ဗူ​ဗူကို အမ်းနေတဲ့ဟာတွေထက် လုလုအောင် Only Fan တွေက ကုသိုလ်ရသေးတယ်

လေးကေ့ကော်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၄၀ လှူဒါန်းတဲ့ လုလုအောင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။

“ချစ်တဲ့ သွေးချင်းမောင်နှမများတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်” လို့ အလှူမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ လုလုအောင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့(ဩဂုတ်၁၄)မှာ မျှဝေထားပါတယ်။

ဒီအလှူငွေတွေက စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ရိက္ခာခြောက်တွေဝယ်ယူဖို့ လှူဒါန်းတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လုလုအောင်က ဖေဖော်ဝါရီကလည်း ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် ငွေကျပ်သိန်း ၃၀လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ပြိးခဲ့တဲ့နှစ် ၂၀၂၅ နိုဝင်ဘာတုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

လုလုအောင်ရဲ့ ပရိသတ်တွေကတော့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း နဲ့ အားပေးကျိုးနပ်တယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။

“ဒီနေ့ထိ ခုတ်မောင်းလာတဲ့ ခရီးရှည်ကြီး မင်းတို့ပေးတဲ့ တယောက်စီတိုင်းရဲ့ အချစ်ရဲ့ခွန်အားတွေကြောင့်သာပေါ့ ချစ်သောလေးတို့ရေ ချစ်တယ်နော်” လို့ လုလုအောင်ကလည်း ပရိသတ်တွေကိုကျေးဇူးစကားပြောထားပါတယ်။

အောင်ဇမ္ဗူကို အမ်းနေတဲ့ တချို့အမျိုးသမီးတွေထက်

လုလုအောင်ရဲ့ only fan video တွေကို အားပေးနေတဲ့ အမျိုးသားထုကတောင် ကုသိုလ် ရနိုင်သေးတယ်လေ

အခုလည်း လုလုအောင်က ကရင်စစ်ရှောင်တွေအတွက် သိန်း ၄၀ လှူဒါန်းတာ တွေ့မိတယ်

အရင်ကလည်း တခြားသော စစ်ရှောင်တွေအတွက် လှူပေးနေတာ တွေ့လိုက်မိသေးသလားပဲ

လုလုအောင်ရဲ့ only fan အမျိုးသားထုကြီး သာဓုခေါ်လို့ရအောင် တွေ့မိတဲ့သတင်း ပြောပြပေးတာပါနော့်


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ