Tag: Books


  • ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံ

    ️အခန်း (၁)️ “နင်ကြိုက်သလို လုပ်ပါကွာ… ငါ့ကို အသုံးပြုလို့… မိုက်မဲစွာ မီးတောက်ထဲ… ခုန်ဆင်းစွာ စတေးလိုက်တော့မယ်” ငြိမ်သက်နေသော iphone လေးထံမှ စည်သူလွင်ရဲ့ အပြင်းစားသီချင်းသံ ပေါ်ထွက်လာလျှင် အကြင်နာက display ပေါ် ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက် စုတ်သပ်လိုက်မိပြီးနောက် ဘေးမှာ စာဖတ်နေသော ဂင်္ဂါကို လက်လှန်းတို့လိုက်သည်။ ဂင်္ဂါက ဘာလဲဟူသော အကြည့်မျိုးဖြင့် မေးဆတ်ပြလျှင် “ဒီဇယားကို ရှင်းပေးစမ်းပါဦးဟာ …. နင်ဖြတ်မှ ပြတ်မှာမို့ပါ” “အခုမှ လာပြီး ရှင်းပေးပါ လုပ်မနေနဲ့… ကိုယ့်ဟာကိုယ်ပြော… ဒီဇယားစတုန်းက ငါပါခဲ့လို့လား” “ဪ ဂါဂါကလည်းဟာ… နင်မပါပေမယ့် သိတော့သိနေတာပဲမလားလို့… လုပ်ပါဟာ… ခပ်ကြမ်းကြမ်းလေး ပွဲသိမ်းလိုက်စမ်းပါ…” “လူမိုက်လုပ်ရမယ့် အခန်းဆို ငါ့ကိုခိုင်းပြီ… ကြင်နာစုတ်” ဂင်္ဂါ မျက်စောင်းတစ်ချက်ထိုးရင်း…

  • မမမူ

    မမမူ

    ပြုံး၍ကြည့်နေသော မူမူ၏ ပုခုံးနှစ်ဖက်ကိုသူ၏လက်နှစ်ဖက်က ဆုပ်ကိုင်လိုက်မိသည်။ ပြီးတော့ မူမူ၏ကိုယ်လုံးလေးကို သူ့ဖက်သို့ ဆွဲယူလိုက်ရာက မူမူ၏ ပါးဖေါင်းဖေါင်းလေး နှစ်ဖက်ကို ဘယ်ပြန်ညာပြန် နမ်းလိုက်သည်။ သူ၏အနမ်းကို ကျေနပ်စွာဖြင့် ခံယူနေသော မူမူက သူမ၏မျက်နှာလေးကို မော့၍ပေးထားရုံသာမက ကြည်နူးစွာဖြင့်ပင် သူမ၏မျက်လုံးလေးများကို မှေး၍ချထားပေးသေးသည်။ မူမူ၏ပါးပြင်လေးနှစ်ဖက်ကို နမ်းပြီးလိုက်ကာမှ ကျော်စွာ၏ကိုယ်တွင်းမှ သွေးသားများက လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ကျော်စွာ၏လက်နှစ်ဖက်က မူမူ၏ကိုယ်လုံးလေးကို ကျောမှသိုင်း၍ ဖက်လိုက်မိသည်။ ပြီးသည်နှင့် မူမူ၏မျက်နှာလေးကို တပ်မက်စွာ ကြည့်နေရင်းကပင် သူ၏မျက်နှာက ငုံ့၍ ဆင်းသွားပြီးလျှင် ထူထူလေးလုံးနေသော မူမူ၏နှုတ်ခမ်းလေးတွေကို ဖိကပ်ကာ စုပ်နမ်းလိုက်တော့သည်။ ရုတ်တရက်ခြောက်ခြားသွားရသော မူမူသည်ထိတ်လန့်တကြားပင် ကျော်စွာ၏ ကိုယ်လုံးကြီးကို အယောင်ယောင် အမှားမှားဖြင့် ပြန်ဖက်လိုက်မိသည်။ ဒီမျှအထိဖြစ်လိမ့်မည် မထင်ခဲ့မိသော မူမူတစ်ယောက် ရင်ထဲတွင် တုန်လှုပ်၍သွားရသည်…

  • တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ

    “မိုးထက်ရေ…. ဟဲ့ မိုးထက်” ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ကို အတင်းလှုပ်နေသည့် ခံစားချက်ကြောင့် မိုးထက်မြင့်တစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။ “ဟာ” “မေ… နင်မပြောမဆိုနဲ့ ငါ့အခန်းထဲ ဝင်လာပြန်ပြီ” ကုတင်ပေါ်ထိတက်ကာ လာနှိုးနေသည့် ငယ်သူငယ်ချင်းငရှုပ်မ လှလွန်းမေကို မြင်လိုက်ရသဖြင့် မိုးထက်မြင့်တစ်ယောက် ဆူပုတ်ပုတ်နှင့် ငေါက်လိုက်မိသည်။ ငေါက်သာငေါက်ရသည် ဒင်းလေးက ဘယ်တော့မှ အမှတ်မရှိ၊ မထင်ရင်မထင်သလို အခန်းထဲထိ ဇွတ်ဝင်ကာ လာလာရှုပ်တတ်သည်။ မိုးထက်မြင့်မိဘတွေကလည်း လှလွန်းမေကို သူတို့သမီးအရင်းတစ်ယောက်သဖွယ် ချစ်ကြသူများဖြစ်သည့်အလျှောက် ငတိမ ဘယ်လိုလာရှုပ်ရှုပ် ပြုံးပြုံး ပြုံးပြုံးနှင့်သာ ကြည့်နေတတ်သဖြင့် မေတစ်ယောက် ပိုပိုရောင့်တတ်လာသည်ဟုသာ မိုးထက်မြင့်ကထင်သည်။ “နင်က ကျောင်းတက်ချိန်နီးနေတာကို ထမှမထတာ။ အကောင်းနဲ့လည်း နှိုးရသေးတယ်” အဆူခံရသဖြင့် လှလွန်းမေတစ်ယောက် စိတ်ကောက်ကာ နှုတ်ခမ်းကိုဆူထားမိသည်။ “နင်ကလည်း…

  • အပျိုစင် အိပ်မက်

    ဇင်မာဝင့် တယောက် စာအုပ်ထည့်ထားတဲ့ ကချင်လွယ်အိပ်ကို ရင်ခွင်ပိုက်ပြီး ရင်တထိတ်ထိတ် ဖြင့် ကျွန်းလှေကား ကြီးအတိုင်း တက်လာသည်၊ ဒီနေ့ ကိုမောင့် အိမ်သို့ စာလာသင်ရမည်မှာ တခြားနေ့တွေနှင့် မတူ၊ ဟင်းလင်းပွင့် နေသည့် အိမ်ရှေ့ တံခါးကြီးသည် သူဝင်လာသည်နှင့် အလိုလို ဂျိုင်းကနဲ့ ပိတ်သွားသည်၊ သူက တံခါးပိတ်သံကြောင့် ရုတ်တရက် လန့်သွားပြီး ပါးစပ်က ဒေါ်ဒေါ်၊ ဒေါ်ဒေါ်၊ ဦးလေး၊ ဦးလေး၊ မညွန့်၊ မညွန့် ဆိုပြီး သူ့ ကို စာသင်ပေးနေသည့် ကိုမောင် အိမ်က အိမ်သားတွေကို အသံထွက်အောင် အော်ခေါ်နေသော်လည်း မည်သူကမှ မထူး။ အလိုလိုပိတ်သွားသော တံခါးကို ဆွဲဖွင့် ကြည့်သော်လည်း တံခါးက တုံ့တုံ့မျှ မလှုတ်။ ပါးစပ်က တကြော်ကြော်…

  • အောင်ဒင်

    အောင်ဒင်

    ,

    မြစ်ကြီးနားမြို့ရှိ ခြံဝန်းကျယ်ကြီး တစ်ခုတွင် ခန်းနားထယ်ဝါသော နှစ်ထပ် အဆောက်အဦး တစ်လုံးရှိသည်။ ထို အဆောက်အဦး၏ အပေါ်ထပ် ဧည့်ခန်းထဲတွင် အသက် 35 နှစ်အရွယ် အမျိုးသားတစ်ဦး Gold label ပုလင်းထောင်ကာ တစ်စုံတစ်ရာကို စောင့်နေသည်။ ထိုအမျိုးသားသည် ရင်အုပ်ကားကားနှင့် ယောက်ျားပီသသော မျက်နှာကို ပိုင်ဆိုင်သူ ဖြစ်သည်။ မေးရိုးကားကား ပေါ်တွင် နှုတ်ခမ်းမွှေး၊ မုတ်စိတ်မွှေးများသည် rhythm ကျကျနှင့် အလွန်ခန့်ညားသည်။ မျက်လုံးများက စူးရှပြီး နှုတ်ခမ်းဒေါင့်စွန်း တွန့်ရုံသာ ပြုံးတတ်သည့် သွေးအေးသော လူတစ်ယောက် ဖြစ်သည်။ သူ၏ နာမည်က အောင်ဒင်။ သူ၏ အရှေ့တည့်တည့်ရှိ အခန်းထဲတွင် အမျိုးသမီးငယ်လေး တစ်ဦး၏ ငိုရှိုက်သံ သဲ့သဲ့ကို ကြားနေရသည်။ ထို အခန်းထဲတွင် အပျိုပေါက်အရွယ်…