Tag: News

  • လောင်းလုံးမြို့၊ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကိုဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

    လောင်းလုံးမြို့၊ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကိုဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့၊ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင်လည်း လောင်းလုံးမြို့ပေါ်ရှိ အောင်သပြေ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှုသည် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၂ ဦးသည် ဒဏ်ရာ အခြေအနေ ပြင်းထန်ကာ သေဆုံးနိုင်ကြောင်း…

  • ဗုံးကြဲတိုက်ခိုက်မှုများ အလှည့်ရှိလာမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော် ပြော

    ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာများရှိ အရပ်သားများအား ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတဆင့် ယနေ့ ပြောသည်။ ၎င်းက “မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဟု ပြောထားသည်။ စစ်တပ်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့တွင် ယမန်နေ့ညပိုင်းကစတင်ကာ ယနေ့မွန်းလွဲပိုင်းအထိ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ကလေးငယ်အပါအဝင် အရပ်သား…

  • တနင်္သာရီ-မောတောင်လမ်း ၁၀ လနီးပါး တိုက်ပွဲများ၌ စစ်တပ်က ၁၀၀ ကျော်သေ

    တနင်္သာရီ-မောတောင်လမ်း ၁၀ လနီးပါး တိုက်ပွဲများ၌ စစ်တပ်က ၁၀၀ ကျော်သေ

    စစ်ရေးတင်းမာနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၉ လကျော်အတွင်း ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်းများစွာဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံး၊ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၂၀ ကျော်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာလပထမအပတ်အတွင်း တိုက်ပွဲပေါင်း ၃၀ လောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် KTLA( ထီးဆဲ့မဲ့ရွာတပ်ရင်း)ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။ “တိုက်ပွဲအငယ်တွေ၊ အကြီး‌တွေ အကုန်ပါတယ်။ အကြီးအကျယ်ဖြစ်တာက ၁၀ ကြိမ်ထက် မနည်းဘူး။ ကျနော်တို့ဘက်က သွားပစ်တာရှိသလို သူတို့ဘက်က ရှေ့တိုးလာလို့ ပစ်တာရှိမယ်။ အဲဒီပွဲတွေမှာ ဒီကောင်တွေ အထိများတယ်။ သူတို့ဘက်က မြေပြင်မှာ ရှေ့ဆက်မထိုးဖောက်နိုင်တော့ လေကြောင်းပစ်ကူနဲ့ လာတိုက်ခိုက်တာဖြစ်တယ်” နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်တဲ့ သိန်ခွန်းဒေသမှာ တိုက်ပွဲတွေ…

  • တောင်ကြီးတွင် လူသေအလောင်း စွန့်ပစ်မှုဖြင့် အမျိုးသား ၁ ဦးဖမ်းဆီးခံရ

    တောင်ကြီးတွင် လူသေအလောင်း စွန့်ပစ်မှုဖြင့် အမျိုးသား ၁ ဦးဖမ်းဆီးခံရ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လူသေအလောင်း စွန့်ပစ်သွားသူလို့ သံသယရှိတဲ့ အမျိုးသားတယောက်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ရဲက ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်အရွယ် ၃၀ ကျော်အရွယ် အမျိုးသားအလောင်းကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ကားတစီးက စွန့်ပစ်ခဲ့တာဖြစ်ပြီး အလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ Honda Fit အဖြူရောင်ကားကိုမောင်းနှင်သူ အမျိုးသားဟာ ဗိုလ်ချုပ်လမ်းပေါ်မှာ လူတယောက်ကိုတိုက်မိခဲ့ပြီး ကားနဲ့ တရွတ်တိုက်ပါလာခဲ့တာကြောင့် မြို့မရပ်ကွက်ထဲမှာ ပစ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုထားတယ်လို့ ဒေသခံတွေဆီက တဆင့်သိရပါတယ်။ ဒေသခံတယောက်က “ည ၁၁ နာရီပြန်လာချိန် Slow down လို့…

  • ကျောက်မဲ နှင့် နမ့်ဆန်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး အပါအဝင် ၇ ဦးသေဆုံး

    ကျောက်မဲ နှင့် နမ့်ဆန်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး အပါအဝင် ၇ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နဲ့ နမ့်ဆန်မြို့နယ်တို့မှာ စစ်တပ်က လေကြောင်းကနေ ထပ်ပြီးဗုံးကြဲတာကြောင့် ဘုန်းကြီးတပါးအပါအဝင် ပြည်သူ ၇ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲ-မိုင်းငေါ့ လမ်းမပေါ်က ၁၁ မိုင်ရွာ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “ညက ကျောက်မဲ-မိုင်းငေါ့ကြားက ၁၁ မိုင်ဘက် သိမ်ကျောင်းကို ဗုံးကြဲလို့ ဒဏ်ရာအပြင်းအထန်ရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူပြီ။” နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာမှာလည်း အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၃၅ မိနစ်ဝန်းကျင်လောက်မှာ လေကြောင်းနဲ့…