Tag: News

  • မန္တလေးမှာ အရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး

    မန္တလေးမှာ အရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး

    မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။ အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းမကြီးပေါ်၊ ၁၁၅ လမ်းနဲ့ ၁၁၇ လမ်းကြား၊ ကျွဲဆည်ကန်မီးပွိုင့်အကျော်မှာ အရပ်ဝတ်လူတစုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို တားဆီးခဲ့ကြောင်း သိမြင်လိုက်သူတွေက ပြောပါတယ်။ အဲဒီအချိန် ဖုန်းစစ်မယ်ဆိုလို့ ဆိုင်ကယ်စီးလာသူ အမျိုးသားက သူ့ရဲ့ iPhone 16 ဖုန်းကို ပေးလိုက်တဲ့အချိန် စစ်ဆေးသူတွေဟာ ဖုန်းကိုယူပြီးထွက်ပြေးသွားကြောင်း ဖြစ်စဥ်မြင်လိုက်ရသူတွေက ပြောပါတယ်။ “ဖုန်းစစ်မယ်ဆိုလို့ ဖုန်း Password တွေ ပြောပြီးမှ ဖုန်းကိုယူပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဥ်ကိုသိသူတဦးက ပြောပါတယ်။ ဖုန်းယူထွက်ပြေးသွားသူတွေဟာ စစ်အုပ်စုဝင်တွေ ဟုတ်၊မဟုတ် အတည်ပြုလို့ မရသေးပါဘူး။ အခင်းဖြစ်ရာနေရာဟာ စစ်ကောင်စီကင်းချထားတဲ့ ကမ္ဘာ့ရတနာဘဏ်နဲ့ မြဝတီဘဏ်တွေရဲ့ မနီးမဝေးမှာ…

  • ရွေးကောက်ပွဲ နီးလာချိန် တပ်မိသားစုများ လုံခြုံရေးအထူးဂရုစိုက်ရန် စစ်ခေါင်းဆောင် တိုက်တွန်း

    ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရာရှိ၊ စစ်သည်တွေသာမက မိသားစုဝင်တွေပါ လုံခြုံရေးအထူး ဂရုစိုက်ပြီး နေထိုင်ကြဖို့ အောက်တိုဘာ ၁၈ ရက်က ကိုကိုးကျွန်းတပ်နယ်မှာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။ ကိုကိုးကျွန်းဟာ နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နေရာဖြစ်သလို ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်လည်းဖြစ်လို့ အရာရှိ၊ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေပါ လုံခြုံရေး အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “မဖြစ်မနေ နိုင်ငံတော်ရဲ့အာဏာကို ရယူခဲ့ရပေမဲ့ ပြည်သူလူထု တောင့်တတဲ့ ရွေးကောက်ပွဲကို တပ်က ဦးဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဆန္ဒမဲပေးရာမှာလည်း နိုင်ငံ၏ အကျိုးကို အမှန်တကယ် သယ်ပိုးသူ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေးအပြင် ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်မဲပေးဖို့ လိုတယ်။” စစ်ခေါင်းဆောင်အနေနဲ့ စစ်တပ်ကနေ ရွေးကောက်ပွဲ…

  • ငလျင်ဘေး ပြန်လည်ထူထောင်ရေး ချေးငွေလျှောက်ထားနိုင်

    ငလျင်ဘေး ပြန်လည်ထူထောင်ရေး ချေးငွေလျှောက်ထားနိုင်

    စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသတွေကို ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေတရပ် ထားရှိထားပြီး ဒီရန်ပုံငွေကနေ ၃ နှစ်မှ ၅ နှစ်အထိ သက်တမ်းရှိတဲ့ ချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။ မန္တလေးဒေသခံတယောက်က “အမှန်တကယ် ထုတ်ချေး၊ မချေးတော့ မသိဘူး။ လျှောက်ကြည့်ရမှာပေါ့။ သူတို့က ဘယ်လောက်ထုတ်ချေးမလဲတော့ မသိဘူး။ ချွေးသိပ်ရုံလောက် ဆိုရင်တော့ မလျှောက်တော့ဘူး။ အရင်စုံစမ်းကြည့်မယ်” လို့ ပြောပါတယ်။ ချေးငွေထုတ်ချေးရာမှာလည်း နေအိမ်နဲ့ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ချေးငွေအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊…

  • စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

    စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

    စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက် စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ် ဂုဏ်သိက္ခာ ထိခိုက်စေရန် လုပ်ဆောင်ခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေခြင်း အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခေါ်ယူသတိပေးလိုက်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီများကို ထိုသို့ ခေါ်ယူစဉ် ၎င်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ…

  • ကရင်နီတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံး

    ကရင်နီတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံး

    ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်က လက်လွှတ်ထားရ​သော နယ်မြေများ ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်နွှဲစဉ် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် မိတ်ဆွေဖြစ်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကိုမူ တပ်ရင်းတပ်ဖွဲ့ထံသို့ ပြန်လည် သယ်ယူနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ “ကယားပြည်နယ်ဘက်မှာ ကျတာလို့ သိရတယ်။ သူက မြစ်ကြီးနားဇာတိပါ။ ဗိုလ်မှူးအပွင့်မတင်သေးဘူး။ ဒါပေမယ့် လစာတော့ စားနေပြီ” ဟု သေဆုံးသူ ဗိုလ်ကြီးအောင်မင်းသူ၏ အွန်လိုင်းမှ မိတ်ဆွေက ဆိုသည်။ သေဆုံးချိန်တွင် ဗိုလ်ကြီးအောင်မင်းသူထံတွင် မိန်းမဖြစ်သူ မေဖြူဖြူဇင်နှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။