Tag: News

  • မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထားသွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့် အရာရှိငယ် ၅၀ ဝန်းကျင်ကို စစ်ကောင်စီ၏ ယန္တရားများအတွင်းသို့…

  • ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည် စစ်မှုထမ်းရမည့် အရေအတွက်စာရင်း အမြန်ဆုံးပြုစုပြီး သက်ဆိုင်သူများကို အသိပေးရန် အမိန့်ပေးညွှန်ကြား ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် ရယူတော့မည်ဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်မှုမထမ်းရန်အတွက် လူငယ်များက နိုင်ငံခြားသို့ ပုံစံမျိုးဖြင့် ထွက်ခွာလျက်ရှိကြောင်း၊ ယင်းသို့ ထွက်ခွာသွားသည့် လူငယ်အရေအတွက်မှာ သန်းချီရှိပြီး ယင်းလူငယ်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံတွင် စစ်မှုထမ်းရန် ရွှေ့ဆိုင်းခွင့်(သို့မဟုတ်)…

  • စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

    စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူပိုင် စက်လှေများထံမှ ဆက်ကြေးယူပြီး နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ ရာထူး အကြီးပိုင်းများနှင့် ပေါင်းပြီး ပြည်သူအပေါ် နှင့် ဧရာဝတီမြစ်အတွင်းသွားလာသော သစ်ဖောင်၊ ဝါးဖောင်များ စက်လှေများကို အမျိုးမျိုး ဒုက္ခပေးပြီး ဆက်ကြေးကောက်ယူနေသော ရှာရောင်းကျေးရွာမှ စစ်တပ် ဒေါက်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို မင်းကွန်းဒေသ လမ်းပိုင်းတစ်နေရာတွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးစဉ် ကားမောင်းလာသူသည် ဒေသပြည်သူဖြစ်သောကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက…

  • အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

    အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

    နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ယမန်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက ပြောကြားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းအား ယမန်နေ့ (ဇန်နဝါရီ ၂၇ရက်)ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။ ” အင်းတော်တိုက်ပွဲအခြေအနေကတော့ မနေ့ကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတယ်ပေါ့။ အရင်ကလည်း ကြိုကြားပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတာပါ။ ၂၀၂၄ ဒီဇင်ဘာထဲမှာတည်းကစခဲ့ကြတာ။ ဒီဇင်ဘာလထဲမှာ နဘားလမ်းဆုံတို့ ကျွန်တော်တို့…

  • ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

    ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

    ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ “တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်” ဟု ပြောသည်။ စစ်တွေမြို့မှာရှိသည့် တပ်ထိန်းတပ်ရင်းနှင့် ပါဒလိပ်က တပ်ရင်းများတွင် စစ်ကောင်စီက မွတ်ဆလင်များကို…