Tag: News

  • ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း စစ်တွေလည်း AA နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်နေ ရခိုင်ပြည်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း AA က ယမန်နေ့ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။ AA က ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိကြောင်း…

  • တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လာကြည့် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များအသုံးပြုရန် ဆိုင်ကယ်များကို ဘေးတွဲများတပ်ဆင်နေကြောင်း သိရှိရသည်။ ပုသိမ်မြို့နယ် ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် ရှိသော အမှတ် ၁၀ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်းတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။ “ကမ်းခြေဘက်က ကားမရောက်နိုင်တဲ့ရွာတွေမှာ တိုက်ပွဲတွေအတွက်သုံးဖို့လို့ပြောတယ်။ ရိက္ခာ၊ ခဲယမ်းနဲ့ ဒဏ်ရာရသူတွေကို အမြန်သယ်ဖို့ ခုလိုလုပ်နေတာလို့သိရတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။ လက်ရှိတွင် ဆိုင်ကယ်ဘေးတွဲ အစီး ၃၀ နီးပါး ပြင်ဆင်ထားပြီး ဇန်နဝါရီ ၂၀ ရက်နေ့က အဆိုပါလုပ်ငန်းခွင်သို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက် လာရောက်ကြည့်ရှု့သွားကြောင်း သိရှိရသည်။ ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်မှ ငသိုင်းချောင်းမြို့နယ်ရှိစစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်၊ ရွှေသောင်ယံမြို့မှ မကျီးဇင်နှင့်ဘောမိကျေးရွာများကို၀င်ရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းရဟတ်ယာဥ်ကွင်းများတည်ဆောက်ခြင်း၊ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ကင်းလှည့်ခြင်းနှင့်…

  • စစ်ကောင်စီတပ်သားများ  ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    ဖာပွန်ရှိ စစ်ကောင်စီ၏ ကတိုင်တိစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းသို့ ထွက်ပြေးသွား၍ အဆိုပါစခန်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိ ဗျူဟာစခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ကတိုင်တိရွာအနီးရှိ အမှတ်(၁၀၁၃) BGF တပ်ရင်းသို့ ဆုတ်ခွာသွား၍ အဆိုပါစခန်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယခုအချိန်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ “ကတိုင်တိ စကစတပ်စခန်းကို ဒီလ ၂၃…

  • မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် မောင်တောမြို့ထဲတွင် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် အာရက္ခတပ်တော်က နေ့၊ ည မပြတ် ကင်းလှည့်နေသည်ကို ကွင်းဆင်းတွေ့ရှိခဲ့ရသည်။ ဘူးသီးတောင် ၊ မောင်တောတွင် အကြမ်းဖက် ARSA ၊ RSO ၊ ARA အဖွဲ့များသည် ပြည်သူများအား ခြုံခိုပစ်ခတ်ခြင်းနှင့် နေအိမ်များသို့ ဝင်ရောက်သတ်ဖြတ်ခြင်းများ ရှိနေသောကြောင့် အာရက္ခတပ်တော်က လုံခြုံရေး တင်းကြပ်စွာ ထားရှိခြင်းဖြစ်သည်ဟု မောင်တော ဒေသခံများက ပြောသည်။ ယခုလို အာရက္ခတပ်တော် AA က ပြည်သူများလုံခြုံရေးအတွက်နေ့ညမပြတ် ကင်းလှည့် စောင့်ရှောက်ပေးနေသည့် အတွက် လုံခြုံမှုရှိသည်ဟု ခံစားရကြောင်း မောင်တောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ ” အခုလို နေ့ရော့ ၊ ညဥ့်ပါ ကင်းလှည့်စောင့်ရှောက်ပေးတဲ့အတွက် အာရက္ခတပ်တော် AA…

  • လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    တော်လှန်ရေးအင်အားစုများက အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေးစိုးရိမ်နေရသည့်အတွက် ပြင်ဦးလွင်ရှိစစ်တက္ကသိုလ်ကို နေပြည်တော် ရေဆင်းတက္ကသိုလ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံက သိရသည်။ နေပြည်တော် ဇေယျသီရိမြို့နယ်အတွင်းရှိ ရေဆင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ရှိပြီး အဆိုပါတက္ကသိုလ်များကို ဧရာဝတီတိုင်းအတွင်းရှိ မအူပင်မြို့နယ်ကို ပြောင်းရွှေ့ရန် လျာထားကြောင်း အဆိုပါအစီအစဉ်ကို သိရှိသည့် အရာရှိကြီးအချို့ထံမှ သိရသည်။ “စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းဖို့ စီစဉ်နေတာပါ။ ဒီနှစ်အတွင်း နေပြည်တော် တက္ကသိုလ် သုံးခုက ကျောင်းသားတွေပြောင်းဖို့ကိစ္စ ကြိုတင်စီစဉ်ခိုင်းထားပါတယ်” ဟု နေပြည်တော်မှ သတင်းရင်းမြစ်က ပြောသည်။ လတ်တလောတွင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး ယခင်ကလည်း ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ “စစ်တက္ကသိုလ်ကို ပြောင်းဖို့ဆိုတာ စစ်ခေါင်းဆောင်တွေမှာ စဉ်းစားချက်က ရှိပြီးသား။ ဒါပေမယ့် ဘယ်နေရာကို…