📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အလင်းကို အစိုင်အခဲအဖြစ် ဖန်တီးနိုင်ပြီ

—

by

in

ပုံအညွှန်း – အလင်း၏ ပုံသဏ္ဍာန်သစ်ကို ရူပဗေဒပညာရှင်များ ဖန်တီး။

ITC

အီတလီရူပဗေဒပညာရှင်တွေဟာ အလင်းစွမ်းအင်ကို အသုံးပြုပြီး အရည်သဏ္ဍာန် ပုံဆောင်ခဲကို ပထမဆုံးအကြိမ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“အလင်းကို အစိုင်အခဲအဖြစ် အမှန်တကယ်ဖန်တီးနိုင်ခဲ့ပါပြီ၊ ဒါဟာ အင်မတန် ထူးခြားပါတယ်” လို့ အီတလီ အမျိုးသားသုတေသနကောင်စီမှ ရူပဗေဒပညာရှင် ဒီမစ်ထရီရော့စ် ထရွိုင်ပိုဂျော်ဂိုက ပြောကြားခဲ့ပါတယ်။

တကယ်တော့ သိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ဟာ ချဲ့ကားပြောသလို ဖြစ်နေပါတယ်။ အလွယ်ပြောရရင် သုတေသီတွေဟာ ကျဉ်းမြောင်းတဲ့ အချွန်အတက်ပုံစံငယ်တွေနဲ့ အထူးဖန်တီးထားတဲ့ တပိုင်းလျှပ်ကူးပစ္စည်းကို လေဆာနဲ့ထိုးလိုက်တဲ့ခါ ဒီလေဆာရောင်ခြည်ဟာ တပိုင်းလျှပ်ကူးပစ္စည်းနဲ့ အပြန်အလှန်ချိတ်ဆက်ပြီး ပိုလာရီတွန်လို့ခေါ်တဲ့ အရည်သဏ္ဍာန် ပုံဆောင်ခဲအမှုန်တွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အီတလီ အမျိုးသားသုတေသနကောင်စီမှ ဒန်နီရယ်လာဆန်ဗစ်တို လုပ်ဆောင်ခဲ့တဲ့ ယခင်သုတေသနအပေါ် အခြေခံပြီး အခုလို အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ အလင်းကို ထူးခြားတဲ့ကွမ်တမ်ပစ္စည်းတွေကိုဖွဲ့စည်းဖို့ အသုံးပြုနိုင်တယ်လို့ ဒန်နီရယ်လာ ဆန်ဗစ်တိုက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သက်သေပြခဲ့ပါတယ်။

အဆိုပါတပိုင်းလျှပ်ကူးပစ္စည်းမှာ အသုံးပြုခဲ့တဲ့အထူးပုံစံတွေဟာ အဲ့ဒီအမှုန်တွေရဲ့ ရွေ့လျားမှုနဲ့ စွမ်းအင်အဆင့်ကို ကန့်သတ်ရာမှာ အင်မတန်အရေးပါပြီး အရည်သဏ္ဍာန် အခဲကိုယ်ထည်ကို ပေါင်းစပ်ဖွဲ့စည်းနိုင်စေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ gallium-aluminum arsenide ကို တပိုင်းလျှပ်ကူးပစ္စည်းအဖြစ် အသုံးပြုခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ မိမိတို့ရဲ့ရလဒ်ကို အတည်ပြုရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီအခဲကိုယ်ထည်သစ်မှာ အစိုင်အခဲပုံသဏ္ဍာန်ရော၊ ပျစ်ခဲမှုမရှိတဲ့ အရည်ပုံစံနှစ်မျိုးစလုံး အမှန်တကယ် ရှိ၊ မရှိ သက်သေပြဖို့ ဒီဒြပ်ပစ္စည်းရဲ့ ဂုဏ်သတ္တိတွေကို တိတိကျကျ မှန်မှန်ကန်ကန် တိုင်းတာခဲ့ရပါတယ်။

ယခုချိန်အထိတော့ အက်တမ်တွေကို အလွန်အမင်းအေးခဲထားပြီး သေချာထိန်းချုပ်ထားတဲ့ လက်တွေ့စမ်းသပ်ခန်းတွေမှာသာ ဒီထူးဆန်းတဲ့ပစ္စည်းတွေကို ဖန်တီးနိုင်ပါသေးတယ်။ အေးခဲနေတဲ့ အခြေအနေမျိုးမှာသာ ကွမ်တမ်အကျိုးသက်ရောက်မှုတွေဟာ ပိုမိုထင်သာမြင်သာရှိလာပြီး လေ့လာရတာ ပိုလွယ်ပါတယ်။ ဒါပေမဲ့ ဒီဒြပ်ပစ္စည်းရဲ့ဂုဏ်သတ္တိတွေကို အပြည့်အဝနားလည်နိုင်ဖို့ လေ့လာဆန်းစစ်မှုနဲ့ တိုင်းတာမှုတွေ ထပ်မံလုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။

(ITC တွင် ဖော်ပြထားသော “Light has become solid: a scientific breakthrough in quantum physics” ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ဘာသာပြန်သူ – သက္ကောစ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်