Tag: News

  • ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဗန်းမော်မြို့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၂ နာရီခန့်တွင် ခေတ္တခဏ ငြိမ်သက်သွားကြောင်း သိရသည်။ “ဗန်းမော်မြို့ဘက်မှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေပါတယ် စစ်တပ်ကတော့ လေကြောင်းနဲ့ တိုက်ခိုက်ခုခံနေတာတွေ ရှိတယ်။ မွန်းလွဲ ၂ နာရီ လောက်မှာတော့…

  • စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်

    စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင်ဒဏ်ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်းမှတ်ပုံတင်မည်ဖြစ်​ပြီး တရားဝင်ကင်းလွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး ထွက်ပြေးသူ၊ တိမ်းရှောင်သူလူငယ်များနှင့် စစ်ထဲမဝင်စေရေး အားပေးသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၀ ခန်း ပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့များကို လုပ်ပိုင်ခွင့်တာဝန်များ အသီးသီးပေးအပ်လိုက်ကြောင်း သိရှိရသည်။ စစ်မှုထမ်းနည်းဥပဒေတွင် အခန်း…

  • ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။ ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂‌၆) လုံးနဲ့ ၈၁ မမ…

  • စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း…

  • မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။ CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။ ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို…