Tag: News

  • မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ယာဉ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲကားအပြာရောင်ဟာ မနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ ပညာရေးကောလိပ်ရှေ့ အရောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။ ဒေသခံတယောက်က “မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း နယူးစတား တည်းခိုခန်းအနီးမှာ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ ရဲကားပါ။ လမ်းမှာ တိုက်ခိုက်ခံရတာ၊ သေဆုံးမှုမရှိပါဘူး” လို့ ပြောပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို ဆိုင်ကယ် မောင်းလာတဲ့ လူငယ်…

  • ဟားခါးရှိ  မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကျောင်းသား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင် များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်သည် ဗန်ဟာကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ မရှိသော်လည်း ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ကျောင်းကို ဗုံးကြဲတာဆိုပေမယ့် ကျောင်းတည့်တည့် မထိဘဲ ကလေးတွေ သန့်ရှင်းရေးလုပ်တဲ့ ကျောင်းအနောက်ဘက်မှာ ကျပါတယ်။…

  • အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်က အရက်နဲ့ မူးယစ်ဆေးကြောင်ပြီး မိန်းမဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူထံက သိရပါတယ်။ အောက်တိုဘာ ၉ ရက်မှာ ရဲတပ်သား သန်းထိုက်အောင်ဟာ လုံခြုံရေး ဂျူတီ တာဝန်ထမ်းဆောင်ဖို့ မိန်းမဖြစ်သူက သတိပေးစကားပြောတဲ့ အချိန်မှာ ခါးကြားက သေနတ်ကို ထုတ်ပြီး မိန်းမဖြစ်သူ မသူဇာဝင်းရဲ့ နားထင်ကို သေနတ်နဲ့တေ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ရဲတပ်သားရဲ့ မိန်းမ မသူဇာဝင်းဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး သူ့မှာ လူမမည် ကလေးတယောက်လည်း ကျန်ရစ်ခဲ့တယ်လို့ ဒေါပုံ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက မသူဇာဝင်းရဲ့အလောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ…

  • ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။ “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။ ယခင်က စစ်ကောင်စီရဲ့…

  • ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေကြောင်း Chinland Defense Force-Hakhaနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်ဟာရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောင်းသား ၂…