Tag: News

  • ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက ကျောင်းသား ၁၇ ဦးအား အဓမ္မပြု ကျင့်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသခံထံက သိရပါတယ်။ ကျောင်းသားတွေကို အဓမ္မပြုကျင့်သူဟာ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ယာယီကျောင်းအုပ်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။ အဓမ္မပြုကျင်ခံရတဲ့ ကျောင်းသားတွေထဲက ကျောင်းသားတဦးဖြစ်သူ အသက် ၁၁ နှစ်အရွယ် ၄ တန်း ကျောင်သားက နေအိမ်မှာရှိနေချိန် အနေအထိုင်မမှန်တာကြောင့် မိဘဖြစ်သူတွေက ခေါ်မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရတာကို သိရပြီးနောက် ဇန်နဝါရီ ၂၃ ရက် မနေ့ မနက်ပိုင်းမှာ ပဲခူးမြို့မရဲစခန်းမှာ အမှုဖွင်ခဲ့တာလို့ ဆိုပါတယ်။ “၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင်…

  • ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမြို့မှာ စစ်အုပ်စုက အသက် ၁၈ ကနေ ၅၀ နှစ်ကြား အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက်ရွေး ချယ်နေပြီး လက်ရှိမှာ အဲဒီလို ရွေးချယ်စုဆောင်းခံထားရသူ ၃၅၀ ခန့်ရှိနေပြီလို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ “ပေါ်တာဆွဲ မဲနှိုက်ခိုင်းထားတဲ့ မြို့ပေါ်ကလူထုကို အားလုံး ၃၅၀ ရပြီလို့ပြောတယ်။ မနေ့ကထိအောင်။ ဒီနေ့ နမခ ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို ပို့မယ်လို့ ကြားတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်စပြီး ကန့်ဘလူမြို့ပေါ်က အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက် စုဆောင်းနေတာဖြစ်ပြီး သုံးရက်အတွင်း အမျိုးသား ၃၅၀ခန့် အဓမ္မစုဆောင်းခံထားရတာလို့ဆိုပါတယ်။ ကန့်ဘလူမြို့ပေါ်မှာ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်၊ ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံး၊…

  • အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော် မာရဇ္ဇ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုတော် ဆုန်သင်းပါရ်က “နှမျောဝမ်းနည်းရပါတယ်။ ငါ့အစ်ကိုကြီး ဖျော်ဖြေပွဲခရီးများစွာ အတူသွားခဲ့ကြတယ်။ စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ် အမြဲဂရုစိုက်နေတတ်တဲ့သူ ကိုယ်ပိုင်ဟန်၊ အသံ သီချင်းကောင်းများစွာ ချန်ထားခဲ့ပေးလို့ ကျေးဇူးတင်တယ်နော်။ သွားနှင့်တော့ အစ်ကိုရေ” ဟု ဝမ်းနည်းကြောင်း ရေးသားထားသည်။ အဆိုတော် မာရဇ္ဇ ကွယ်လွန်သည့်အပေါ် ဂီတလောကမှ အနုပညာရှင်များစွာက ဝမ်းနည်းကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောကြားထားသည်ကို တွေ့ရသည်။ အဆိုတော် မာရဇ္ဇသည် ကိုယ်ပိုင်သံစဉ်သီချင်းများကို သီဆိုတန်ဖိုးထားသည့် အဆိုတော်တဦးဖြစ်ပြီး ၎င်းသီဆိုထားသော ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင် စသည့် သီချင်းများမှာ လူကြိုက်များကျော်ကြားသည်။

  • မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီးကို နေအိမ်အတွင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး…

  • ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

    ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

    စစ်ဆင်ရေးအသေးများပြုလုပ်ပြီး အာရုံလွှဲလုပ်ဆောင်ခဲ့ခြင်းဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ပြော မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဝါဇီဒေသရှိ လုံခြုံရေးနှင့်ဆိုင်‌သော ပုံနှိပ်လုပ်ငန်းများစက်ရုံ(လနစ) ခေါ် မြန်မာငွေစက္ကူထုတ်ဝေရေးအလုပ်ရုံ(ဝါဇီ)အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုCyrusက ပြောသည်။ ဇန်နဝါရီ ၁၉ရက်က အဆိုပါ ဝါဇီစက်ရုံ ပင်မအဆောက်အဦးအား အချိန် ၂နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အခြားစစ်ဆင်ရေးမစ်ရှင်များပြုလုပ်ကာ အာရုံလွှဲပြောင်းပြီး ပြုလုပ်ခဲ့ခြင်းဟု ကို Cyrus က ပြောသည်။ “ဒီဟာလုပ်ဖို့အတွက် အခြားမစ်ရှင်ပွဲအသေးတွေကို အာရုံလွှဲပြီး ပွဲကခဲ့တာ။ ဆိပ်ဖြူနယ်မှာ အခြားနေရာတွေ မစ်ရှင်လုပ်အပြီးမှာ သူတို့အဲဘက်အာရုံရောက်အောင်လုပ်ပြီး ပြင်ဆင်ခဲ့တာ။ နှစ်ပတ်လောက်အချိန်ယူ ပြင်ဆင်ခဲ့တယ်”ဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကို Cyrus က ပြောသည်။…