Tag: News

  • အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ ရခိုင်ပြည်နယ်နှင့်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်ကြောင်း AA က ပြောဆိုထုတ်ပြန်လိုက်သည်။ စစ်ကောင်စီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း ၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။ ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့်…

  • စစ်တွေ၊ အမ်း၊ ဧရာ၀တီ၊ ရခိုင်ရိုးမတိုက်ပွဲများနှင့်စစ်ရေးအခြေအနေ AA ထုတ်ပြန်

    အမ်းမြို့နယ် ရိုးမပေါ်ရှိ ကံမြင်ကန်ပတ်ဝန်းကျင်တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေ၊ သုံ့ပန်းနဲ့ ရန်သူ့အလောင်းတချို့ AA သတင်းထုတ်ပြန် ရခိုင်ပြည်၊ အမ်းမြို့နယ် ရိုးမပေါ်ရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင် တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင် ပစ္စည်းတွေ သုံ့ပန်းနဲ့ရန်သူ့အလောင်းတချို့ကို အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲတွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီးမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့ အတူ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာ တစ်ပတ်ကျော်ခန့်…

  • အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်ကို အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကို ကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ကော့ကရိတ်အခြေစိုက် စကခ(၁၂)ကို ပို့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာ ဘားအံကနေ လုံခြုံရေးကိစ္စတွေ ဦးစီးနေတဲ့ ရတခ ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ပြဿနာဖြစ်လို့ ဘားအံကနေ ကော့ကရိတ်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီပြည်နယ်ဝန်ကြီးနဲ့ ထိုး ကြိတ်မှုကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို အရန်အင်အားအဖြစ် အနားပေးလိုက်ပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျွန်တော်ကြားတာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြဿနာဖြစ်လို့ ဒုတိုင်းမှူးကို ဘားအံကနေ…

  • မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

    မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

    မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ နှစ်ဖက်တပ်တွေ ဆက်လက်စစ်ဆိုင်ထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျုံလောင်းဒေသထဲကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကူတပ်တွေ ထပ်မံစေလွှတ်ပြီး ကျုံလောင်းဒေသရှိ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပါတယ်။ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုး စစ်ဆင်လာပါက တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအထိ ကျယ်ပြန့်လာနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ရေးအခြေစိုက် အမှတ် ၅၈၃ ၊ ၅၉၁ ခြေမြန်တပ်ရင်းတွေအ ပြင်…

  • ရန်ကုန်နှင့် ဧရာဝတီတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

    ရန်ကုန်နှင့် ဧရာဝတီတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

    ပြည်မြို့၊ သုံးပန်လှကျောင်းမှ စျေးသည် ကိုဇင်းရဲနောင်နှင့် ရေဦးမြို့နယ်မှ လူငယ် ၁၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်နှင့် ဧရာဝတီတွင်လည်း လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ ပဲခူးတိုင်း၊ ပြည်မြို့ သုံးပန်လှကျောင်းတွင် ဈေးရောင်းနေသည့် ကိုဇင်းရဲနောင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းနယ်မြေရှိ သုံးပန်လှကျောင်းတွင် စျေးရောင်းနေသည့် ကိုဇင်းရဲနောင် သည် ပြည်မြို့မှ ဈေးဝယ်ပြီး ပြန်လာစဉ် သရေခေတ္တရာ၊ မှော်ဇာသံလမ်းကုန်းတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်က ပေါ်တာဆွဲ…