Tag: News

  • ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထား

    ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ထားပြီး စစ်ရေးအရ ဗျူဟာကျတဲ့ ရိုးမပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်ရေကန်စခန်းကို အဖက်ဖက်ကပိတ်ဆို့ကာ အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ “(ကာကင်းစခန်းတွေအားလုံးရပြီးပြီဆိုတာ) ဟုတ်ပါတယ်။ ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတာတော့ မှန်ပါတယ်။…

  • သာပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကုန်ပစ္စည်းများ လုယက်ယူနေ

    သာပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကုန်ပစ္စည်းများ လုယက်ယူနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီကသိ ရပါတယ်။ စစ်တပ်က အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက် ရက်ညနေမှာ သာပေါင်းမြို့နယ်ထဲက ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ တပ်သားတွေက အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်စည်တွေကို လိုအပ်တာကြောင့် သိမ်းဆည်းတယ်ဆိုပြီး လုယက်ယူဆောင်နေတာလို့ သိရပါတယ်။ ဒေသခံတယောက်က “ဂိတ်မှာစောင့်နေတဲ့ စစ်ကောင်စီတပ်နဲ့ အရပ်ဝတ် ဝတ်ထားတဲ့သူတချို့က သိမ်းယူတာ။ ကုန်စည်တွေ များများဝယ်လာရင် ပိုသိမ်းယူတယ်။ အရပ်ဝတ်သမားတွေက ပျူစောထီးတွေက ဖြစ်မယ်ထင်တယ်။ သူတို့ (စစ်ကောင်စီ)တပ်က သိမ်းယူတဲ့ ပစ္စည်းကို အသာတကြည် မပေးရင် လူပါဖမ်းလို့ရတယ်ဆိုပြီး ပြောတာ” လို့ ပြောပါတယ်။ လုယက်ယူဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက…

  • မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မကွေးတိုင်း လွတ်မြောက်နယ်မြေ ဒေသတခုမှာ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲမှာ အာရက္ခတပ်တော် (AA) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသတွေမှာ စစ်ရေးအတွေ့အကြုံယူပြီး ပြန်လာတဲ့ တပ်မှူးတွေကိုယ်တိုင် သင်တန်းပို့ချပြီး သင်တန်းသား ဒုတိယအကြိမ်အယောက် ၈၀ နဲ့ ပထမအကြိမ် ၈၉ ယောက်ကို စစ်ပညာသင်ကြားပေးထားတယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တပ်ရင်းတာဝန်ခံ ရဲဘော်စိုင်းဝေလင်းက “ကျနော်တို့ တပ်ဖွဲ့ကို ၂၀၂၅ခု နှစ် ၁ လပိုင်း ၁ ရက်နေ့မှာ မကွေးတိုင်းထဲက လွတ်မြောက်တနေရာမှာ AA၊ KIA၊ KNU တိုင်းရင်းသားတပ်ဖွဲ့တွေမှာ စစ်ရေးအတွေ့အကြုံတွေယူပြီး ပြန်လာတဲ့ ဧရာဝတီတိုင်းသားတပ်မှူးတွေနဲ့ မြစ်ဝကျွန်ပေါ်ဒေသ…

  • ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်မှု လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ၊ တိုင်ကြားသော်လည်း ရဲက အရေးမယူဘဲ လွှတ်ပေးထား ရန်ကုန်တိုင်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် အုတ်လှကြီးလမ်းတွင် နာရေး ရက်လည်လုပ်နေသော အိမ်ကို လူမိုက် ပျူစောထီး ရက္ခကြီး(ခ) ကိုသိန်း ဆိုသူက အရက်မူးကာ ကားဖြင့် ဝင်တိုက်ခဲ့၍ ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ရဲက ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူမိုက်…

  • စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော စတားလင့်အင်တာနက်ကိစ္စ စက်ပိုင်ရှင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ အချေအတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်း စက်ပိုင်ရှင်သည် စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကို ချိုးဖောက်သောကြောင့် ဒဏ်ကြေးငွေဆောင်စေ၍ အရေးယူသွားမည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ၎င်းက “စည်းကမ်းစည်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ကြေးကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ စက်ပိုင်ရှင်ကိုတော့ သီးခြားခေါ်ယူစစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး” ဟု ပြောသည်။ စဉ့်ကူးမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအဖြစ် စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားရာတွင် အချက် ၇ ချက်ပါရှိပြီး လက်ရှိ စက်ပိုင်ရှင်သည် စည်းကမ်း (၁) Starlink Internet ကို အိမ်သုံးသီးသန့်အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူကို အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့်…