူးရိုးမပေါ် က အင်အားစုတွေရဲ့ ဆက်ကြောင်းတွေကို ဖြတ်ချချင်လို့ မိုးကြီးတာကို အကြောင်းပြု ချော်လဲရောထိုင်ပြီး ပေါင်းလောင်းဆည်ကို သဖန်းဆိပ်ဆည်လို ရေတံခါး လွှတ်ချမလား ပြောလို့မရဘူး တဲ့။
ပြည်သူကိုယ်တိုင် တောင်ပြိုကမ်းပြို ပေးခဲ့တဲ့ ဆန္ဒမဲစာရင်းကို မဲခိုးတယ် အကြောင်းပြ အာဏာလုတဲ့ မအလ ဟာ အခု ရှီကျင့်ဖင် ကလင်ဒါကျ အတိုင်း မတန်မရာ သမ္မတ နေရာတက်ယူထားပါပြီ။ ပေါင်းလောင်းဆည်တံခါး ဖောက်မချပါဘူး ဘာညာ ပြောလာရင် ယုံကြမှာလား။
စစ်တောင်း မြစ်ကြောတလျှောက် ပြည်သူများ ကိုယ့်ဖာသာကိုယ် မအလ ဘေးသင့်နိုင်တဲ့ နေရာတွေကနေ ကြိုရွှေ့ထားတာသာ ပိုပြီး အန္တရာယ်ကင်းပါလိမ့်မယ်။ အမျိုးတွေဆီ လက်ဆင့်ကမ်း အကြောင်းကြားပေးကြပါ။
(တီးဆိုင်က ကြားရသမျှ)
++++++++++ ++++++++++ ++++++++++
စစ်တောင်းမြစ်ဟာ ပေါင်းလောင်းမြစ် နဲ့ ဆင်သေမြစ်တို့ ဆုံရာမှ ဖြစ်လာတဲ့ မြစ်တစင်းဖြစ်ပါတယ်။ ဆင်သေမြစ်ရဲ့ ရေဝေရေလဲဒေသဟာ ရမည်းသင်းမြို့အနောက်ဖက် ပဲခူးရိုးမ အရှေ့ဖက်အထိရှိပြီး ပေါင်းလောင်းမြစ်ရဲ့ ရေဝေရေလဲဒေသဟာ ပျော်ဘွယ်မြို့ အရှေ့ဖက် ကလောမြို့နယ် အစပ်နားအထိ ရှိတာတွေ့ရပါတယ်။
ရမည်းသင်းမြို့က ကျီးနီကန် မြေပုံညွှန်း (20.4048, 96.1620) ဟာ ကန်ဘောင်အမြင့် ၁၇ ပေရှိပြီး ရေလှောင်ပမာဏ 8,835 ဧကပေ ရှိပါတယ်။ ကျီးနီကန် ထဲကရေဟာ မြေပုံညွှန်း (20.0693, 96.2512) မှာ ဆင်သေမြစ်ထဲသို့ စီးဝင်ပါတယ်။ ရမည်းသင်းမြို့ အရှေ့ဖက် တောင်ကြောပေါ်ရှိ မိုးထိမိုးမိ တူးဖော်ရေး လုပ်ကွက်များက စီးဆင်းလာတဲ့ ရေများဟာ ကျီးနီကန်မှ စီးဆင်းလာတဲ့ရေများနဲ့ မြေပုံညွှန်း (20.1870, 96.2016) မှာပေါင်းဆုံပါတယ်။
ဆင်သေရေလှောင်တမံဟာ တပ်ကုန်းမြို့အနောက်ဖက် မြေပုံညွှန်း (20.1646 96.0357) မှာရှိပြီး တမံအမြင့် ၁၀၉ ပေ ရှိကာ ရေလှောင်ပမာဏ 143,090 ဧကပေ ရှိပါတယ်။
ရေဆင်းရေလှောင်တမံ မြေပုံညွှန်း (19.8506, 96.2677) ဟာ နေပြည်တော် စကစ ဌာနချုပ်နဲ့ ကပ်လျှပ်ရှိနေပြီး တမံအမြင့် ၁၁၀ ပေ ရှိကာ ရေလှောင်ပမာဏ 73,000 ဧကပေ ရှိပါတယ်။ စကစ ဌာနချုပ်ဟာ ရေဆင်းဆည် ရဲ့ အထက်အမြင့်မှာ တည်ဆောက်ထားတာ တွေ့ရပါတယ်။ ရေဆင်းဆည်မှ ရေများဟာ ဆင်သေမြစ်ထဲကို စီးဝင်ပါတယ်။
ငလိုက်ရေလှောင်တမံ မြေပုံညွှန်း (19.8569, 96.00802) ဟာ တမံအမြင့် ၈၂ ပေ ဖြစ်ပြီး ရေလှောင်ပမာဏ 75,000 ဧကပေ ရှိပါတယ်။ ငလိုက်ချောင်းဟာ ပျဉ်းမနားမြို့ အနီး မြေပုံညွှန်း (19.7355, 96.2534) မှာ ဆင်သေမြစ်ထဲသို့ စီးဝင်ပါတယ်။
တောင်တန်းပေါ်မှာ မြစ်ဖျားခံလာတဲ့ ပေါင်းလောင်းမြစ်ပေါ်မှာ ပေါင်းလောင်း ရေလှောင်တမံ နဲ့ အထက်ပေါင်းလောင်း ရေလှောင်တမံဆိုပြီး ဆည် ၂ ခု ရှိတာတွေ့ရပါတယ်။ အထက်ပေါင်းလောင်း ရေလှောင်တမံ မြေပုံညွှန်း (19.7562, 96.5935) ဟာ တမံအမြင့် ၃၃၈ ပေ ရှိပြီး ရေလှောင်ပမာဏ 1,100,000 ဧကပေ ရှိပါတယ်။ ပေါင်းလောင်းရေလှောင်တမံကတော့ မြေပုံညွှန်း (19.7888, 96.3322) တမံအမြင့် ၄၃၀ ပေ ရှိပြီး ရေလှောင်ပမာဏ 600,000 ဧကပေ နီးပါး ရှိပါတယ်။ ပေါင်းလောင်းမြစ် နဲ့ ဆင်သေမြစ်တို့ဟာ ပျဉ်းမနားသကြားစက် နဲ့ ကပ်လျှပ် မြေပုံညွှန်း (19.7146, 96.2910) မှာ ပေါင်းဆုံကြပြီး စစ်တောင်းမြစ်ကြီး ကို စတင်လိုက်ပါတော့တယ်။

(၂၀၂၄ စက်တင်ဘာ က ပို့စ်)
ရေဆင်းဆည် နောက်ကျောမှာရှိတဲ့ နေပြည်တော် စကစဌာနချုပ် နေပြည်တော် စကစဝန်ကြီးရုံး ဝန်ထမ်းအိမ်ယာ နဲ့ ရပ်ကွက်များဟာ ရေလွတ်တဲ့ အမြင့်မှာ တည်ဆောက်ထားတာတွေ့ရပြီး ရေကြီးရေလျှံကတော့ ပျဉ်းမနားမြို့ အရှေ့ဖက် ဆင်သေ ငလိုက် ပေါင်းလောင်း မြစ်ချောင်းဘေးက ရွာတွေ စစ်တောင်းမြစ်ဘေးကရွာတွေ ရေပိုများလာရင် ဧလာမြို့ ထပ်များလာရင် လယ်ဝေးမြို့ စတာတွေပဲ ရေဝင်မှာကို တွက်ချက်တွေ့ရှိရပါတယ်။
အခု စစ်တောင်းမြစ်ကနေ စီးဆင်းလာတဲ့ ရေတွေဟာ ရေနီ မြို့လှ သာဂရ ဆွာ ရေတာရှည် တောင်ငူ နဲ့ ထန်းတပင်ကို ရောက်လာပြီလို့ သိရပါတယ်။ အဲဒီကနေ ဇရပ်ကြီး နတ်သံကွင်း ညောင်လေးပင် ရွှေကျင် သိမ်ဇရပ် တို့ကို ဆက်ပါလိမ့်မယ်။ စစ်တောင်းမြစ်နား နီးတဲ့ ရွာတွေ ရပ်ကွက်တွေ အားလုံး ကြိုတင်နေရာ ရွှေ့ထားတာ လိုအပ်တာတွေ စီမံထားတာတွေ လုပ်ရပါမယ်။
မြေမျက်နှာသွင်ပြင်အရ ရမည်းသင်း အထက်ပိုင်းက ရေတွေကတော့ ပျော်ဘွယ် သာစည် ဝမ်းတွင်း ကူမဲ မြစ်သား ကျောက်ဆည် စဉ့်ကိုင် မြစ်ငယ် တို့ကနေ ဧရာဝတီမြစ်ထဲ စီးဝင်သွားပါလိမ့်မယ်။
ခေတ်မီနည်းပညာထွန်းကားနေတဲ့ ခုလိုအချိန်မှာ ဘယ်နေရာကနေ မိုးတိမ်တွေ ကိုယ့်နယ်နိမိတ်ထဲကို ဝင်လာတယ်။ လာရာလမ်းတလျှောက်မှာ မိုးရေချိန်ဘယ်လောက် ရွာသွန်းခဲ့တယ်။ တိမ်တွေက ဘယ်ကို ဆက်သွားနိုင်တယ်။ တိမ်တွေထဲမှာ ခန့်မှန်းရေထု ဘယ်လောက်ပါလာတယ်။ အဲဒီတိမ်ရေထုက ကိုယ့်နယ်နိမိတ် ထဲက ဘယ်နေရာတွေမှာ အချိန်ဘယ်လောက်အတွင်း ဘယ်လောက် ရွာသွန်းနိုင်တယ်။ အဲလို ရွာသွန်းလို့ ကျလာတဲ့ မိုးရေတွေဟာ အောက်ခံ မြေမျက်နှာသွင်ပြင်အလိုက် ဘယ်တွေကို စီးဆင်းသွားပြီး ဘယ်ချောင်း ဘယ်မြစ် ဘယ်ရေလှောင်တမံ ထဲကို စီးဝင်သွားမလဲ။
မိုးရွာသွန်းရာ ရေဝေရေလဲ ဒေသနဲ့ ဆက်စပ်နေတဲ့ ဘယ်ရေလှောင်တမံတွေမှာ လက်ရှိရေအမှတ် ဘယ်လောက်ရှိနေသလဲ။ ခန့်မှန်းတဲ့ အတိုင်း မိုးရွာသွန်းခဲ့မယ်ဆိုရင် ရေလှောင်တမံတွေကနေ ရေဘယ်လောက်နှုန်း နဲ့ ကျော်ဆင်းသွားမလဲ ရေတံခါးကနေ ထွက်လာမလဲ။ ဆည်အောက်က ချောင်းတလျှောက် မြစ်တလျှောက် ရဲ့ ရေလက်ခံစီးဆင်းနိုင်စွမ်း ထက် ပိုလာရင် အဲဒီရေတွေ မြစ်ချောင်းနေံဘေး ဘယ်တွေကို လျှံစီးသွားမလဲ။
မြစ်ကွေ့ စိပ်တဲ့နေရာမှာ လက်ခံရေစီးနှုန်းက ဘယ်လောက်ပဲရှိသလဲ။ ဆည်ဘောင်ကို ရေကျော်ပြီး ဆည်ဘောင် ကျိုးတာမျိုး မဖြစ်ရလေအောင် ဆည်တံခါးက ရေတွေ ဖွင့်ချလိုက်ရတော့မယ် ဆိုရင် ဆည်အောက် တကြော ချောင်းနား မြစ်နားက ရွာတွေ မြို့တွေကို ဘယ်လိုအကြောင်းကြားပြီး ဘယ်လိုနေရာရွှေ့မလဲ။ အဲလို အကြောင်းကြား နေရာရွှေ့ဖို့က အချိန်ဘယ်လောက် ယူထားမှ သေချာမလဲ။
မိုးတအားဆက်တိုက် ရွာနေလို့ တောင်စောင်းတွေက ပုံမှန်ထက် ပိုပြီးရေဝ သွားရင် မြေပြိုကျ လာနိုင်ချေ ရှိလား။ ရေစီးသန် ရေထိုးလို့ ရေတိုက်စားသွားရင် ဘယ်နေရာတွေမှာ ကမ်းပါးပြိုတာတွေ ဖြစ်လာနိုင်သလဲ။
ကိုယ့်နယ်နိမိတ်ထဲကို ဝင်လာနိုင်တဲ့ မုန်တိုင်းစပြီ ဆိုကတည်းက ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ။ ဆည်တွေက ရေတွေ လွှတ်ချလိုက်ရပြီဆို ဘာတွေ လုပ်ရမလဲ။ ရေကြီးရေလျှံပြီးလို့ ရေတွေ ပြန်ကျသွားပြီဆို နောက်ဆက်တွဲ ဖြစ်တတ်တာတွေကို ရှောင်နိုင်ဖို့ တားဆီးနိုင်ဖို့ ဘာတွေ ကြိုတင် အသိပေး ပြင်ဆင်ထားရမှာလဲ။ မုန်တိုင်းအတွင်း မိုးသည်းထန်နေစဉ်အတွင်း လျှပ်စစ် ဆက်သွယ်ရေး လမ်းပန်း ပြတ်တောက်မှု မဖြစ်အောင် ဘာတွေ ကြိုတင် စည်းဝါးကိုက်ထားရမှာလဲ။
မုန်တိုင်းတွေ ခဏခဏ ခံနေရတယ် ရေကြီးရေလျှံ ခဏခဏ ဖြစ်တတ်တယ် ဆိုတဲ့ အနီးအဝေး အခြားနိုင်ငံတွေမှာ ဘယ်လို အစီအမံတွေ လုပ်ထားလဲ။ ဒါမျိုးတွေက ကြိုလုပ်ထားလို့ရတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်နေပါပြီ။
ဆည်တွေ တာတမံတွေရဲ့ အချက်အလက်တွေ ရေဝေရေလဲဒေသက တောင်ကျချောင်း သဲချောင်း နဲ့ မြေမျက်နှာသွင်ပြင်တွေ ချောင်းမြစ်တို့ရဲ့ အချက်အလက် နဲ့ သဘာဝတွေ ထူးကဲ မိုးသည်းထန်တာ ဖြစ်ခဲ့ရင် နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမယ် အဲဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်တာတွေကို ဘယ်အချိန်အတွင်း အပြီးလုပ်ရမယ် ဆိုတာ ပြည်သူတွေ စနစ်တကျ သိထားလေလေ ဆုံးရှုံးမှု သက်သာလေလေပါ။
++++++++++ ++++++++++ ++++++++++
မပြောမရှိနဲ့ ပေါင်းလောင်းဆည်
ပေါင်းလောင်းဆည် ရေပြည့်တော့မှာလား သဖန်းဆိပ်လို ရေတံခါး အပြည့် လွှတ်ချလိုက်ရင် ဘာတွေ ဆက်ဖြစ်မှာလဲ ဘယ်နေရာတွေ ဘယ်ရွာ ဘယ်မြို့တွေ ကြိုရှောင်ထားသင့်လဲ။
နေပြည်တော်မှာ မိုးတအားမရွာပဲ ပေါင်းလောင်းဆည်ရေ ဘာလို့ အမြန်တိုးနေရတာလဲ မေးရင် အထက်ပေါင်းလောင်ဆည်ထဲက ရေတွေ တအားလွှတ်ချထားလို့ ပေါင်းလောင်းဆည်ထဲ တဟုန်ထိုး ဝင်လာတာ နေမှာပေါ့ ဆိုတဲ့ အဖြေ ထွက်လာပါလိမ့်မယ်။
အဲတော့ အထက်ပေါင်းလောင်းဆည် ရေပြည့်နေပြီလား တံခါးတွေ ဖွင့်ထားရပြီလား။ မိုးရွာတဲ့အခါ အထက်ပေါင်းလောင်းဆည်ထဲ စီးဝင်တဲ့ ရေဝေရေလဲဒေသက အကြီးကြီးလား။ အထက်ပေါင်းလောင်းဆည်ရဲ့ အချက်အလက်တွေ ဘာလို့ မထုတ်ပြန်သေးတာလဲ။
ကြိုတင်သတိပေးတာ နေရာရွှေ့ဖို့ ကူညီတာ မလုပ်ပဲ သဖန်းဆိပ်ဆည် ရေတံခါး ဖွင့်ချလိုက်တာ အားလုံးမျက်မြင်နော်။ ဆည် ရေတံခါးဖွင့်ချလိုက်ရင် ပြည်သူတွေ ဘဝပျက်မယ် သိသိကြီးနဲ့ ဘာလို့ အဲလို လုပ်တာလဲ။ အခုလည်း သဖန်းဆိပ် လို ပေါင်းလောင်းဆည် ရေတံခါးတွေ ဖွင့်မချပါဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ပေါင်းလောင်းဆည် ရေတိုးတာ မြန်နေသလား။
အထက် ပေါင်းလောင်းဆည် တာဘောင် နဲ့ ပေါင်းလောင်းဆည် တာဘောင်ဟာ 435 – 210 = 225 meter (738 feet) ပေ ၇၄၀ လောက် အနိမ့်အမြင့် ကွာပါတယ် တဲ့။
မပြောမရှိနဲ့ ပေါင်းလောင်းဆည်
(တီးဆိုင်က ကြားရသမျှ)
++++++++++ ++++++++++ ++++++++++
ငါ့ရွာက မြေနိမ့်မှာလား
မိုးသည်းတဲ့အခါ ရေနူးပြီး အိဆင်းလာမယ့် မတ်စောက်တဲ့ တောင်စောင်းတွေ ရှိနေလား
တောင်ကျ ချောင်းရေ နဲ့ ဆည်ရေတွေ ကျလာရင် ရေမြုတ်သွားနိုင်လား
တောင်ကျချောင်းတွေက ဘယ်နားရှိနေသလဲ
မိုးတအားကြီးလို့ တောင်ကျချောင်းလို ဖြစ်သွားနိုင်တဲ့ လျှောစောက်နေရာတွေမှာ ငါ့ရွာနား ရှိနေတာလား
ဆည်ဘောင်ကြီးက ဘယ်လောက်မြင့်သလဲ ငါ့ရွာက ဆည်အောက်ရောက်နေ သလား ဆည်အထက်မှာလား
ငါရွာနဲ့ ဆည်ရေလွှတ်ပေါက် ကြားမှာ မြင့်တဲ့နေရာ ဘာရှိသလဲ
(၂၀၂၄ စက်တင်ဘာ က ပို့စ်)
..
နေပြည်တော် ဘောဂသီရိကားဝင်းဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် 92 meters အမြင့်မှာ ရှိပါတယ် တဲ့။
တကယ်လို့ ကားဝင်းထဲကို ရေစဝင်ပြီ နေပြည်တော်ရဲ့ ဘယ်နေရာတွေ ရေမြုတ်ပြီး ဘယ်နေရာတွေ ကုန်းပေါ်နေသေးလဲ ကြည့်မယ်ဆိုရင် floodmap net ထဲက Water Level မှာ 92 ရိုက်ပြီး ကြည့်လိုက်ပါ တဲ့။ ထွက်လာတဲ့ ပုံအရ အာဟာရသုခဈေး နဲ့ မြို့ရှောင်လမ်း အရှေ့ခြမ်းက ရွာတွေ အကုန် ရေမြုတ်နေပါပြီ တဲ့။
တကယ်လို့ ဘောဂသီရိ ကားဝင်းထဲမှာ လူနှစ်ရပ်ကျော် ၁၅ ပေ = ၅ မီတာလောက် ရေထပ် တက်လာပြီး မြုတ်ပြီဆိုရင်တော့ ဘယ်တွေ ထပ်မြုတ်နိုင်သလဲ ကြည့်ချင်ရင် +0 ကို +5 ပြောင်းရိုက်ပြီး Set Water Level ကို ကလစ်လိုက်ပါတဲ့။ ပျဉ်းမနားမြို့ အရှေ့ပိုင်း တခြမ်း ရေထဲ ရောက်သွားပါပြီ တဲ့။ နပတ တိုင်းဌာနချုပ်ကတော့ ရေလွတ် နေပါသေး တယ် တဲ့။
ဗဟုသုတ လင့် (၈ခု) ကို မန့်မှာ ကြည့်ပေးပါ ခင်ဗျာ။
ဒါဆို မြို့ရှောင်လမ်း အရှေ့ဖက် ရွာတွေက မြေနိမ့်ပိုင်း ဖြစ်နေပြီး အနောက်ဖက် အမြန်လမ်း ရှိတဲ့ဖက် ကတော့ တဖြည်း ဖြည်း မြင့်တာ ဖြစ်ပါလိမ့် ဆိုတာ သိနိုင်သွားပါပြီ။ ဒါဆို သေချာ လိုက်ကြည့်ကြည့် ပါဦးမယ်။
ငလိုက်ချောင်းက ဆင်သေမြစ်ထဲ စီးဝင်တဲ့ ညောင်ပင်သာရွာ နဲ့ သာယာကုန်းရွာအကြားကို ပင်ထောက်ကြည့် ပါတယ်။ 86 meters မြင့်ပါတယ် တဲ့။ ဒါ နဲ့ နပတ တိုင်းဌာနချုပ် နေရာကို သွားပင်ထောက် ကြည့်လိုက်ပါတယ်။ 115 meters ပါ တဲ့။ ဒီ အချက်အလက်အရ နပတ တိုင်းဌာနချုပ်နေရာဟာ ညောင်ပင်သာရွာထက် 115 – 86 = 29 meter = 95 feet ၉၅ ပေ ပိုမြင့်ပါတယ် တဲ့။
လက်ရှိ မြေပုံက OpenStreetMap မြေပုံဖြစ်ပြီး အနိမ့်အမြင့် ကွန်တိုမျဉ်းတွေပါတဲ့ မြေပုံကြည့်မယ်ဆိုရင်တော့ OpenTopoMap ကို ပြောင်းလိုက်ပါတဲ့။
ဒါ ဆို ကွန်တိုလိုင်းတွေ ပါတဲ့ မြေပုံကို မြင်ရလာပါလိမ့်မယ် တဲ့။ ဒါ နဲ့ ကွန်တိုပြောင်းပြီး ပေါင်းလောင်းဆည်ဘောင်ကို ဘယ်လောက်မြင့်သလဲ သွားတိုင်းကြည့်တော့ 210 meter မြင့်ပါတယ် တဲ့။
နောက် အထက် ပေါင်းလောင်းဆည်ဘောင်ကို ဆက်သွားတိုင်း ကြည့်ပါတယ်။ 435 meter ရှိပါတယ် တဲ့။ ဒါဆို အထက် ပေါင်းလောင်းဆည် တာဘောင် နဲ့ ပေါင်းလောင်းဆည် တာဘောင်ဟာ 435 – 210 = 225 meter (738 feet) ပေ ၇၄၀ လောက် အနိမ့်အမြင့် ကွာပါတယ် တဲ့။
ဒါနဲ့ ရမည်းသင်း အရှေ့ဖက်က မိုးထိမိုးမိ လုပ်ကွက်နားကို သွားတိုင်းကြည့်ပါတယ်။ 1398 meter တဲ့။ အဲဒီတောင်ခြေ အစပ်ကိုတိုင်းကြည့်တော့ 260 meter တဲ့။ တောင်ခြေ နဲ့ မိုးထိမိုးမိ လုပ်ကွက်နဲ့ က 1398 – 260 = 1138 meter (3733 feet) ပေ သုံးထောင့်ခုနစ်ရာကျော် ကွာပါတယ် တဲ့။
မိုးတအား သည်းတာကြောင့် ပေ သုံးထောင့် ခုနစ်ရာကျော် က ရေတွေ အောက်ကို တဟုန်ထိုး ဆင်းလာတာ လို့ ယူဆ နိုင်ပါတယ်။ အဲဒီမှာ ဂဏန်း နှစ်ရာစီ ထည့်ပေါင်းပြီး တောင်ပေါ်ကရေတွေ ဘယ်လမ်းကြောင်းကနေ စီးလာသလဲ ကြည့်လိုက်ပါသေးတယ်။
အနောက်ဖက်ကို စီးလာတဲ့ ရေတွေက ဆင်သေမြစ်ထဲကို စီးဝင်သွားတာတွေ့ရပြီး အရှေ့ဖက်ကို စီးသွားတဲ့ရေတွေက အထက်ပေါင်းလောင်းဆည်ထဲကို စီးဝင်သွားတာ တွေ့ရပါတယ်။
ဒါ နဲ့ တောင်ငူ အဝင် စစ်တောင်းမြစ်ဘေးကို သွားတိုင်းကြည့်ပါတယ် 50 meter ပါတဲ့။
နောက် ညောင်လေးပင် မဒေါက် လမ်းခွဲနား သွားတိုင်းကြည့်ပါတယ် 15 meter ပါတဲ့။
ဒါနဲ့ သိမ်ဇရပ် ဟိုဘက်ကမ်းက ကျောက်ညှပ်ကို တိုင်းကြည့်ပါတယ် 10 meter ပါတဲ့။
သီလဝါ ဆိပ်ကမ်း ဂျပန်စက်မှုဇုန်ထဲ သွားတိုင်းကြည့်ပါတယ် 5 meter ပါ တဲ့။
ဒီ Flood Map dot Net နဲ့ စစ်တွေ ဘက် တိုင်းကြည့်လို့ ရသလား ရပါတယ်။ မြစ်ကြီးနားရော ရပါတယ်။ မြန်မာတနိုင်ငံလုံးမက ကမ္ဘာလုံး ပတ်တိုင်းကြည့်လို့ရပါတယ်။ ကိုကိုးကျွန်းမှာ ပင်လယ်ရေမျက်နှာ ပြင်ထက် 97 meter မြင့်တဲ့နေရာ ရှိတာတွေ့ရပါတယ်။ ကျောက်ဖြူအနားက မဒေးကျွန်းမှာ ပင်လယ်ရေမျက်နှာပြင်ထက် 80 meter မြင့်တဲ့နေရာ ရှိတာတွေ့ရပါတယ်။
ကွန်တိုမျဉ်းတွေကို ကြည့်နေကျ ဖြစ်သွားရင် မတ်စောက်တဲ့နေရာ ပြေပြစ်တဲ့ နေရာတွေကို ခဏ နဲ့ နားလည်သွားပါလိမ့်မယ်။ ငါ့ရွာက မြေနိမ့်မှာလား မိုးသည်းတဲ့အခါ ရေနူးပြီး အိဆင်းလာမယ့် မတ်စောက်တဲ့ တောင်စောင်းတွေ ရှိနေလား။
တောင်ကျ ချောင်းရေ နဲ့ ဆည်ရေတွေ ကျလာရင် ရေမြုတ်သွားနိုင်လား။ တောင်ကျချောင်းတွေက ဘယ်နားရှိနေသလဲ မိုးတအားကြီးလို့ တောင်ကျချောင်းလို ဖြစ်သွားနိုင်တဲ့ လျှောစောက်နေရာတွေမှာ ငါ့ရွာ ရှိနေတာလား။
ဆည်ဘောင်ကြီးက ဘယ်လောက်မြင့်သလဲ ငါ့ရွာက ဆည်အောက်ရောက်နေ သလား ဆည်အထက်မှာလား ငါရွာနဲ့ ဆည်ရေလွှတ်ပေါက် ကြားမှာ မြင့်တဲ့နေရာ ဘာရှိသလဲ ဆိုတာတွေ ဒါနဲ့ အလွယ်တကူ ရှာတွေ့နိုင်သွားပြီး ဖြစ်ပါတယ်။
ပြည်သူမှပြည်သူသို့
ပြည်သူမှာပြည်သူသာရှိတယ်
လိုရင်ယူပိုရင်လှူပြည်သူနဲ့အတူ
ပြည်သူသည်သာအဓိက
++++++++++ ++++++++++ ++++++++++
ပြည်သူသည်သာအဓိက
အမေစုကစက္ကန့်မလပ်တော်လှန်နေဆဲပါ
freedomfromfear
WhatsHappeningInMyanmar
Zaw Tun Oo



Leave a Reply