Tag: News

  • အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ  ပစ္စည်းများပြောင်းရွှေ့

    အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့

    ချောင်းသာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် ဟိုတယ်ရှိ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို စတင် ပြောင်းရွှေ့ နေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးထံက သိရသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော ချောင်းသာ ကမ်းခြေရှိ အကြီးမားဆုံးဟိုတယ် အဇူရာ ( Azura beach Resort) အပါအဝင် အခြားဟိုတယ်အချို့မှ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်၍ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ်များနှင့်နီးစပ်သူထံက သိရသည်။ “မင်းအောင်လှိုင်ရဲ့သားပိုင်တဲ့ဟိုတယ်ပါ။ လက်ရှိတော့မပိတ်သေးဘူး။ ဒါပေမယ့် လူရှင်းတယ်။ ကားသုံးလေးစီးလောက်တော့တွေ့တယ်။ ချောင်းသာမှာဆို သူက အဓိကဟိုတယ်တစ်ခုပဲ။ ရှေ့မှာဆိုဆိုင်းဘုတ်ရှိတယ်။ ဘာသာရေးကိုင်းရှိုင်း သလိုလိုဘာလိုလို…

  • မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

    မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ် ၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲထားသော အင်အား ၅၆ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြန်လည်…

  • မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ် သတ်ဖြတ်ခဲ့ရာ လူ ဒါဇင်နဲ့ချီ သေဆုံးပြီး သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေ စာရင်းမကောက်နိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၆ရက် ဒီကနေ့ မနက် ၈နာရီကျော်အချိန် မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ၊ အနောက်ပိုင်းက စာသင်ကျောင်း၊ နေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးလာကြဲ ပြီးနောက် ရဟတ်ယာဉ် တစ်စီးနဲ့ နာရီဝက်ခန့်ကြာ ပစ်ခတ်…

  • ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ အိုးမြေဒူးကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော ရေတာရှည်မြို့ နယ်၊ အိုးမြေဒူးကျေးရွာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ယင်းအကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄…

  • ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။ မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက အမိန့်ချတာဖြစ်ပြီး အဲဒီထောင်မှာ ပဲ အကျဉ်းချထားတယ်လို့သိရပါတယ်။ ” ပုဒ်မတစ်ခုတည်းပဲပါပဲ၊ ထပ်တိုးစွဲထားတာမရှိတော့ဘူး”လို့ တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီ ခွဲမှာ မန္တလေး၊ ပြည်ကြီးတံခွန် ရဲစခန်းမှာ ဖမ်းဆီး…