Tag: News

  • PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်

    PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်

    ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေ အနီးဆုံးရှိနေတဲ့ စစ်ကိုင်းနဲ့ မကွေးကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက်ကို စစ်ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။ မကြာသေးခင် တပ်ကအနားပေးခံရတဲ့ အဆင့်မြင့်တပ်အရာရှိကြီး အနည်းစုထဲက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရမှာပါ။ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေထဲကနှစ်ယောက် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် စစ်ကိုင်းမြို့နဲ့ မကွေးမြို့ဟာ တိုင်းအစိုးရအဖွဲ့ရုံးစိုက်တဲ့မြို့တွေဖြစ်ပြီး မြို့ပေါ်ကလွဲလို့ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်နဲ့ သက်ပုံတို့က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ “မဲဆန္ဒနယ်က သာမန်အားဖြင့် ကိုယ်တိုင် ရွေးခွင့်မရကြဘူး။ ကိုယ်ရေးမှတ်တမ်းနဲ့ တာဝန်ထမ်းဖူးတဲ့နေရာတွေကိုကြည့်ပြီး စစ်ခေါင်းဆောင်က သတ်မှတ်တာ” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့…

  • နတ်ရေကန်ဗျူဟာစခန်း အချိန်မရွေးသိမ်းပိုက်ခံရနိုင်သဖြင့် စစ်တပ်ခံစစ်ပြင်

    ရခိုင်နဲ့ မကွေးအစပ်၊ အမ်း-မင်းဘူးကားလမ်းပေါ်မှာရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ အချိန်မရွေး သိမ်းပိုက်ခံရနိုင်တာကြောင့် စစ်တပ်က ပဒါန်းမြို့နဲ့ ၅ မိုင်အကွာထိ ဆုတ်ပြီးခံစစ်ပြင်နေပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိပြီး ပဒါန်းတပ်နယ်အတွက်အရေးပါတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့အတွက် အချိန်မရွေးကျသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် အမ်း-မင်းဘူးလမ်းကနေ တပ်ကူမပို့နိုင်‌တော့တဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေချပေးနေသလို ကပစ-၁၄ ကနေတဆင့် မြေပြင်တပ်ကူပို့ဖို့ကြိုးစားနေကြောင်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ရေးရင်းမြစ်က ပြောပါတယ်။ ရှေ့တန်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က “မနေ့က မနက်ကိုပဲ Y12 နဲ့ ရိက္ခာလာချတယ်။ အင်အားတွေရှိတယ်၊ ဒါပေမဲ့ ခဲယမ်းရိက္ခာမရှိတော့ဘူး။ နောင်ဆိုတဲ့ နောင်ရွာဆိုတာ သူတို့…

  • ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် ရေးဘီလူးက ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ အနီးနားအထိ သွားရောက်၍ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ကျွန်တော်တို့ မနေ့တုန်းက ၁၃ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ၃၄၃ အာယုတောင်ဘက်ခြမ်းမှာ ရှိတဲ့ ၃၄၃ တပ်ကို လက်နက်ကြီး သွားပစ်တာပေါ့။ တပ်ထဲကိုတော့ ၆၀ အသီးတော့ ကျတယ်။ ၃ လုံးပစ်တယ် ၃ လုံး လုံးကွဲတယ်။ ကျွန်တော်တို့ တပ်အနီးနားအထိကို ဝင်ရောက်ပစ်ခတ်နိုက်ခဲ့တယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက…

  • ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    အာဏာသိမ်းစစ်တပ်ကို အားပေး ထောက်ခံခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင်နဲ့အဖွဲ့ကို စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှောက်နေသူတွေရော တပ်ထောက်ခံသူတွေကပါ ပွဲမငှားတော့လို့ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လူရွှင်တော်အသိုက်အဝန်း ဆီက သိရပါတယ်။ စစ်တပ်ကို ထောက်ခံပေမဲ့ စစ်တပ်ကပါ ပွဲမငှားလို့ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အောက်တိုဘာ ၁၁ ရက်က မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာ ပြုလုပ်တဲ့ လူရွှင်တော်ရွာစီမံကိန်း ပန္နက်ရိုက်ပွဲမှာ ဟာသပညာရှင်အစည်းအရုံးဥက္ကဋ္ဌ ဒိန်းဒေါင် ကိုယ်တိုင်က ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ “ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားတွေ ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာတွေ ဒါရိုက်တာတွေလည်း ရှိတယ်။ အခုက ဘယ်သူကားရိုက်ခေါ်မလဲ ဘယ်သူပွဲငှားမလဲ စောင့်ရတဲ့အနေအထား ဖြစ်နေပြီ။ ဥပမာ ကျနော် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောမယ်၊ တဖက်က မငှားရင် တဖက်ကတော့ ငှားသင့်တယ်။”…

  • ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    တစ်ရက်တည်းနဲ့ ဒေါ်လာ ဘီလီယံ ၇၇၀ ကျော် ဆုံးရှုံး ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ့် ကြေညာချက်တစ်ခုတည်းနဲ့ အမေရိကန် နည်းပညာလောကတစ်ခုလုံး သွေးပျက်သွားခဲ့ရပါတယ်။ Amazon, Nvidia နဲ့ Tesla အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ဘီလီယံ ၇၇၀ ဟာ နာရီပိုင်းအတွင်းမှာပဲ လေထဲတင် ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း အဆိုးရွားဆုံး ဈေးကွက်ပြိုလဲမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်သူတွေ အထိနာဆုံးလဲ? အထိအနာဆုံးကတော့ AI ချစ်ပ်ဘုရင် Nvidia ပါပဲ။ ကုမ္ပဏီရဲ့တန်ဖိုးဟာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၂၂၉ ဘီလီယံနီးပါး ထိုးကျသွားခဲ့ပြီး ဒါဟာ ကုမ္ပဏီကြီးတွေထဲမှာ အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ လွန်ခဲ့တဲ့…