Tag: News

  • စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။ တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။ ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့်…

  • မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့ ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။ ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန်…

  • ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    မြို့ပေါင်း ၆၀ ကျော်နဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အောင်မြင်တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၅ မှာတော့ စစ်ကောင်စီရဲ့ ခဲယမ်းအိုးလို့ ပြောဆိုကြတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့ အပါအဝင် ကပစ စက်ရုံတွေရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။ အာဏာသိမ်းပြီး ၄ နှစ်နီးပါး ရှိလာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၄ မြို့အထိ သိမ်းယူထားနိုင်ခဲ့ပါပြီ။ အဲဒီမြို့တွေထဲက မြို့ပေါင်း ၆၀ ကျော်ကိုတော့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာပဲ သိမ်းထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ မြို့ပေါင်း ၃၀ ကျော်ပဲ သိမ်းနိုင်ခဲ့တာဖြစ်ပြီး တနှစ်အတွင်း သိမ်းဆည်းနိုင်မှုက…

  • ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

    ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF အဖွဲ့ထံက သိရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်က ဥယျာဉ်ကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၄၀ ခန့်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ဥယျာဉ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ တပ်ဆုတ် အထိုင်ချခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ အကြမ်းဖက်…

  • ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ယခုနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်များ ထားရှိထားပြီး ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်ကပင် အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။ ယခု၂၀၂၅ ခုနှစ် သည် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမည့် နှစ်တစ်နှစ်ဟု SAF က ယုံကြည်ထားကြောင်း ထုတ်ပြန်သည်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ သင်ယူဆည်ပူးအတွေ့အကြုံယူရရှိခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံများကို “မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး” စစ်ဆင်ရေးရည်မှန်းချက်အတွက်…