Tag: News
-

စစ်တပ်မိသားစုတွေ ဗေဒင်၊ ယတြာတွေကို အားကိုးနေကြရ (ရုပ်/သံ)
နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ ဆိုးဆိုးဝါးဝါး ကျရှုံးမှုတွေ ကြုံလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ မိသားစုဝင် တွေဟာ ဗေဒင်တွေ၊ ယတြာတွေကို ပိုပြီး အားကိုးအားထား ပြုလာကြတယ်လို့ စစ်တပ် မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။ စစ်တပ်မိသားစုတွေဟာ စစ်အာဏာရှင် အဆက်ဆက် ဗေဒင်၊ ယတြာတွေကို အစွဲပြု သုံးစွဲခဲ့ကြတာတွေ ရှိခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကူကယ်ရာအဖြစ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေပြင်က အခြေအနေတွေ ပိုပြင်းထန်လာတဲ့ အတွက် တပ်နေရာတွေ မကျရေး၊ တပ်သားတွေ မကျရေး၊ စစ်မြေပြင် မထွက်ရရေးနဲ့ ပျောက်နေတဲ့ တပ်သားတွေ ပြန်ရှာတွေ့ရေး၊ ဘေးကင်းရေးတွေအတွက် ယတြာအစီအရင်တွေ လုပ်ဆောင်နေကြရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဗေဒင်၊ ယတြာ လောကီ အစီအမံတွေဟာ ကံ၊…
-

ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)
မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။ တပ်မ ၁၀၁ က အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်သားတွေဟာ ဒီဇင်ဘာ၂၄ ရက်မှာ ကမ္မမြို့၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးကာ ၂၆ ရက်မှာ ကမ္မမြိို့ပေါ်ကိုရောက်လာတာလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၆ ရက် မနက် ၇ နာရီခန့်မှာ ကမ္မမြို့ပေါ် စည်ပင်သာယာဈေးက ဈေးဆိုင်ခန်းတွေကိုဖောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတာလို့ ဆိုပါတယ်။ ဈေးဆိုင်ခန်းတွေကို ဖောက်ပြီး ကမ္မမြို့ရဲစခန်းကိုပြန်ချိန် မနက် ၈ နာရီခန့်မှာ ဒရုန်း ဗုံးသီး ၅၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ကမ္မဒေသ…
-

မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစုဝင်တွေကို ယောဒေသမှာ ဖမ်းမိ
မင်းတပ်မြို့က စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားဝင်တွေကို မကွေးတိုင်း ယောဒေသမှာ ဖမ်းဆီးရမိထား တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့ရှိ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၇၄ က နေစစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားစုဝင် ၁၂ ယောက်ကို နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာ ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ဆိုပါတယ်။ “ကျနော်တို့ ဖမ်းမိတာကတော့ ယောနယ်ထဲမှာပဲပေါ့နော်။ မင်းတပ်ကနေပြီးတော့မှ ဆင်းလာလို့ရှိရင် ယောနယ် ထဲ ရောက်တာဆိုတော့။ ဖမ်းမိတာက ကျနော်တို့ ၂၄ ရက်နဲ့ ၂၅ ရက်မှာပေါ့။ ၂၄ ရက်နေ့မှာ ကျနော်တို့ ၁၀ ယောက် ဖမ်းမိတယ်။ ၂၅ ရက်နေ့မှာ ၂ ယောက်ဖမ်းမိတယ် ။ တပ်မိသားစုဝင်တွေအပါအဝင်တွေပေါ့” လို့ ဗျူဟာအမှတ်…
-

တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ပြောဆိုသည်။ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ ထင်သာမြင်သာရှိကြောင်း ၎င်းက ရှင်းပြသည်။ “တော်လှန်ရေးအားကောင်းတဲ့အခြားဒေသများနည်းတူ…
-

ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး
မေမြို့မှာ ကလေးငယ်ကို အဓမ္မကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး မန္တလေးတိုင်း၊ မေမြို့၊ ပွဲကောက်ကျေးရွာမှာ ဒီဇင်ဘာလ ၂၄ရက် ညနေပိုင်းက အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဝိုင်းဖမ်းဆီးပြီး ရိုက်နှက်ရာက လက်လွန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာလ ၂၄ရက် ညနေ ၆ နာရီခွဲဝန်းကျင်အချိန် မေမြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီးမှာ အမျိုးသားတစ်ဦး သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားလို့ အလောင်းကို သယ်ယူကာ မေမြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဆိုပါတယ်။ “ပြင်ဦးလွင်မြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီး ၇ နှစ်အရွယ်…